• Local News
    လုပ်ငန်းတစ်ခုတည်ထောင်ချင်တဲ့ အသေးစား၊အလတ်စားလုပ်ငန်းရှင်တွေအတွက် စွန့်ဦးတီထွင်ပွဲလုပ်မယ်
Aye Myat Mon
[Unicode Version]

ကိုယ်ပိုင်လုပ်ငန်းတစ်ခု တည်ထောင်ချင်တဲ့ အသေးစား၊အလတ်စားလုပ်ငန်းရှင်တွေအတွက် စွန့်ဦးတီထွင်ပွဲတော် (Entrepreneur Carnival 2018) ကို သြဂုတ်လ ၃ ရက်ကနေ ၅ ရက်နေ့အထိ တပ်မတော်ခန်းမမှာ ပြုလုပ်မှာဖြစ်ပါတယ်။

27368968_1023958007745417_1955012992885212052_o.jpg

Photo : Global New Light of Myanmar

တတိယအကြိမ်မြောက်ကျင်းပတဲ့အဲ့ဒီ ပွဲတော်ကို မြန်မာနိုင်ငံစွန့်ဦးတီထွင်လုပ်ငန်းရှင်အသင်းက ပြုလုပ်တာဖြစ်ပါတယ်။

စွန့်ဦးတီထွင်လိုသူတွေအတွက် ဈေးကွက်ချိတ်ဆက်ပေးနိုင်ဖို့ ၊ ငွေကြေးအရင်းအနှီးတွေ ချိတ်ဆက်ပေးနိုင်ဖို့ ရည်ရွယ်တာဖြစ်ပြီးတော့ လုပ်ငန်းစတင်တည်ထောင်လိုတဲ့သူတွေအတွက် မြေတောင်မြှောက်ပေးဖို့နဲ့ လူမှုစီးပွားရေးလုပ်ငန်းတွေ၊ နည်းပညာအခြေခံတဲ့စီးပွားရေးလုပ်ငန်းတွေန့ ကုန်ထုတ်လုပ်မှု၊ ဝန်ဆောင်မှုကို အခြေခံတဲ့ စီးပွားရေးလုပ်ငန်းတွေ ပေါ်ပေါက်လာဖို့ ရည်ရွယ်တယ်လို့ သိရပါတယ်။

စီးပွားရေးလုပ်ငန်းစုတွေနဲ့ အသေးစား၊အလတ်စားလုပ်ငန်းက လုပ်ငန်းရှင်တွေရဲ့ ဆွေးနွေးပွဲတွေ၊ ဟောပြောပို့ချမှု တွေပါဝင်မှာဖြစ်ပြီး ရင်းနှီးမြှုပ်နှံသူတွေနဲ့ တွေ့ဆုံချိတ်ဆက်မယ့်အစီအစဉ်တွေအပြင် အချိန်တိုသင်တန်းတွေပါ ပါဝင်လာမှာဖြစ်တယ်လို့ ဆိုပါတယ်။

ဝန်ဆောင်မှုလုပ်ငန်းတွေ၊ ကုန်ထုတ်လုပ်မှုလုပ်ငန်းတွေ၊ နည်းပညာအခြေခံလုပ်ငန်းတွေနဲ့ အသေးစားလုပ်ငန်းတွေအတွက် ပြခန်းနေရာတွေအပြင် ပြခန်းနေရာတွေကို လျှောက်ထားသူတွေထဲက အခမဲ့ပေးသွားမယ်လို့ လည်း ထုတ်ပြန်ထားပါတယ်။

ဝင်ကြေးအနေနဲ့ အခမဲ့ဝင်ခွင့်ပြုမှာဖြစ်ပြီးတော့ အွန်လိုင်းကနေ မှတ်ပုံတင်ပြီးလာရောက်နိုင်တယ်လို့ ဆိုပါတယ်။

 

[Zawgyi Version]








 


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs