• Local News
    သာကေတမြို့နယ်က လူသတ်မှုတရားခံကို အခင်းဖြစ်ပြီးလေးရက်အကြာတွင်ဖမ်းမိ
Aye Myat Mon
[Unicode Version]

သာကေတမြို့နယ် ၁၀/ တောင် (၁၄) ရပ်ကွက်၊စည်ပင်ဝင်း၊ ရှုခင်းသာအတွင်းလမ်းဘေးမှာ လူတစ်ဦး အသတ်ခံရမှုနဲ့ပါတ်သတ်ပြီးတော့ တရားခံကို အခင်းဖြစ်ပွားပြီးလေးရက်အကြာမှာ ဖမ်းမိတယ်လို့ ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

36898689_1561413660654562_7414222964423393280_n.jpg 

ဇူလိုင်လ ၇ ရက်နေ့ မနက်ပိုုင်းက သာကေတ ၁၀ တောင်(၁၄ )ရပ်ကွက်စည်ပင်ဝင်း၊ ရှုခင်းသာအတွင်းလမ်းဘေးက ရေမြောင်းမှာ အမျိုးသားတစ်ဦး သေဆုံးနေပြီး သေဆုံးသူ ကိုမင်းမင်းအောင် (၃၉) နှစ်မှာာ ဦးခေါင်းနောက်စေ့ ခြောက်လက်မခန့်ပေါက်ပြဲဒဏ်ရာ ၁ ချက်၊ ဝဲနဖူးညိုမဲ ဒဏ်ရာ ၁ချက် ၊ လည်ပင်းပွန်းရှဒဏ်ရာ ၁ ချက် ရရှိပြီးသေဆုံးနေပြီးတော့ အနီးမှာ သွေးကွက်တွေ နဲ့ လုံးပတ် ၁၄ လက်မခန့်ရှိတဲ့ ကျောက်ခဲတစ်လုံးတွေ့ရှိခဲ့တယ်လို့ ရဲတပ်ဖွဲ့ ဖော်ပြထားပါတယ်။

အဲ့ဒီအမှုကို သာကေတနယ်မြေရဲစခန်းက နေ (ပ) ၄၉၁/၂၀၁၈ ၊ရာဇသတ်ကြီးပုဒ်မ ၃၀၂ နဲ့ အမှုဖွင့်စစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။

ကျူးလွန်သူက သာကေတမြို့နယ် ၆ ရပ်ကွက်မှာနေတဲ့ သန်းအေးဖြစ်ပြီးတောာ့ အဲ့ဒီနေ့မနက်မှာပဲ ဧရာဝတီတိုင်းဒေသကြီး ဒေဒရဲမြို့ကို ထွက်ပြေးတိမ်းရှောင်သွားတာဖြစ်ပြီးတော့ ဇူလိုင်လ ၁၀ ရက်ေ့မှာ ဘိုကလေးမြို့နယ် ၊ထော်ပိုင်ကျေးရွာ၊အေးချမ်းသာယာကျေးရွာမှာ ဖမ်းဆီးရမိခဲ့တယ်လို့ ရန်ကုန်တိုင်းရဲတပ်ဖွဲ့ ကထုတ်ပြန်ထားပါတယ်။

[Zawgyi Version]


 

ဇူလိုင်လ ၇ ရက်နေ့ မနက်ပိုင်းက သာကေတ ၁၀ တောင်(၁၄ )ရပ်ကွက်စည်ပင်ဝင်း၊ ရှုခင်းသာအတွင်းလမ်းဘေးက ရေမြောင်းမှာ အမျိုးသားတစ်ဦး သေဆုံးနေပြီး သေဆုံးသူ ကိုမင်းမင်းအောင် (၃၉) နှစ်မှာာ ဦးခေါင်းနောက်စေ့ ခြောက်လက်မခန့်ပေါက်ပြဲဒဏ်ရာ ၁ ချက်၊ ၀ဲနဖူးညိုမဲ ဒဏ်ရာ ၁ချက် ၊ လည်ပင်းပွန်းရှဒဏ်ရာ ၁ ချက် ရရှိပြီးသေဆုံးနေပြီးတော့ အနီးမှာ သွေးကွက်တွေ နဲ့ လုံးပတ် ၁၄ လက်မခန့်ရှိတဲ့ ကျောက်ခဲတစ်လုံးတွေ့ရှိခဲ့တယ်လို့ ရဲတပ်ဖွဲ့ ဖော်ပြထားပါတယ်။


ကျူးလွန်သူက သာကေတမြို့နယ် ၆ ရပ်ကွက်မှာနေတဲ့ သန်းအေးဖြစ်ပြီးတောာ့ အဲ့ဒီနေ့မနက်မှာပဲ ဧရာဝတီတိုင်းဒေသကြီး ဒေဒရဲမြို့ကို ထွက်ပြေးတိမ်းရှောင်သွားတာဖြစ်ပြီးတော့ ဇူလိုင်လ ၁၀ ရက်မှော့ ဘိုကလေးမြို့နယ် ၊ထော်ပိုင်ကျေးရွာ၊အေးချမ်းသာယာကျေးရွာမှာ ဖမ်းဆီးရမိခဲ့တယ်လို့ ရန်ကုန်တိုင်းရဲတပ်ဖွဲ့ ကထုတ်ပြန်ထားပါတယ်။


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs