• Local News
    နိုင်ငံဖြတ်ကျော် ဂိုဏ်းဖွဲ့ကျူးလွန်တဲ့ မူးယစ်ဆေးကိစ္စတွေ မြန်မာ - သြစတြေးလျ ပူးပေါင်းနှိမ်နင်းမယ်
Hmue Eain Zaw
[Unicode Version]

သြစတြေးလျရဲတပ်ဖွ့ဲ နဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ပူးပေါင်းပြီးတော့ မူးယစ်ဆေးဝါးသယ်ဆောင်ရောင်းဝယ်မှုတွေကို နိုင်ငံဖြတ်ကျော်ဂိုဏ်းဖွဲ့ကျူးလွန်ရာမှာ ပါဝင်တဲ့ တရားခံပြေးတွေ၊စောင့်ကြည့်ပစ်မှတ်တွေနဲ့ ပတ်သတ်ပြီးတော့ နိုင်ငံတကာပူးပေါင်းဆောင်ရွက်နိုင်တဲ့ နည်းလမ်းတွေကို နှစ်နိုင်ငံပူးပေါင်းပြီးဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

36826266_2480066392018960_4773196605736091648_n.jpg

Photo : ပြည်ထဲရေးဝန်ကြီးဌာန



မြန်မာနိုင်ငံရဲတပ်ဖွဲ့ကဆောင်ရွက်နေတဲ့ Operation Dragon နဲ့ သြစတြေးလျ ပြည်ထောင်စုရဲတပ်ဖွဲ့ (AFP ) ကဆောင်ရွက်နေတဲ့ Operation Kungur တို့ပူးပေါင်းတဲ့ မူးယစ်ဆေးဝါး ပူးပေါင်းထိန်းချုပ်ရေး အစည်းအဝေးကို ရန်ကုန်က Pan Pacific ဟိုတယ်မှာဇူလိုင်လ ၉ ရက်နေ့က ကျင်းပခဲ့ပြီးခုလို ထုတ်ပြန်လိုက်တာလည်းဖြစ်ပါတယ်။



မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဒုတိယရဲချုပ်(၁) (စီမံ/အုပ်ချုပ်) ရဲမှုးချုပ်မျိုးဆွေဝင်းနဲ့ အင်ဒိုနီးရှားအခြေစိုက် AFP ရုံးက South East Asia မန်နေဂျာ Mr.Jamie Strauss တို့ တက်ရောက်ဆွေးနွေးခဲ့တယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

36909845_2480066372018962_5283794799059533824_n.jpg

အဲ့ဒီအစည်းအဝေးကို မြန်မာ၊ သြစတြးလျ၊ တရုတ်၊ ထိုင်း၊ မလေး၊ ကမ္ဘောဒီးယား၊ အင်ဒို၊ဟောင်ကောင်မှာရှိတဲ့ သြစတြေးလျ ပြည်ထောင်စုရဲတပ်ဖွဲ့ နဲ့မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးအုပ်ချုပ်မှုအဖွဲ့ရုံး က အရာရှိတွေ၊ မူးယစ်ရဲတပ်ဖွဲ့ က ရဲအရာရှိတွေ ပါဝင်ခဲ့တယ်လို့ ဆိုပါတယ်။



မူးယစ်ဆေးဝါးပြဿနာဟာ မြန်မာနိုင်ငံရဲ့ အဓိကဖြေရှင်းရမယ့် အချက်တွေထဲမှာပါဝင်နေပြီးတော့ နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်က မူးယစ်ဆေးဝါးပြသနာကို ဖြေရှင်းမယ်ဆိုပြီး ကတိပေးပြောကြားခဲ့တာလည်းဖြစ်ပါတယ်။

36948416_2480066388685627_7434040394498703360_n.jpg



အလားတူပဲ မူးယစ်ဆေးဝါးနဲ့ ပါတ်သတ်ပြီးသတင်းပေးတိုင်ကြားဖို့ကို နိုင်ငံတော်သမ္မတရုံးက

ဌာန ကို ဇွန်လ ၂၂ ရက်နေ့က ဖွင့်လှစ်ထားပြီးတော့ တိုက်ရိုက်တိုင်ကြားနိုင်တဲ့ နံပါတ်တွေဖြစ်တဲ့ 067-590200 , 067-590233 ကို တိုင်ကြားနိုင်တယ်ဆိုပြီး ကြေငြာခဲ့ထားပါတယ်။

[Zawgyi Version]

ၾသစေၾတးလ်ရဲတပ္ဖြ႔ဲ နဲ႔ ျမန္မာႏုိင္ငံရဲတပ္ဖြဲ႕ ပူးေပါင္းျပီးေတာ့ မူးယစ္ေဆး၀ါးသယ္ေဆာင္ေရာင္း၀ယ္မႈေတြကုိ ႏုိင္ငံျဖတ္ေက်ာ္ဂုိဏ္းဖြဲ႔က်ဴးလြန္ရာမွာ ပါ၀င္တဲ့ တရားခံေျပးေတြ၊ေစာင့္ၾကည့္ပစ္မွတ္ေတြနဲ႔ ပတ္သတ္ၿပီးေတာ့ ႏုိင္ငံတကာပူးေပါင္းေဆာင္ရြက္ႏုိင္တဲ့ နည္းလမ္းေတြကုိ ႏွစ္ႏုိင္ငံပူးေပါင္းၿပီးေဆြးေႏြးခဲ့တယ္လုိ႔ သိရပါတယ္။

Photo : ျပည္ထဲေရး၀န္ၾကီးဌာန



ျမန္မာႏုိင္ငံရဲတပ္ဖြဲ႔ကေဆာင္ရြက္ေနတဲ့ Operation Dragon နဲ႔ ၾသစေၾတးလ် ျပည္ေထာင္စုရဲတပ္ဖြဲ႔ (AFP ) ကေဆာင္ရြက္ေနတဲ့ Operation Kungur တို႔ပူးေပါင္းတဲ့ မူးယစ္ေဆး၀ါး ပူးေပါင္းထိန္းခ်ဳပ္ေရး အစည္းအေ၀းကုိ ရန္ကုန္က Pan Pacific ဟိုတယ္မွာဇူလုိင္လ ၉ ရက္ေန႔က က်င္းပခဲ့ျပီးခုလုိ ထုတ္ျပန္လုိက္တာလည္းျဖစ္ပါတယ္။



ျမန္မာႏုိင္ငံရဲတပ္ဖြဲ႕ ဒုတိယရဲခ်ဳပ္(၁) (စီမံ/အုပ္ခ်ဳပ္) ရဲမႈးခ်ဳပ္မ်ဳိးေဆြ၀င္းနဲ႔ အင္ဒိုနီးရွားအေျခစိုက္ AFP ရုံးက South East Asia မန္ေနဂ်ာ Mr.Jamie Strauss တို႔ တက္ေရာက္ေဆြးေႏြးခ့ဲတယ္လို႔ ျပည္ထဲေရး၀န္ႀကီးဌာနက ထုတ္ျပန္ပါတယ္။



အဲ့ဒီအစည္းအေ၀းကို ျမန္မာ၊ ၾသစၾတးလ်၊ တရုတ္၊ ထုိင္း၊ မေလး၊ ကေမၻာဒီးယား၊ အင္ဒို၊ေဟာင္ေကာင္မွာရွိတဲ့ ၾသစေၾတးလ် ျပည္ေထာင္စုရဲတပ္ဖြဲဲ႕ နဲ႕မူးယစ္ေဆး၀ါး တားဆီးႏွိမ္နင္းေရးအုပ္ခ်ဳပ္မႈအဖြဲ႔ရုံး က အရာရွိေတြ၊ မူးယစ္ရဲတပ္ဖြဲ႕ က ရဲအရာရွိေတြ ပါ၀င္ခဲ့တယ္လုိ႔ ဆုိပါတယ္။



မူးယစ္ေဆး၀ါးျပႆနာဟာ ျမန္မာႏုိင္ငံရဲ႕ အဓိကေျဖရွင္းရမယ့္ အခ်က္ေတြထဲမွာပါ၀င္ေနၿပီးေတာ့ ႏုိင္ငံေတာ္ သမၼတ ဦး၀င္းျမင့္က မူးယစ္ေဆး၀ါးျပသနာကုိ ေျဖရွင္းမယ္ဆုိၿပီး ကတိေပးေျပာၾကားခဲ့တာလည္းျဖစ္ပါတယ္။





အလားတူပဲ မူးယစ္ေဆး၀ါးနဲ႔ ပါတ္သတ္ၿပီးသတင္းေပးတုိင္ၾကားဖုိ႔ကုိ ႏုိင္ငံေတာ္သမၼတရုံးက

ဌာန ကုိ ဇြန္လ ၂၂ ရက္ေန႔က ဖြင့္လွစ္ထားၿပီးေတာ့ တုိက္ရုိက္တုိင္ၾကားႏုိင္တဲ့ နံပါတ္ေတြျဖစ္တဲ့ 067-590200 , 067-590233 ကုိ တုိင္ၾကားႏုိင္တယ္ဆုိၿပီး ေၾကျငာခဲ့ထားပါတယ္။


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs