ဂူအတွင်း ပိတ်မိနေတဲ့ကလေးတွေကို ကယ်ထုတ်ဖို့ လမ်းကြောင်းရှာဖွေရေးမှာ တာချီလိတ်မြို့နယ်အတွင်း ဆက်စပ်နေတဲ့ထွက်ပေါက်တွေကို မြန်မာဘက်ကနေ ရှာဖွေပေးခဲ့ပါတယ်။
ထိုင်းနိုင်ငံ မယ်ဆိုင်ဂူအတွင်း ပိတ်မိနေတဲ့ကလေးတွ ကယ်ထုတ်ဖို့ လမ်းကြောင်းရှာဖွေရေးမှာ မြန်မာဘက်က ၅ ကြိမ်အထိ ရှာဖွေမှုတွေ လုပ်ဆောင်ပေးခဲ့ကြောင်း တာချီလိတ်သတင်းအေဂျင်စီမှာ ဖော်ပြထားပါတယ်။
Photo - Tachileik News Agency
မြန်မာဘက်တာချီလိတ်မြို့နယ်အတွင်း မယ်ဆိုင်ဂူနဲ့ ဆက်စပ်နေတဲ့ ထွက်ပေါက်ရှိနိုင်တာကြောင့် ရှာဖွေပေးဖို့ ထိုင်းနိုင်ငံက ဇွန်လ ၂၈ ရက်မှာ အကူအညီတောင်းခံခဲ့တယ်လို့သိရပါတယ်။
ထိုင်းနိုင်ငံရဲ့အကူအညီတောင်းခံမှုအရ ဒေသတွင်းတာဝန်ရှိသူတွေ၊ လူမှုရေးအဖွဲ့ တွေပူးပေါင်းပြီး ဇွန်လ ၂၈ ရက်က စတင်ကာ ဖြစ်နိုင်ချေရှိတဲ့ နေရာတွေကို ၃ ရက်ဆက်တိုက်ရှာဖွေပေးခဲ့ပေမယ့် မတွေ့တာကြောင့် ရှာဖွေမှု ရပ်နားခဲ့တယ်လို့သိရပါတယ်
Photo - Tachileik News Agency
“သူတို့ပြောလာတဲ့နေရာတွေမှာ ရှာဖွေပေးသလို ဒီဒေသက ဒေသကျွမ်းကျင်သူတွေ၊ နယ်မြေအကြောင်းသိတဲ့ လူကြီးတွေနဲ့ ရှာဖွေရေးအဖွဲ့တွေ ပူးပေါင်းပြီး ရှာဖွေပေးခဲ့ပါတယ်။ “ တာချီလိတ်ခရိုင်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌ၊ တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်က ပြောပါတယ်။
Photo - Tachileik News Agency
ထိုင်းနိုင်ငံဘက်က ပေးပို့တဲ့မြေပုံအရ မြန်မာဘက်ခြင်းကနေ ဇူလိုင် (၇) ရက်နဲ့ (၈) ရက်နေ့ အထိ ထပ်မံရှာဖွေပေးခဲ့ပြီး ထိုင်းဘက်ကလည်း ရှာဖွေနေရာ မယ်ဆိုင်ဂူပေါက်ကနေ တစ်ဆင့် ဇူလိုင် (၈) ရက် ညနေ ၅ နာရီကျော်မှာ ဂူထဲက လူငယ် (၄) ဦးကို ပထမဆုံးစတင်ကယ်ထုတ်လိုက်နိုင်ပြီး ဖြစ်ပါတယ်။
ပထမဆုံး လူငယ် ၄ ဦးကို ကယ်ထုတ်လိုက်ပြီးနောက် နောက်ထပ်ကလေးတွေကို ကယ်ထုတ်ဖို့ (၁၀)နာရီခန့်အချိန်ယူ ပြင်ဆင်ရမှာဖြစ်တယ်လို့ ချင်းရိုင်းခရိုင်အုပ်ချုပ်ရေးမှူးက သတင်းထုတ်ပြန်ထားကြောင်း တာချီလိတ်သတင်းအေဂျင်စီမှာ ဖော်ပြထားပါတယ်။
ဂူအတြင္း ပိတ္မိေနတဲ့ကေလးေတြကုိ ကယ္ထုတ္ဖုိ႔ လမ္းေၾကာင္းရွာေဖြေရးမွာ တာခ်ီလိတ္ၿမိဳ႕နယ္အတြင္း ဆက္စပ္ေနတဲ့ထြက္ေပါက္ေတြကုိ ျမန္မာဘက္ကေန ရွာေဖြေပးခဲ့ပါတယ္။
ထုိင္းႏုိင္ငံ မယ္ဆုိင္ဂူအတြင္း ပိတ္မိေနတဲ့ကေလးတြ ကယ္ထုတ္ဖုိ႔ လမ္းေၾကာင္းရွာေဖြေရးမွာ ျမန္မာဘက္က ၅ ႀကိမ္အထိ ရွာေဖြမႈေတြ လုပ္ေဆာင္ေပးခဲ့ေၾကာင္း တာခ်ီလိတ္သတင္းေအဂ်င္စီမွာ ေဖာ္ျပထားပါတယ္။
Photo - Tachileik News Agency
ျမန္မာဘက္တာခ်ီလိတ္ၿမိဳ႕နယ္အတြင္း မယ္ဆုိင္ဂူနဲ႔ ဆက္စပ္ေနတဲ့ ထြက္ေပါက္ရွိႏုိင္တာေၾကာင့္ ရွာေဖြေပးဖုိ႔ ထုိင္းႏုိင္ငံက ဇြန္လ ၂၈ ရက္မွာ အကူအညီေတာင္းခံခဲ့တယ္လုိ႔သိရပါတယ္။
ထုိင္းႏုိင္ငံရဲ ႕အကူအညီေတာင္းခံမႈအရ ေဒသတြင္းတာ၀န္ရွိသူေတြ၊ လူမႈေရးအဖြဲ႔ ေတြပူးေပါင္းၿပီး ဇြန္လ ၂၈ ရက္က စတင္ကာ ျဖစ္ႏိုင္ေခ်ရွိတဲ့ ေနရာေတြကုိ ၃ ရက္ဆက္တုိက္ရွာေဖြေပးခဲ့ေပမယ့္ မေတြ႕တာေၾကာင့္ ရွာေဖြမႈ ရပ္နားခဲ့တယ္လို႔သိရပါတယ္
Photo - Tachileik News Agency
“သူတုိ႔ေျပာလာတဲ့ေနရာေတြမွာ ရွာေဖြေပးသလုိ ဒီေဒသက ေဒသကၽြမ္းက်င္သူေတြ၊ နယ္ေျမအေၾကာင္းသိတဲ့ လူႀကီးေတြနဲ႔ ရွာေဖြေရးအဖြဲ႕ေတြ ပူးေပါင္းၿပီး ရွာေဖြေပးခဲ့ပါတယ္။ “ တာခ်ီလိတ္ခရိုင္စီမံခန္႔ခြဲမႈေကာ္မတီ ဥကၠဌ၊ တာခ်ီလိတ္ခရိုင္အုပ္ခ်ဳပ္ေရးမွဴး ဦးျမင့္ႏိုင္က ေျပာပါတယ္။
Photo - Tachileik News Agency
ထုိင္းႏုိင္ငံဘက္က ေပးပုိ႔တဲ့ေျမပံုအရ ျမန္မာဘက္ျခင္းကေန ဇူလုိင္ (၇) ရက္နဲ႔ (၈) ရက္ေန႔ အထိ ထပ္မံရွာေဖြေပးခဲ့ၿပီး ထုိင္းဘက္ကလည္း ရွာေဖြေနရာ မယ္ဆုိင္ဂူေပါက္ကေန တစ္ဆင့္ ဇူလုိင္ (၈) ရက္ ညေန ၅ နာရီေက်ာ္မွာ ဂူထဲက လူငယ္ (၄) ဦးကုိ ပထမဆံုးစတင္ကယ္ထုတ္လိုက္နိုင္ၿပီး ျဖစ္ပါတယ္။
ပထမဆံုး လူငယ္ ၄ ဦးကုိ ကယ္ထုတ္လုိက္ၿပီးေနာက္ ေနာက္ထပ္ကေလးေတြကုိ ကယ္ထုတ္ဖုိ႔ (၁၀)နာရီခန႔္အခ်ိန္ယူ ျပင္ဆင္ရမွာျဖစ္တယ္လို႔ ခ်င္း႐ိုင္းခ႐ိုင္အုပ္ခ်ဳပ္ေရးမႉးက သတင္းထုတ္ျပန္ထားေၾကာင္း တာခ်ီလိတ္သတင္းေအဂ်င္စီမွာ ေဖာ္ျပထားပါတယ္။
See stories of the future in your inbox each morning.
Copyright © 2018 Duwun.