• Local News
    ကြည့်မြင်တိုင်မြို့နယ်တွင် ပျောက်ဆုံးသွားသော မိန်းကလေးငယ်နှစ်ဦးကို ပြန်တွေ့
Aye Myat Mon
[Unicode Version]

ကြည့်မြင်တိုင်မှာ ပျောက်ဆုံးနေတဲ့မိန်းကလေးငယ်နှစ်ဦးကို ပြန်တွေ့ပြီလို့ ဇူလိုင်လ ၈ ရက်နေ့က လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ကနေပြီး သတင်းထုတ်ပြန်ပါတယ်။

36752683_615123495523407_3787907459943759872_n.jpg 

သူတို့နှစ်ယောက်ကို ကြည့်မြင်တိုင်မြို့မရဲစခန်းကနေ လူပျောက်မှုနဲ့ အမှုဖွင့်တိုင်ကြားထားတာဖြစ်ပြီးတော့ ပဲခူးမြို့က နန်းတော်ရာရပ်ကွက်မှာ ပြန်လည်တွေ့ရှိတယ်လို့ ဆိုပါတယ်။



ကြည့်မြင်တိုင်က အသက် ၁၄ နှစ်အရွယ် နဝမတန်းကျောင်းသူ နှစ်ဦး ပျောက်ဆုံးနေတာဟာဆိုရင် ဇူလိုင်လ ၆ ရက်ကနေ ပျောက်ဆုံးခဲ့တာဖြစ်ပြီး ငါးရက်အကြာမှာ ပြန်လည်တွေ့ရှိခဲ့တာဖြစ်ပါတယ်။

အသက် ၁၄ နှစ်အရွယ်ကျောင်းသူနှစ်ဦးက မ မြသက်ကေခိုင်နဲ့ မြသော်သော်ဟန်ဖြစ်ပြီးအတန်းဖော်နှစ်ဦးဖြစ်ကြပါတယ်။ မိဘတွေအနေနဲ့ လူမှုကွန်ယက်မှာ အပြင်းအထန်ရှာဖွေနေကြပြီးတော့ မြို့နယ် သုံးမြို့နယ်က ရဲစခန်းတွေမှာအမှုဖွင့်ထားတယ်လို့ သိရပါတယ်။

[Zawgyi Version]


 







ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs