• Local News
    မြန်မာနိုင်ငံသားများဘဏ်က ရှယ်ယာ တစ်စုကို အမြတ်ငွေ ၂၀၀ ကျပ်ထုတ်ပေးမယ်
Hmue Eain Zaw
[Unicode Version]

ရန်ကုန်စတော့အိတ်ချိန်းဝင် ကုမ္ပဏီတစ်ခုဖြစ်တဲ့ မြန်မာနိုင်ငံသားများဘဏ်က (၂၀၁၇-၂၀၁၈) ဘဏ္ဍာရေး နှစ်အတွက် ရရှိတဲ့ အမြတ်ငွေအနေနဲ့ ရှယ်ယာရှင်တွကို ရှယ်ယာ တစ်စုလျှင် အမြတ်ငွေ ၂၀၀ ကျပ်နှုန်းခွဲဝေပေးသွားမယ်လို့ သိရပါတယ်။



ES_pic1.png

Photo - MCB

 

မြန်မာနိုင်ငံသားများဘဏ်ရဲ့ဒါရိုက်တာအစည်းအဝေးဆုံးဖြတ်ချက်အရ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်အတွက် မူလအစုရှယ်ယာတစ်စုကို အမြတ်ဝေစုအဖြစ် ကျပ် (၂၀၀) ခံစားခွင့်ပေးတာဖြစ်တယ်လို့သိရပါတယ်။



မြန်မာနိုင်ငံသားများဘဏ်ဟာ လတ်တလောမှာ ရှယ်ယာ တစ်စုကို ၇၅၀၀ ကျပ်ဝန်းကျင်နဲ့ ရန်ကုန်စတော့အိတ်ချိန်း မှာရောင်းချနေတာလည်းဖြစ်ပါတယ်။ ဘဏ်ရဲ့ ပြောဆိုချက်အရတော့ သြဂုတ်လ ၃၀ ရက်ကို အမြတ်ဝေစုခံစားခွင့် ရရှိမည့်ရက် အဖြစ် မြန်မာနိုင်ငံသားများဘဏ်က ကြေညာထားပြီး အဲ့ဒီနေ့အရောင်းအဝယ်ပိတ်သိမ်းချိန်မှာ ရှယ်ယာရှင် တွေကို အမြတ်ငွေခွဲပေးသွားမယ်လို့ ဆိုပါတယ်။



အမြတ်ဝေစုရရှိဖို့ နောက်ဆုံး ဝယ်ယူရမယ့် ရက်ကတော့ သြဂုတ်လ ၂၇ ရက်နေ့ဖြစ်ပြီး ၂၀၁၈ ခုနှစ် သြဂုတ်လ ၂၈ ရက်နေ့ကစတင် ဝယ်ယူမယ့် အစုရှုယ်ယာရှင်တွေကတော့ (၂၀၁၇-၁၈) ဘဏ္ဍာရေးနှစ်အတွက် ခွဲပေးမယ့် အမြတ်ဝေစုတွေကို ခံစားခွင့်မရှိဘဲ ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်နှင့်သာ အကျုံးဝင်မှာဖြစ်တယ်လို့ မြန်မာနိုင်ငံသားများ ဘဏ်က အသိပေးထုတ်ပြန်ထားပါတယ်။



ဒါအပြင် စက်တင်ဘာလ ၂၂ ရက်မှာလည်း ဘဏ်ရဲ့ နှစ်ပတ်လည်အထွေထွေ အစည်းအဝေး ကိုပြု လုပ် ဖို့ရှိနေပြီးအမြတ်ဝေစု ထုတ်ပေးမယ်ရက်ကိုတော့ အချိန်နဲ့ တပြေးညီကြေညာပေးသွားမယ်လို့ သိရပါတယ်။

[Zawgyi Version]

ရန္ကုန္စေတာ့အိတ္ခ်ိန္း၀င္ ကုမၸဏီတစ္ခုျဖစ္တဲ့ ျမန္မာႏုိင္ငံသားမ်ားဘဏ္က (၂၀၁၇-၂၀၁၈) ဘ႑ာေရး ႏွစ္အတြက္ ရရွိတဲ့ အျမတ္ေငြအေနနဲ႔ ရွယ္ယာရွင္တြကုိ ရွယ္ယာ တစ္စုလွ်င္ အျမတ္ေငြ ၂၀၀ က်ပ္ႏႈန္းခြဲေ၀ေပးသြားမယ္လုိ႔ သိရပါတယ္။



Photo - MCB

 

ျမန္မာႏုိင္ငံသားမ်ားဘဏ္ရဲ႕ဒါရိုက္တာအစည္းအေ၀းဆုံးျဖတ္ခ်က္အရ ၂၀၁၇-၂၀၁၈ ဘ႑ာေရးႏွစ္အတြက္ မူလအစုရွယ္ယာတစ္စုကုိ အျမတ္ေ၀စုအျဖစ္ က်ပ္ (၂၀၀) ခံစားခြင့္ေပးတာျဖစ္တယ္လုိ႔သိရပါတယ္။



ျမန္မာႏုိင္ငံသားမ်ားဘဏ္ဟာ လတ္တေလာမွာ ရွယ္ယာ တစ္စုကုိ ၇၅၀၀ က်ပ္၀န္းက်င္နဲ႔ ရန္ကုန္စေတာ့အိတ္ခ်ိန္း မွာေရာင္းခ်ေနတာလည္းျဖစ္ပါတယ္။ ဘဏ္ရဲ႕ ေျပာဆုိခ်က္အရေတာ့ ၾသဂုတ္လ ၃၀ ရက္ကုိ အျမတ္ေ၀စုခံစားခြင့္ ရရွိမည့္ရက္ အျဖစ္ ျမန္မာႏုိင္ငံသားမ်ားဘဏ္က ေၾကညာထားၿပီး အဲ့ဒီေန႔အေရာင္းအ၀ယ္ပိတ္သိမ္းခ်ိန္မွာ ရွယ္ယာရွင္ ေတြကုိ အျမတ္ေငြခြဲေပးသြားမယ္လုိ႔ ဆုိပါတယ္။



အျမတ္ေ၀စုရရွိဖုိ႔ ေနာက္ဆုံး ၀ယ္ယူရမယ့္ ရက္ကေတာ့ ၾသဂုတ္လ ၂၇ ရက္ေန႔ျဖစ္ၿပီး ၂၀၁၈ ခုႏွစ္ ၾသဂုတ္လ ၂၈ ရက္ေန႔ကစတင္ ၀ယ္ယူမယ့္ အစုရွုယ္ယာရွင္ေတြကေတာ့ (၂၀၁၇-၁၈) ဘ႑ာေရးႏွစ္အတြက္ ခြဲေပးမယ့္ အျမတ္ေ၀စုေတြကုိ ခံစားခြင့္မရွိဘဲ ၂၀၁၈-၁၉ ဘ႑ာေရးႏွစ္ႏွင့္သာ အက်ဳံး၀င္မွာျဖစ္တယ္လုိ႔ ျမန္မာႏုိင္ငံသားမ်ား ဘဏ္က အသိေပးထုတ္ျပန္ထားပါတယ္။



ဒါအျပင္ စက္တင္ဘာလ ၂၂ ရက္မွာလည္း ဘဏ္ရဲ႕ ႏွစ္ပတ္လည္အေထြေထြ အစည္းအေ၀း ကုိျပဳ လုပ္ ဖုိ႔ရွိေနျပီးအျမတ္ေ၀စု ထုတ္ေပးမယ္ရက္ကုိေတာ့ အခ်ိန္နဲ႔ တေျပးညီေၾကညာေပးသြားမယ္လုိ႔ သိရပါတယ္။


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs