မြန်မာ့ဒီမိုကရေစီအသွင်ကူးပြောင်းရေးကို ပံ့ပိုးကူညီဖို့ EUက ယူရိုငွေ ၁၄သန်းထောက်ပံရေးသဘောတူညီချက်ကို စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာနနဲ့ ဥရောပသမဂ္ဂတို့အကြား သဘောတူလက်မှတ်ရေးထိုးခဲ့ပါတယ်။
မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအသွင်းကူးပြောင်းမှုကို ပံပိုးကူညီဖို့အတွက် ယူရိုငွေ ၁၃ သန်း (မြန်မာကျပ်ငွေ ၂၃ ဒသမ ၂ ဘီလီယံ) ထောက်ပံပေးခဲ့တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂသံရုံးက သတင်းထုတ်ပြန်ပါတယ်။
အဲဒီ ထောက်ပံ့ငွေကို STEP2Democracy” နှင့် “MyGovernance” စီမံကိန်းနှစ်ခုတို့မှတစ်ဆင့်ကူညီသွားမှာဖြစ်ပြီး မြန်မာနိုင်ငံမှာ စီမံအုပ်ချုပ်ရေးစွမ်းရည်တွေ၊ မူဝါဒရေးဆွဲထုတ်လုပ်မှုနှင့် တရားဥပဒေဆိုင်ရာပြုပြင်ပြောင်း လဲရေးတွေ ပိုမိုအားကောင်းလာစေဖို့ အဓိကကျတဲ့ ဌာန၊အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်သွားမယ်လို့ သိရပါတယ်။
စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာနနဲ့ ဥရောပသမဂ္ဂတို့အကြား အဆိုပါငွေကြေးထောက်ပံပေးရေး သဘောတူညီမှုလက်မှတ်ရေးထိုးခြင်းကို ဇူလိုင် ၁၀ ရက်နေ့က ပြုလုပ်ခဲ့တာဖြစ်ပါတယ်။
Photo - Ministry of Planning and Finance
“ဒီအစီအစဉ်ရဲ့ ခြုံငုံရည်မှန်းချက်ကတော့ မြန်မာ့ဒီမိုကရေစီအသွင်ကူးပြောင်းမှု ရေရှည်ခံ စေဖို့အရေးပါလှတဲ့ ဌာန၊ အဖွဲ့အစည်းတွေရဲ့ နိုင်ငံရေးနဲ့ အရပ်ဖက် မြို့ပြစွမ်းဆောင်ရည်တွေ ပိုမိုအားကောင်း လာစေဖို့ပဲဖြစ်ပါတယ်။” စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး အမြဲတမ်းအတွင်းဝန် ဦးထွန်း ထွန်းနိုင်က ပြောပါတယ်။
STEP2Democracy စီမံကိန်းက အဓိကအနေနဲ့ ရွေးကောက်ပွဲစနစ်ပြုပြင်ပြောင်းလဲရေးနှင့် ၂၀၁၀ ရွေးကောက်ပွဲ မတိုင်ခင်ကာလမှာ ရွေးကောက်ပွဲလုပ်ငန်းစဉ် တိုးတက်စေဖို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နဲ့ အခြားသက်ဆိုင်နေသူတွေကို ကူညီသွားမှာဖြစ်တယ်လို့ အီးယူသံရုံးဖွံ့ဖြိုးမှုပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ အကြီးအကဲနှင့် သံရုံးယာယီတာဝန်ခံ ဒေါက်တာ ဂျိုဟန်း ဟက်ဆေးက ပြောပါတယ်။
ဥရောပသမဂ္ဂအနေနဲ့ မြန်မာနိုင်ငံ၏ဒီမိုကရေစီအသွင်ကူးပြောင်းမှုနှင့် အစိုးရနှင့်စီမံအုပ်ချုပ်ရေးဌာန၊ အဖွဲ့အစည်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် ၂၀၁၃ ခုနှစ်မှစတင်၍ ပံ့ပိုးကူညီခဲ့ပြီး ယခုငွေကြေး ထောက်ပံ့ပေးမှုသဘောတူညီချက်အသစ်မှာလည်း အဲဒီအကူအညီကို ဆက်လက် ဖော်ဆောင်ဖို့ဖြစ်တယ်လို့ သိရပါတယ်။
ျမန္မာ့ဒီမုိကေရစီအသြင္ကူးေျပာင္းေရးကုိ ပံ့ပုိးကူညီဖုိ႔ EUက ယူရုိေငြ ၁၄သန္းေထာက္ပံေရးသေဘာတူညီခ်က္ကုိ စီမံကိန္းနဲ႔ ဘ႑ာေရး၀န္ႀကီးဌာနနဲ႔ ဥေရာပသမဂၢတုိ႔အၾကား သေဘာတူလက္မွတ္ေရးထုိးခဲ့ပါတယ္။
ျမန္မာနုိင္ငံရဲ႕ ဒီမုိကေရစီအသြင္းကူးေျပာင္းမႈကုိ ပံပုိးကူညီဖုိ႔အတြက္ ယူရုိေငြ ၁၃ သန္း (ျမန္မာက်ပ္ေငြ ၂၃ ဒသမ ၂ ဘီလီယံ) ေထာက္ပံေပးခဲ့တယ္လုိ႔ ျမန္မာႏုိ္င္ငံဆုိင္ရာ ဥေရာပသမဂၢသံရုံးက သတင္းထုတ္ျပန္ပါတယ္။
အဲဒီ ေထာက္ပံ့ေငြကုိ STEP2Democracy” ႏွင့္ “MyGovernance” စီမံကိန္းႏွစ္ခုတို႔မွတစ္ဆင့္ကူညီသြားမွာျဖစ္ၿပီး ျမန္မာႏိုင္ငံမွာ စီမံအုပ္ခ်ဳပ္ေရးစြမ္းရည္ေတြ၊ မူဝါဒေရးဆြဲထုတ္လုပ္မႈႏွင့္ တရားဥပေဒဆိုင္ရာျပဳျပင္ေျပာင္း လဲေရးေတြ ပိုမိုအားေကာင္းလာေစဖုိ႔ အဓိကက်တဲ့ ဌာန၊အဖြဲ႔အစည္းမ်ားႏွင့္ ပူးေပါင္းေဆာင္ရြက္သြားမယ္လုိ႔ သိရပါတယ္။
စီမံကိန္းနဲ႔ ဘ႑ာေရး၀န္ႀကီးဌာနနဲ႔ ဥေရာပသမဂၢတုိ႔အၾကား အဆုိပါေငြေၾကးေထာက္ပံေပးေရး သေဘာတူညီမႈလက္မွတ္ေရးထုိးျခင္းကုိ ဇူလုိင္ ၁၀ ရက္ေန႔က ျပဳလုပ္ခဲ့တာျဖစ္ပါတယ္။
Photo - Ministry of Planning and Finance
“ဒီအစီအစဥ္ရဲ႕ ၿခံဳငံုရည္မွန္းခ်က္ကေတာ့ ျမန္မာ့ဒီမိုကေရစီအသြင္ကူးေျပာင္းမႈ ေရရွည္ခံ ေစဖို႔အေရးပါလွတဲ့ ဌာန၊ အဖြဲ႔အစည္းေတြရဲ႕ ႏိုင္ငံေရးနဲ႔ အရပ္ဖက္ ၿမိဳ႕ျပစြမ္းေဆာင္ရည္ေတြ ပိုမိုအားေကာင္း လာေစဖို႔ပဲျဖစ္ပါတယ္။” စီမံကိန္းႏွင့္ဘ႑ာေရးဝန္ႀကီး အျမဲတမ္းအတြင္းဝန္ ဦးထြန္း ထြန္းႏိုင္က ေျပာပါတယ္။
STEP2Democracy စီမံကိန္းက အဓိကအေနနဲ႔ ေရြးေကာက္ပြဲစနစ္ျပဳျပင္ေျပာင္းလဲေရးႏွင့္ ၂၀၁၀ ေရြးေကာက္ပြဲ မတုိင္ခင္ကာလမွာ ေရြးေကာက္ပြဲလုပ္ငန္းစဥ္ တုိးတက္ေစဖုိ႔ ျပည္ေထာင္စု ေရြးေကာက္ပြဲေကာ္မရွင္နဲ႔ အျခားသက္ဆုိင္ေနသူေတြကုိ ကူညီသြားမွာျဖစ္တယ္လို႔ အီးယူသံရုံးဖြ႔ံၿဖိဳးမႈပူးေပါင္းေဆာင္ရြက္ေရးဆိုင္ရာ အႀကီးအကဲႏွင့္ သံရုံးယာယီတာဝန္ခံ ေဒါက္တာ ဂ်ိဳဟန္း ဟက္ေဆးက ေျပာပါတယ္။
ဥေရာပသမဂၢအေနနဲ႔ ျမန္မာႏိုင္ငံ၏ဒီမုိကေရစီအသြင္ကူးေျပာင္းမႈႏွင့္ အစိုးရႏွင့္စီမံအုပ္ခ်ဳပ္ေရးဌာန၊ အဖြဲ႔အစည္းမ်ားဖြံ႔ၿဖိဳးတိုးတက္ေရးအတြက္ ၂၀၁၃ ခုႏွစ္မွစတင္၍ ပံ့ပိုးကူညီခဲ့ၿပီး ယခုေငြေၾကး ေထာက္ပံ့ေပးမႈသေဘာတူညီခ်က္အသစ္မွာလည္း အဲဒီအကူအညီကုိ ဆက္လက္ ေဖာ္ေဆာင္ဖုိ႔ျဖစ္တယ္လုိ႔ သိရပါတယ္။
See stories of the future in your inbox each morning.
Copyright © 2018 Duwun.