• Local News
    ပြည်ပအလုပ်အကိုင်ရှာဖွေရေး တရားမဝင်ပွဲစား ၄၅ ဦးကို တရားစွဲ
Mi Thawdar Aung
[Unicode Version]

စည်းကမ်းမလိုက်နာတဲ့ လိုင်စင်ရ အေဂျင်စီ ၁၆ ခုကို ပြစ်မှုအလိုက် ကန့်သတ်ချက်နဲ့ ပိတ်သိမ်းထားပြီး စည်းကမ်းမလိုက်နာတဲ့ အေဂျင်စီ ၄ ခုနဲ့ တရားမဝင်ပွဲစား ၄၅ ဦးကို တရားစွဲထားတာဖြစ်ပါတယ်။

စည်းကမ်းမလိုက်နာတဲ့ပြည်ပ အလုပ်အကိုင် အေဂျင်စီ ၁၆ ခုကို ကာလကန့်သတ်ချက်နဲ့ ပိတ်သိမ်းထားပြီး အေဂျင်စီ ၄ ခုနဲ့ တရားမဝင် အလုပ်သမား စုဆောင်း ပြီး ငွေကြေးကောက်ခဲ့သူ ပွဲစား ၄၅ ဦးကို တရားစွဲဆိုထားတယ်လို့ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

20915106_10154549539781330_4089623456369331650_n.jpg

Photo _ Aung Shin

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနအနေနဲ့ ပြည်ပသို့ အလုပ်သမားတွေ တရားဝင် စေလွှတ်ခြင်းနဲ့ ပတ်သက်ပြီး ၁၉၉၉ ခုနှစ်၊ ပြည်ပအလုပ်အကိုင် ဆိုင်ရာဥပဒေအရ ပြည်ပအလုပ်အကိုင်အကျိုးဆောင်အေဂျင်စီတွေကို လိုင်စင်တွေ ထုတ်ပေးနေတာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ပြည်ပကိုအလုပ်သမားတွေ စေလွှတ်ရာမှာ အေဂျင်စီတွေလိုက်နာရမယ့် စည်းကမ်းချက်တွေကို ထုတ်ပြန်ကာ လိုက်နာမှုမရှိတဲ့ အေဂျင်စီတွေကို အရေးယူနေပြီး တရားမဝင်အလုပ်သမားစုဆောင်းတဲ့ပွဲစားတွေကို ဥပဒေနဲ့ အညီတရားစွဲဆို နေတယ်လို့သိရပါတယ်။

လက်ရှိအချိန်ထိ ပြည်ပအလုပ်အကိုင်အကျိုးဆောင်လိုင်စင်ရ အေဂျင်စီ ၂၅၆ ခုကို လိုင်စင် ထုတ်ပေးထားတယ်လို့လည်း သိရပါတယ်။

 

[Zawgyi Version]



Photo _ Aung Shin




 


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs