• Local News

    အနုပညာရှင်ကြီး ဦးရဲလွင် ကွယ်လွန်ပြီ

Hmue Eain Zaw
[Unicode Version]

အနုပညာရှင်ကြီးဦးရဲလွင် (ပန်းရဲ့လမ်း) ဟာ ဒီနေ့ညမှာပဲ သူတက်ရောက်ဆေးကုသနေတဲ့ ဆေးရုံကြီးမှာ ဆုံးပါးသွားပြီလို့သိရပါ။

36939816_2034595479906557_3620916331156602880_n.jpg



မဇ္ဈိမလှိုင်းရဲ့ Bass ဂစ်တာသမားကြီး တေးရေး၊ တေးဆို ဂီတပညာရှင် ဦးရဲလွင် အသည်းရောဂါနှင့် ဆေးရုံတက်ရောက်ကုသခံနေရရင်း ဒီနေ့ ဇူလိုင်လ ၁၀ ရက်နေ့ညနေ ၄ း ၁၀ မိနစ် မှာ ကွယ်လွန်သွား ခဲ့တာဖြစ်ပါတယ်။

36926044_2034584876574284_5377296159784042496_n.jpg



ဦးရဲလွင်ဟာ လွတ်လပ်ငြိမ်းချမ်းပန်းရဲ့လမ်း လူမှုကွန်ရက်အဖွဲ့တွင် ဂီတမှူးအဖြစ် ၂၀၁၂ ခုနှစ် မေလ ၂၅ ရက်နေ့က စပြီး ကွယ်လွန်ချိန်ထိ ဆောင်ရွက်ခဲ့ပါတယ်။ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးမှာ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး ငြိမ်းချမ်းရေးအတွက် ဂီတဖြင့် ဖျော်ဖြေပေးနေကာလူမှုရေးများ လုပ်ကိုင်နေခဲ့တာလည်းဖြစ်ပါတယ်။



36954206_2034595313239907_492693969315037184_n.jpg 



လွတ်လပ်ငြိမ်းချမ်း ပန်းရဲ့လမ်းအနေနဲ့ ဖွံ့ဖြိုးရေး ကျန်းမာရေး၊ လူမှုရေးနဲ့ ဒုက္ခရောက်နေသာ ပြည်သူများကို နေရာအတော်များများမှာသွားရောက်လှူဒါန်းနိုင်ခဲ့တယ်။

[Zawgyi Version]














 






ဆက်စပ်သတင်းများ

"Duwun ဒီဂျစ်တယ် နေ့စဉ်သတင်းစာ"

သင့် အီးလ်မေး ကနေ နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။


News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs