• Local News
    သတင်းထောက်အမည်ခံ၍ ခြိမ်းခြောက်ငွေတောင်းခံသူ မှုခင်းသတင်းထောက်များအားဖမ်းစီး
Hmue Eain Zaw
[Unicode Version]

ခြိမ်းခြောက်ငွေကြေးတောင်းခံပြီး ဥပဒေမဲ့လုပ်ရပ်များ ပြုလုပ်ခဲ့သည့် နေပြည်တော်တိုင်း(မ်) သတင်းထောက်များအား တည်ဆဲဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်လိုက်တယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

36865280_2479386842086915_7136765199473704960_n.jpg

Photo - ပြည်ထဲရေးဝန်ကြီးဌာန





၂၀၁၈ ခုနှစ် ဇူလိုင်လ ၉ ရက် နေ့လည် ၁ နာရီ အချိန်ခန့်မှာ စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်၊ သရက်ကုန်းကျေးရွာ အုပ်ချုပ်ရေးမှူး၏နေအိမ်တွင် အမည် မသိအမျိုးသား(၄)ဦး သည် ၎င်းတို့ကနေပြည်တော်မှ မော်လိုက်ခရိုင်တွင် တာဝန်ပေး ထားသော စစစ၊ ဒ/န၊ SB၊ မီဒီယာအဖွဲ့ ပေါင်းစုံဖြစ်ကြောင်းဖြစ်ကြောင်း၊ ကျေးရွာအတွင်း၌ သစ်စက်လုပ်ကိုင်သူအမည်စာရင်း(၁၀)ဦးရှိပြီး အဆိုပါလူ(၁၀)ဦး၏ မှတ်ပုံတင်များကို ဓာတ်ပုံ ရိုက်ပြီး တစ်ဦးလျှင် (၁)သိန်းခွဲနှုန်းဖြင့် (၁၅)သိန်းတောင်းခံခဲ့တယ်လို့ မျက်မြင်သက်သေတွေက ဆိုပါတယ်။



အဆိုပါငွေကို မပေးပါက ဖမ်းဆီးပြီး ရိုက်ပုတ်နှိပ်စက်မည်ဖြစ်ကြောင်း ခြိမ်းခြောက် ပြောဆိုခဲ့သည့်အတွက် အုပ်ချုပ်ရေးမှူး ဦးထိန်လင်း မှ ကျေးရွာရှိတာဝန်ရှိသူများနှင့်တိုင်ပင်၍ ကျေးရွာစာသင်ကျောင်းအုတ်တံတိုင်းခတ်ရန် စုဆောင်း ထားသည့်ငွေ(၁၀)သိန်းအား ပေးအပ်ခဲ့ရတယ်လို့ ဒေသခံတွေကပြောပါတယ်။

 

36930983_2479386845420248_3752906272505069568_n.jpg

Photo - ပြည်ထဲရေးဝန်ကြီးဌာန



ရဲတပ်ဖွဲ့မှ စုံစမ်းစစ်ဆေးဖော်ထုတ်ချက်အရ ခြိမ်းခြောက်ငွေတောင်းယူသူတွေကတော့ နေပြည်တော်တိုင်း(မ်)မှုခင်းသတင်းထောက်(မော်လိုက်ခရိုင်တာဝန်ခံ)လို့ ဆိုသူတွေဖြစ်ကြတဲ့ မောင်ဆန်း၊ ၃၆ နှစ် (ဖ)ဦးညွန့်၊ ရှောက်တောကျေးရွာ၊ ပွင့်ဖြူမြို့နယ်၊ အောင်ဖြိုးဝေ၊ ၂၁ နှစ် (ဖ)ဦးညွန့်၊ ရှောက်တောကျေးရွာ၊ ပွင့်ဖြူမြို့နယ်၊ မောင်စိုး၊ ၅၄ နှစ် (ဖ)ဦးအောင်ရှိန်၊ ကံကြီးကျေးရွာ၊ ကလေး မြို့နယ်နှင့် ကီးအောင်မင်း၊ ၄၆ နှစ်(ဖ)ဦးလေဟာကီး၊ ကြံသာကျေးရွာ၊ ကလေးမြို့နယ်နေသူတို့ဖြစ်ကြပါတယ်။



၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁၇ ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာမျှားမှာ“ နိုင်ငံတော် လုံခြုံရေးအဖွဲ့အစည်းများရဲ့အသွင်သဏ္ဍာန်ဖြင့် ယူနီဖောင်းများ ဖန်တီးဝတ်စားဆင်ယင်ခြင်း မပြုကြရန်နှင့် ဝတ်ဆင်ကြောင်းတွေ့ရှိပါက တရားဥပဒေနှင့်အညီ အရေးယူဆောင်ရွက် သွားမည်ဖြစ် ကြောင်း” ပြည်ထဲရေးဝန်ကြီးဌာနအနေဖြင့် ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။



ဒါ့အပြင်၂၀၁၈ ခုနှစ်၊ ဇွန်လ ၁၆ ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာများတွင်လည်း မှုခင်းသတင်း ထောက်များအပါအဝင်သတင်းထောက်အသင်းဝင်များအနေဖြင့်နိုင်ငံတော်လုံခြုံရေးအဖွဲ့အစည်းများနှင့်အသွင်သဏ္ဍာန်တူသော ဝတ်စုံများဝတ်ခြင်းနှင့်ဥပဒေမဲ့ငွေကြေးတောင်းခံခြင်း၊ ဥပဒေမဲ့လုပ်ရပ်များ လုပ်ကိုင်ခြင်းတို့အပေါ် စိစစ်တွေ့ရှိပါက တည်ဆဲဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း ထပ်မံကြေညာထားပြီးဖြစ်ပါတယ်။

[Zawgyi Version]

ၿခိမ္းေျခာက္ေငြေၾကးေတာင္းခံၿပီး ဥပေဒမဲ့လုပ္ရပ္မ်ား ျပဳလုပ္ခဲ့သည့္ ေနျပည္ေတာ္တိုင္း(မ္) သတင္းေထာက္မ်ားအား တည္ဆဲဥပေဒမ်ားႏွင့္အညီ အေရးယူေဆာင္႐ြက္လုိက္တယ္လုိ႔ ျပည္ထဲေရး၀န္ၾကီးဌာနက သတင္းထုတ္ျပန္ပါတယ္။

Photo - ျပည္ထဲေရး၀န္ၾကီးဌာန





၂၀၁၈ ခုႏွစ္ ဇူလိုင္လ ၉ ရက္ ေန႔လည္ ၁ နာရီ အခ်ိန္ခန္႔မွာ စစ္ကိုင္းတိုင္းေဒသႀကီး၊ ေဖာင္းျပင္ၿမိဳ႕နယ္၊ သရက္ကုန္းေက်းရြာ အုပ္ခ်ဳပ္ေရးမႉး၏ေနအိမ္တြင္ အမည္ မသိအမ်ိဳးသား(၄)ဦး သည္ ၎တုိ႔ကေနျပည္ေတာ္မွ ေမာ္လိုက္ခ႐ိုင္တြင္ တာဝန္ေပး ထားေသာ စစစ၊ ဒ/န၊ SB၊ မီဒီယာအဖြဲ႕ ေပါင္းစုံျဖစ္ေၾကာင္းျဖစ္ေၾကာင္း၊ ေက်း႐ြာအတြင္း၌ သစ္စက္လုပ္ကိုင္သူအမည္စာရင္း(၁၀)ဦးရွိျပီး အဆိုပါလူ(၁၀)ဦး၏ မွတ္ပုံတင္မ်ားကို ဓာတ္ပုံ ႐ိုက္ၿပီး တစ္ဦးလွ်င္ (၁)သိန္းခြဲႏႈန္းျဖင့္ (၁၅)သိန္းေတာင္းခံခဲ့တယ္လုိ႔ မ်က္ျမင္သက္ေသေတြက ဆုိပါတယ္။



အဆုိပါေငြကုိ မေပးပါက ဖမ္းဆီးၿပီး ႐ိုက္ပုတ္ႏွိပ္စက္မည္ျဖစ္ေၾကာင္း ၿခိမ္းေျခာက္ ေျပာဆိုခဲ့သည့္အတြက္ အုပ္ခ်ဳပ္ေရးမႉး ဦးထိန္လင္း မွ ေက်း႐ြာရွိတာဝန္ရွိသူမ်ားႏွင့္တိုင္ပင္၍ ေက်း႐ြာစာသင္ေက်ာင္းအုတ္တံတိုင္းခတ္ရန္ စုေဆာင္း ထားသည့္ေငြ(၁၀)သိန္းအား ေပးအပ္ခဲ့ရတယ္လုိ႔ ေဒသခံေတြကေျပာပါတယ္။

 

Photo - ျပည္ထဲေရး၀န္ၾကီးဌာန



ရဲတပ္ဖြဲ႕မွ စုံစမ္းစစ္ေဆးေဖာ္ထုတ္ခ်က္အရ ၿခိမ္းေျခာက္ေငြေတာင္းယူသူေတြကေတာ့ ေနျပည္ေတာ္တိုင္း(မ္)မႈခင္းသတင္းေထာက္(ေမာ္လိုက္ခ႐ိုင္တာဝန္ခံ)လုိ႔ ဆုိသူေတြျဖစ္ၾကတဲ့ ေမာင္ဆန္း၊ ၃၆ ႏွစ္ (ဖ)ဦးၫြန္႔၊ ေရွာက္ေတာေက်း႐ြာ၊ ပြင့္ျဖဴၿမိဳ႕နယ္၊ ေအာင္ၿဖိဳးေဝ၊ ၂၁ ႏွစ္ (ဖ)ဦးၫြန္႔၊ ေရွာက္ေတာေက်း႐ြာ၊ ပြင့္ျဖဴၿမိဳ႕နယ္၊ ေမာင္စိုး၊ ၅၄ ႏွစ္ (ဖ)ဦးေအာင္ရွိန္၊ ကံႀကီးေက်း႐ြာ၊ ကေလး ၿမိဳ႕နယ္ႏွင့္ ကီးေအာင္မင္း၊ ၄၆ ႏွစ္(ဖ)ဦးေလဟာကီး၊ ႀကံသာေက်း႐ြာ၊ ကေလးၿမိဳ႕နယ္ေနသူတုိ႔ျဖစ္ၾကပါတယ္။



၂၀၁၈ ခုႏွစ္၊ ဇန္နဝါရီလ ၁၇ ရက္ေန႔ထုတ္ ႏိုင္ငံပိုင္သတင္းစာမွ်ားမွာ“ ႏိုင္ငံေတာ္ လုံၿခဳံေရးအဖြဲ႕အစည္းမ်ားရဲ႕အသြင္သ႑ာန္ျဖင့္ ယူနီေဖာင္းမ်ား ဖန္တီး၀တ္စားဆင္ယင္ျခင္း မျပဳၾကရန္ႏွင့္ ၀တ္ဆင္ေၾကာင္းေတြ႕ရွိပါက တရားဥပေဒႏွင့္အညီ အေရးယူေဆာင္႐ြက္ သြားမည္ျဖစ္ ေၾကာင္း” ျပည္ထဲေရး၀န္ႀကီးဌာနအေနျဖင့္ ေၾကညာခ်က္ထုတ္ျပန္ခဲ့ပါတယ္။



ဒါ့အျပင္၂၀၁၈ ခုႏွစ္၊ ဇြန္လ ၁၆ ရက္ေန႔ထုတ္ ႏိုင္ငံပိုင္သတင္းစာမ်ားတြင္လည္း မႈခင္းသတင္း ေထာက္မ်ားအပါအဝင္သတင္းေထာက္အသင္းဝင္မ်ားအေနျဖင့္ႏိုင္ငံေတာ္လုံၿခဳံေရးအဖြဲ႕အစည္းမ်ားႏွင့္အသြင္သ႑ာန္တူေသာ ဝတ္စုံမ်ားဝတ္ျခင္းႏွင့္ဥပေဒမဲ့ေငြေၾကးေတာင္းခံျခင္း၊ ဥပေဒမဲ့လုပ္ရပ္မ်ား လုပ္ကိုင္ျခင္းတို႔အေပၚ စိစစ္ေတြ႕ရွိပါက တည္ဆဲဥပေဒႏွင့္အညီ အေရးယူေဆာင္႐ြက္သြားမည္ ျဖစ္ေၾကာင္း ထပ္မံေၾကညာထားျပီးျဖစ္ပါတယ္။


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs