• Local News
    မြန်မာစီးပွားရေး ကောင်းမွန်လာနိုင်ပေမယ့် အန္တရာယ်ရှိနေဆဲလို့ ကမ္ဘာ့ဘဏ်သုံးသပ်
Hmue Eain Zaw
[Unicode Version]

မြန်မာနိုင်ငံရဲ့စီးပွားရေးဟာ လာမယ့် နှစ်အတောအတွင်း ကောင်းမွန်ဖို့ ရှိပေမယ့်လည်း ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်ရေးနှင့် ကုန်စည်ဈေးနှုန်း မတည်ငြိမ်မှုတွေကြောင့် စိန်ခေါ်မှုနဲ့ အန္တရာယ်တွေလည်းရှိနေတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘာ့ဘဏ် ဌာနေကိုယ်စားလှယ် Gevorg Sargsyan က ဇူလိုင်လ ၁၂ ရက်နေ့မှာ ပြောဆိုလိုက်ပါတယ်။

36963515_10156645629288586_6570456482842673152_o.jpg

Photo - World Bank Myanmar



မြန်မာ့ စီးပွားရေးစောင့်ကြည့်အစီရင်ခံခြင်း(MEM) အရ မြန်မာနိုင်ငံရဲ့ အမှန် ဂျီဒီပီ တိုးတက်မှုနှုန်းဟာ ၂၀၁၆/၂၀၁၇ ခုနှစ်မှာ ၅.၉ % ရှိခဲ့ရာက၂၀၁၇/၂၀၁၈ တွင် ကဏ္ဍအသီးသီးတွင် အခြေအနေ မြင့်တက်မှုကြောင့် ၆.၄ % ကို ရာက်လာခဲ့ကြောင်းသိရပါတယ်။



၂၀၁၈၊ ၂၀၁၉ မှာလည်း ၆.၈ % နဲ့ ဆက်လက် ကောင်းမွန်နေမယ်လို့ ခန့်မှန်းထားပြီး အခြားသော စီးပွားရေးဆိုင်ရာ ညွှန်းကိန်းများလည်း တိုးတက်လာလိမ့်မယ်လို့လည်း ကမ္ဘာ့ဘဏ်က သုံးသပ်ပါတယ်။



“မြန်မာနိုင်ငံက လက်ရှိနှုန်းထက်ကို ပိုမို၍ တိုးတက်နိုင်မယ့် အလားအလာတွေ ရှိနေပါတယ်။ မြန်မာနိုင်ငံရဲ့ ရေရှည်တည်တံ့ခိုင်မြဲ၍ ဟန်ချက်ညီတဲ့ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း (Myanmar Sustainable Development Plan)က လူ့စွမ်းအား အရင်းအမြစ်၊ ရုပ်ပိုင်းဆိုင်ရာ လိုအပ်ချက်တွေကို မြှင့်တင်ပေးနိုင်မယ့် အလားအလာတွေ ရှိနေပါတယ်။”လို့ မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘာ့ဘဏ် ဌာနေကိုယ်စားလှယ် Gevorg Sargsyan ကပြောပါတယ်။



တစ်ချိန်တည်းမှာပဲ ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ရာတွင် နှေးကွေးနေခြင်း ၊ ရခိုင်ပြည်နယ်ရှိ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေး လုပ်ငန်းတွေ ဆောင်ရွက်နိုင်မှု နှေးကွေးနေခြင်းတွေကြောင့် အတားအဆီးတွေလည်းရှိနေတယ်လို့ သူကဆိုပါတယ်။

[Zawgyi Version]

ျမန္မာႏိုင္ငံရဲ႕စီးပြားေရးဟာ လာမယ့္ ႏွစ္အေတာအတြင္း ေကာင္းမြန္ဖုိ႔ ရွိေပမယ့္လည္း ကမၻာလုံးဆိုင္ရာ ကုန္သြယ္ေရးႏွင့္ ကုန္စည္ေစ်းႏႈန္း မတည္ၿငိမ္မႈေတြေၾကာင့္ စိ္န္ေခၚမႈနဲ႔ အႏၱရာယ္ေတြလည္းရွိေနတယ္လုိ႔ ျမန္မာႏို္င္ငံဆိုင္ရာ ကမၻာ့ဘဏ္ ဌာေနကိုယ္စားလွယ္ Gevorg Sargsyan က ဇူလုိင္လ ၁၂ ရက္ေန႔မွာ ေျပာဆုိလုိက္ပါတယ္။

Photo - World Bank Myanmar



ျမန္မာ့ စီးပြားေရးေစာင့္ၾကည့္အစီရင္ခံျခင္း(MEM) အရ ျမန္မာႏိ္ုင္ငံရဲ႕ အမွန္ ဂ်ီဒီပီ တိုးတက္မႈႏႈန္းဟာ ၂၀၁၆/၂၀၁၇ ခုႏွစ္မွာ ၅.၉ % ရွိခဲ့ရာက၂၀၁၇/၂၀၁၈ တြင္ က႑အသီးသီးတြင္ အေျခအေန ျမင့္တက္မႈေၾကာင့္ ၆.၄ % ကုိ ရာက္လာခဲ့ေၾကာင္းသိရပါတယ္။



၂၀၁၈၊ ၂၀၁၉ မွာလည္း ၆.၈ % နဲ႔ ဆက္လက္ ေကာင္းမြန္ေနမယ္လုိ႔ ခန္႕မွန္းထားၿပီး အျခားေသာ စီးပြားေရးဆိုင္ရာ ၫႊန္းကိန္းမ်ားလည္း တိုးတက္လာလိမ့္မယ္လုိ႔လည္း ကမာၻ႔ဘဏ္က သုံးသပ္ပါတယ္။



“ျမန္မာႏိုင္ငံက လက္ရွိႏႈန္းထက္ကို ပိုမို၍ တိုးတက္ႏုိင္မယ့္ အလားအလာေတြ ရွိေနပါတယ္။ ျမန္မာႏိုင္ငံရဲ႕ ေရရွည္တည္တံ့ခိုင္ျမဲ၍ ဟန္ခ်က္ညီတဲ့ ဖြ႕ံၿဖိဳးတိုးတက္ေရး စီမံကိန္း (Myanmar Sustainable Development Plan)က လူ႕စြမ္းအား အရင္းအျမစ္၊ ရုပ္ပိုင္းဆိုင္ရာ လိုအပ္ခ်က္ေတြကို ျမႇင့္တင္ေပးႏိုင္မယ့္ အလားအလာေတြ ရွိေနပါတယ္။”လုိ႔ ျမန္မာႏို္င္ငံဆိုင္ရာ ကမၻာ့ဘဏ္ ဌာေနကိုယ္စားလွယ္ Gevorg Sargsyan ကေျပာပါတယ္။



တစ္ခ်ိန္တည္းမွာပဲ ျပဳျပင္ေျပာင္းလဲမႈမ်ား ျပဳလုပ္ရာတြင္ ေႏွးေကြးေနျခင္း ၊ ရခိုင္ျပည္နယ္ရွိ လူသားခ်င္းစာနာေထာက္ထားမႈ အကူအညီေပးေရး လုပ္ငန္းေတြ ေဆာင္ရြက္ႏိုင္မႈ ေႏွးေကြးေနျခင္းေတြေၾကာင့္ အတားအဆီးေတြလည္းရွိေနတယ္လုိ႔ သူကဆုိပါတယ္။


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs