• Local News
    ကန်တော်ကြီးမှာ တံတားကျိုးကျ
Aye Myat Mon
[Unicode Version]

ကန်တော်ကြီးတံတားပေါ်မှာ လေ့ကျင့်ခန်းပြုလုပ်နေကြစဉ်တံတားကျိုးကျမှု ဒီနေ့မနက် ၈ နာရီခန့်ကဖြစ်ပွားခဲ့ပါတယ်။

36773772_2111731632419079_2313269995510956032_n.jpg

ဓါတ်ပုံ- ထွန်းလင်း

ကန်တော်ကြီးရေကန်က တံတားပေါ်မှာ လေ့ကျင့်ခန်းပြုလုပ်နေတဲ့အချိန်မှာ တံတားကျိုးကျသွားတာကြောင် လေ့ကျင့်ခန်းပြုလုပ်နေသူတွေ ရေထဲကို ပြုတ်ကျခဲ့တယ်လို့ သိရပါတယ်။

တံတားကျိုးကျတာကြောင့် ရေထဲကို ပြုတ်ကျခဲ့သူတွေကို ပြန်လည်ဆယ်ယူနိုင်ခဲ့ပြီးတော့ အသက်အန္တရာယ်ထိခိုက်မိတာမျိုးမရှိဘူးလို့ သိရပါတယ်။

36791395_2111731699085739_1673100365513359360_n.jpg 

ကန်တော်ကြီးက သစ်သားတံတားဟာ ကြံ့ခိုင်မှုအားနည်းနေတာကြောင့် လက်ရှိမှာပြုပြင်မှုတွေပြုလုပ်နေတာဖြစ်ပြီးတော့ တံတားရဲ့ အချို့အစိတ်အပိုင်းတွေကို ဖြတ်သန်းခွင့်မပြုဘဲ ပိတ်ထားတာလည်း ဖြစ်တယ်လို့ သိရပါတယ်။

ကန်တော်ကြီတံတားဟာ ရွှေတိဂုံဘုရားကိုမြင်ရတာအပြင် ရန်ကုန်ရဲ့ အဓိကကျတဲ့ရှုခင်းများကိုပါ ကြည့်ရှုလို့ရတာကြောင့် မနက်ခင်းတွေမှာကန်တော်ကြီးပါတ်လမ်းတစ်လျှောက်နဲ့ ကန်တော်ကြီးတံတားမှာပါ ကိုယ်လက်လှုပ်ရှားသူတွေအများစု လာရောက်ကြတဲ့နေရာတစ်ခုလည်းဖြစ်ပါတယ်။

 

 

[Zawgyi Version]


ဓါတ်ပုံ- ထွန်းလင်း



 



 

 


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs