• Local News
    ရိုက်တာသတင်းထောက်နှစ်ဦးကို နိုင်ငံတော်လျှို့ဝှက်ချက်များ ဥပဒေပုဒ်မ နဲ့စွဲချက်တင်ဖို့ တရားရုံးအမိန့်ချ
Aye Myat Mon
[Unicode Version]

ရိုက်တာသတင်းထောက်နှစ်ဦးကို နိုင်ငံတော်လျှို့ဝှက်ချက်ဥပဒေပုဒ်မ ၃ (၁) (ဂ) နဲ့စွဲချက်တင်ဖို့မြောက်ပိုင်းခရိုင်တရားရုံးကနေ ဇူလိုင်လ ၉ ရက်နေ့မှာ အမိန့်ချလိုက်ပါတယ်။

36828621_1052337364928359_7464454466670952448_o.jpg 

ရိုက်တာသတင်းထောက်နှစ်ဦးကို လျှို့ဝှက်စာရွက်စာတမ်းတွေတွေ့ရှိတယ်ဆိုတာ သိသာထင်ရှားလို့ ဆိုပြီး တရားသူကြီးက အဲ့ဒီပုဒ်မနဲ့ စွဲချက်တင်ဖို့ အမိန့်ချမှတ်လိုက်တာဖြစ်ပါတယ်။

‘ ကျွန်တော်တို့အပြစ်မရှိဘူးဆိုတာကို နောက်ထပ်ရုံးချိန်းတွေမှာထွက်ဆိုသွားမှာပါ” လို့ ကိုဝလုံးက အပြင်မှာစောင့်ဆိုင်းနေတဲ့သတင်းထောက်တွေကို ပြောပါတယ်။

 နောက်ထပ်ရုံးချိန်းကိုတော့ ဇူလိုင်လ ၁၆ ရက်နေ့နဲ့ ၁၇ ရက်နေ့တွေကိုချိန်းဆိုထားတယ်လို့ သိရပါတယ်။

နောက်ရုံးချိန်းတွေမှာ  ကိုဝလုံးနဲ့ ကျော်စိုးဦးအပြင် နောက်ထပ်လေးယောက်ကိုပါ တရားခံပြသက်သေအဖြစ်စစ်ဆေးမှာဖြစ်တယ်လို့ သိရပါတယ်။

“ သတင်းထောက်ကတော့သတင်းကိစ္စကိုပဲလုပ်တာပါ။သတင်းမီဒီယာဥပဒေကလည်း ကာကွယ်မပေးနိုင်တဲ့အတွက်တခြားသော တည်ဆဲဥပဒေတွေကလည်း သတင်းသမားတွေကို ခြိမ်းခြောက်နေတာတွေရှိတော့ ဥပဒေတစ်ခုမဟုတ်တစ်ခုနဲ့တော့ အရေးယူခံရနိုင်မှာတွေရှိတယ်။စာရွက်စာတမ်းတွေတွေ့တယ်ဆိုတာနဲ့ ယူတယ်ဆိုတာထင်ရှားလို့ဆိုပြီး အမိန့်ချလိုက်တာပေါ့”   လို့ စွပ်စွဲခံသတင်းထောက်နှစ်ဦးရဲ့ရှေ့နေ ဦးသန်းဇော်အောင်က ပြောပါတယ်။

ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ နှစ်ဦးကို အများဆုံးထောင်ဒဏ်၁၄ နှစ်အထိချမှတ်နိုင်တဲ့ နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေချိုးဖောက်မှုနဲ့ စွဲချက်တင်လိုက်တာဖြစ်ပြီးအဲံဒီပုဒ်မက အများဆုံးထောင်ဒဏ် ၁၄ နှစ်အထိချမှတ်နိုင်တယ်လို့ ဆိုပါတယ်။

အမှုကိုစွဲချက်တင်လိုက်တဲ့အတွက် အမှုကိုရင်ဆိုင်တဲ့အဆင့်ကို ရောက်ရှိလာပြီးတော့ စွပ်စွဲချံရသူတွေရဲ့ ရှေ့နေတွေဘက်က မျက်မြင်သက်သေတွေကို တင်သွင်းမယ်လို့ လည်း သိရပါတယ်။

ရိုက်တာသတင်းထောက်နှစ်ဦးကို ရခိုင်အရေးနဲ့ ပါတ်သတ်တဲ့ အရေးကြီးစာရွက်စာတမ်းတွေကို နိုင်ငံခြားသတင်းဌာနတွေကို ပေးဖို့ဖို့ ရည်ရွယ်တယ်ဆိုတဲ့စွပ်စွဲချက်နဲ့ပြီးခဲ့တဲ့ ဇန်နဝါရီလကတည်းက မြောက်ပိုင်းခရိုင်တရားရုံးမှာ ကြားနာမှုတွေပြုလုပ်နေတာဖြစ်ပတယ်။

 

[Zawgyi Version]

ရုိက္တာသတင္းေထာက္နွစ္ဦးကုိ ႏုိင္ငံေတာ္လွ်ိဳ႕၀ွက္ခ်က္ဥပေဒပုဒ္မ ၃ (၁) (ဂ) နဲ႔စြဲခ်က္တင္ဖုိ႔ေျမာက္ပိုင္းခရိုင္တရားရုံးကေန ဇူလုိင္လ ၉ ရက္ေန႔မွာ အမိန္႔ခ်လုိက္ပါတယ္။

 

ရိုက္တာသတင္းေထာက္နွစ္ဦးကုိ လွ်ိဳ႕၀ွက္စာရြက္စာတမ္းေတြေတြ႕ရိွတယ္ဆုိတာ သိသာထင္ရွားလုိ႔ ဆုိၿပီး တရားသူႀကီးက အဲ့ဒီပုဒ္မနဲ႔ စြဲခ်က္တင္ဖုိ႔ အမိန္႔ခ်မွတ္လုိက္တာျဖစ္ပါတယ္။

‘ ကၽြန္ေတာ္တုိ႔အျပစ္မရွိဘူးဆုိတာကို ေနာက္ထပ္ရုံးခ်ိန္းေတြမွာထြက္ဆုိသြားမွာပါ” လုိ႔ ကုိ၀လုံးက အျပင္မွာေစာင့္ဆုိင္းေနတဲ့သတင္းေထာက္ေတြကုိ ေျပာပါတယ္။

 ေနာက္ထပ္ရုံးခ်ိန္းကိုေတာ့ ဇူလုိင္လ ၁၆ ရက္ေန႔နဲ႔ ၁၇ ရက္ေန႔ေတြကုိခ်ိန္းဆုိထားတယ္လုိ႔ သိရပါတယ္။

ေနာက္ရုံးခ်ိန္းေတြမွာ  ကုိ၀လုံးနဲ႔ ေက်ာ္စိုးဦးအျပင္ ေနာက္ထပ္ေလးေယာက္ကိုပါ တရားခံျပသက္ေသအျဖစ္စစ္ေဆးမွာျဖစ္တယ္လုိ႔ သိရပါတယ္။

“ သတင္းေထာက္ကေတာ့သတင္းကိစၥကိုပဲလုပ္တာပါ။သတင္းမီဒီယာဥပေဒကလည္း ကာကြယ္မေပးနုိင္တဲ့အတြက္တျခားေသာ တည္ဆဲဥပေဒေတြကလည္း သတင္းသမားေတြကုိ ျခိမ္းေျခာက္ေနတာေတြရွိေတာ့ ဥပေဒတစ္ခုမဟုတ္တစ္ခုနဲ႔ေတာ့ အေရးယူခံရႏုိင္မွာေတြရွိတယ္။စာရြက္စာတမ္းေတြေတြ႔တယ္ဆုိတာနဲ႔ ယူတယ္ဆုိတာထင္ရွားလုိ႔ဆုိၿပီး အမိန္႔ခ်လုိက္တာေပါ့”   လို႔ စြပ္စြဲခံသတင္းေထာက္နွစ္ဦးရဲ႕ေရွ႕ေန ဦးသန္းေဇာ္ေအာင္က ေျပာပါတယ္။

ကုိ၀လုံးနဲ႔ ကုိေက်ာ္စိုးဦးတုိ႔ နွစ္ဦးကုိ အမ်ားဆုံးေထာင္ဒဏ္၁၄ နွစ္အထိခ်မွတ္ႏုိင္တဲ့ ႏုိင္ငံေတာ္လွ်ိဳ႕၀ွက္ခ်က္အက္ဥပေဒခ်ဳိးေဖာက္မႈနဲ႔ စြဲခ်က္တင္လုိက္တာျဖစ္ၿပီးအဲံဒီပုဒ္မက အမ်ားဆုံးေထာင္ဒဏ္ ၁၄ နွစ္အထိခ်မွတ္ႏုိင္တယ္လို႔ ဆုိပါတယ္။

အမႈကုိစြဲခ်က္တင္လုိက္တဲ့အတြက္ အမႈကုိရင္ဆုိင္တဲ့အဆင့္ကုိ ေရာက္ရွိလာၿပီးေတာ့ စြပ္စြဲခ်ံရသူေတြရဲ႕ ေရွ႕ေနေတြဘက္က မ်က္ျမင္သက္ေသေတြကုိ တင္သြင္းမယ္လုိ႔ လည္း သိရပါတယ္။

ရုိက္တာသတင္းေထာက္နွစ္ဦးကို ရခုိင္အေရးနဲ႔ ပါတ္သတ္တဲ့ အေရးႀကီးစာရြက္စာတမ္းေတြကုိ ႏုိင္ငံျခားသတင္းဌာနေတြကုိ ေပးဖုိ႔ဖုိ႔ ရည္ရြယ္တယ္ဆုိတဲ့စြပ္စြဲခ်က္နဲ႔ၿပီးခဲ့တဲ့ ဇန္န၀ါရီလကတည္းက ေျမာက္ပိုင္းခရုိင္တရားရုံးမွာ ၾကားနာမႈေတြျပဳလုပ္ေနတာျဖစ္ပတယ္။

 


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs