• Local News
    မြန်မာနိုင်ငံဟာ အရေးပေါ်အခြေအနေရောက်နေပြီလို့ ဒေါက်တာသန့်မြင့်ဦး သုံးသပ်
Mi Thawdar Aung
[Unicode Version]

မြန်မာနိုင်ငံဟာ အခုအခါ အရေးပေါ်အခြေအနေရောက်နေပြီး တကယ့်စိန်ခေါ်မှု ပဿနာတွေကို အတူတကွပူးပေါင်းဖြေရှင်းကြဖို့ လိုအပ်ပြီလို့ ဒေါက်တာသန့်မြင့်ဦး အနာဂတ် မြန်မာနိုင်ငံ၂၀၅၀ဆိုတဲ့ စကားဝိုင်းဆွေးနွေးပွဲမှာ သုံးသပ်ပြောကြားခဲ့ပါတယ်။

thant myint oo.jpg 

photo - Thant Myint-U Facebook

မြန်မာနိုင်ငံဟာ အရေးပေါ် အခြေအနေရောက်နေပြီလို့ သမိုင်းပညာရှင် ဒေါက်တာသန့်မြင့်ဦးက သုံးသပ်ပြောဆိုလိုက်ပါတယ်။

ဇွန်လ ၈ ရက်နေ့ က ယောမင်းကြီးဇရပ်စကားဝိုင်းမှာ အနာဂတ် မြန်မာနိုင်ငံ၂၀၅၀ဆိုတဲ့ စကားဝိုင်းဆွေးနွေးပွဲမှာ သုံးသပ်ပြောကြားခဲ့တာပါ။

 

tmo.jpg

photo - Thant Myint-U Facebook

ဟိုးရှေးအတိတ်ကြေးခေတ်က လယ်သမားတွေနဲ့ နှစ်ထောင်ချီကြာပြီဖြစ်တဲ့ ပုဂံကာလကလို မြန်မာတွေက တွေဝေဆိုင်းငံ့မနေဘဲ ပြင်ပက ဗဟုသုတတွေကို လက်ခံသင့်ကြောင်း၊ ပိုလို့ကြီးကျယ်စွာ၊တီထွင်ဖန်တီးမှုရှိစွာ တွေးခေါ်ကြဖို့ လိုအပ်ကြောင်း၊ ဒီလိုမှမဟုတ်ရင် လူတွေရဲ့ သက်တမ်းအတွင်းမှာ နိုင်ငံက ပျောက်ကွက်သွားနိုင်ပါကြောင်း ဒေါက်တာသန့်မြင့်ဦးက ဆိုပါတယ်။

လက်ရှိမှာ မြန်မာနိုင်ငံအနေနဲ့ အနာဂတ်စိန်ခေါ်မှုတွေကို ရင်ဆိုင်မယ့် စွမ်းရည်တွေ နေရာ၊ကဏ္ဍတိုင်းမှာ ရှိရဲ့လားဆိုတာ သံသယဖြစ်စရာဖြစ်နေကြောင်း ၊ ၂၁ ရာစုပြ ဿနာတွေ ရှေ့မှောက်ရောက်နေတဲ့အချိန်မှာ ၂၀ ရာစုက အဖြေတွေနဲ့ ငြင်းခုံနေကြဆဲပဲလို့ ပြောပါတယ်။

ခန့်မှန်းချက်တွေအရ ဆယ်စုနှစ်အတွင်းမှာ လူ ၅-၁၀ သန်းလောက်က ရန်ကုန်နဲ့ အခြားမြို့ကြီးတွေကို ရွှေ့ပြောင်းလာပြီး တီထွင်ဖန်တီးမှုနဲ့ ထုတ်လုပ်နိုင်စွမ်းရှိတဲ့ မောင်းနှင်အားတွေနဲ့ နေချင်စဖွယ် မြို့ပြကို ရမှာလား၊ ဒါမှမဟုတ် ရာဇဝတ်မှုတွေ၊ လူမှုရေး မငြိမ်မသက်မှုတွေနဲ့ ဒုက္ခဘုံ မြို့ပြမျိုးကို ရမှာလား ဆိုတာ ရွေးချယ်ရမှာ ဖြစ်ပြီး ခုလို စိန်ခေါ်မှုပြဿနာတွေကို မြန်မာပြည်သူတွေက သိရှိနားလည်ပြီး ရင်ဆိုင်ဖြေရှင်း ကြရမယ်လို့ ဒေါက်တာ သန့်မြင့်ဦးက ပြောပါတယ်။

[Zawgyi Version]

ျမန္မာႏုိင္ငံဟာ အခုအခါ အေရးေပၚအေျခအေနေရာက္ေနၿပီး တကယ့္စိန္ေခၚမႈ ပႆနာေတြကို အတူတကြပူးေပါင္းေျဖရွင္းၾကဖုိ႔ လုိအပ္ၿပီလုိ႔ ေဒါက္တာသန္႔ျမင့္ဦး အနာဂတ္ ျမန္မာႏိုင္ငံ၂၀၅၀ဆုိတဲ့ စကား၀ုိင္းေဆြးေႏြးပြဲမွာ သံုးသပ္ေျပာၾကားခဲ့ပါတယ္။

 

photo - Thant Myint-U Facebook

ျမန္မာႏုိင္ငံဟာ အေရးေပၚ အေျခအေနေရာက္ေနၿပီလုိ႔ သမုိင္းပညာရွင္ ေဒါက္တာသန္႔ျမင့္ဦးက သံုးသပ္ေျပာဆုိလုိက္ပါတယ္။

ဇြန္လ ၈ ရက္ေန႔ က ေယာမင္းႀကီးဇရပ္စကား၀ုိင္းမွာ အနာဂတ္ ျမန္မာႏိုင္ငံ၂၀၅၀ဆုိတဲ့ စကား၀ုိင္းေဆြးေႏြးပြဲမွာ သံုးသပ္ေျပာၾကားခဲ့တာပါ။

 

photo - Thant Myint-U Facebook

ဟုိးေရွးအတိတ္ေၾကးေခတ္က လယ္သမားေတြနဲ႔ ႏွစ္ေထာင္ခ်ီၾကာၿပီျဖစ္တဲ့ ပုဂံကာလကလုိ ျမန္မာေတြက ေတြေ၀ဆုိင္းငံ့မေနဘဲ ျပင္ပက ဗဟုသုတေတြကုိ လက္ခံသင့္ေၾကာင္း၊ ပုိလုိ႔ႀကီးက်ယ္စြာ၊တီထြင္ဖန္တီးမႈရွိစြာ ေတြးေခၚၾကဖုိ႔ လိုအပ္ေၾကာင္း၊ ဒီလုိမွမဟုတ္ရင္ လူေတြရဲ႕ သက္တမ္းအတြင္းမွာ ႏုိင္ငံက ေပ်ာက္ကြက္သြားႏိုင္ပါေၾကာင္း ေဒါက္တာသန္႔ျမင့္ဦးက ဆုိပါတယ္။

လက္ရွိမွာ ျမန္မာႏုိ္င္ငံအေနနဲ႔ အနာဂတ္စိန္ေခၚမႈေတြကုိ ရင္ဆုိင္မယ့္ စြမ္းရည္ေတြ ေနရာ၊က႑တုိင္းမွာ ရွိရဲ႕လားဆုိတာ သံသယျဖစ္စရာျဖစ္ေနေၾကာင္း ၊ ၂၁ ရာစုျပ ႆနာေတြ ေရွ႕ေမွာက္ေရာက္ေနတဲ့အခ်ိန္မွာ ၂၀ ရာစုက အေျဖေတြနဲ႔ ျငင္းခံုေနၾကဆဲပဲလုိ႔ ေျပာပါတယ္။

ခန္႔မွန္းခ်က္ေတြအရ ဆယ္စုႏွစ္အတြင္းမွာ လူ ၅-၁၀ သန္းေလာက္က ရန္ကုန္နဲ႔ အျခားၿမိဳ႔ႀကီးေတြကို ေရႊ႔ေျပာင္းလာၿပီး တီထြင္ဖန္တီးမႈနဲ႔ ထုတ္လုပ္ႏိုင္စြမ္းရွိတဲ့ ေမာင္းႏွင္အားေတြနဲ႔ ေနခ်င္စဖြယ္ ၿမိဳ႔ျပကို ရမွာလား၊ ဒါမွမဟုတ္ ရာဇဝတ္မႈေတြ၊ လူမႈေရး မၿငိမ္မသက္မႈေတြနဲ႔ ဒုကၡဘံု ၿမိဳ႔ျပမ်ဳိးကို ရမွာလား ဆိုတာ ေရြးခ်ယ္ရမွာ ျဖစ္ၿပီး ခုလို စိန္ေခၚမႈျပႆနာေတြကို ျမန္မာျပည္သူေတြက သိရွိနားလည္ၿပီး ရင္ဆိုင္ေျဖရွင္း ၾကရမယ္လုိ႔ ေဒါက္တာ သန္႔ျမင့္ဦးက ေျပာပါတယ္။


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs