• Local News
    ကမ္ဘာ့သန့်ရှင်းရေးနေ့အခမ်းအနားကို တစ်နိုင်ငံလုံးလူဦးရေရဲ့ ၅ ရာခိုင်နှုန်း ပါဝင်အောင်လုပ်မယ်
Mi Thawdar Aung
[Unicode Version]

ကမ္ဘာ့သန့်ရှင်းရေးနေ့အခမ်းအနားကို မြန်မာတစ်နိုင်ငံလုံးလူဦးရေရဲ့ ငါးရာခိုုင်နှုန်းခန့်ပါဝင်လာအောင်လုပ်ဆောင်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံမှာ ကမ္ဘာ့သန့်ရှင်းရေးနေ့ အခမ်းအနားကို စက်တင်ဘာလ ၁၅ ရက်နေ့မှာ တစ်နိုင်လုံးအနှံ့ကျင်းပမှာဖြစ်ပြီး အမှိုက်ကောက်သွားမှာဖြစ်တယ်လို့ ဇူလိုင်လ ၁၂ ရက်နေ့မှာသတင်းစာရှင်းလင်းခဲ့ပါတယ်။

36973623_1691471734240882_8151641185262239744_n.jpg

Photo - JCI

ဒီအခမ်းအနားက တစ်ကမ္ဘာလုံးမှာလည်းလုပ်တယ်။မြန်မာနိုင်ငံမှာလည်း အဲ့ဒီနေ့မှာစပြီးလုပ်မှာပေါ့။ အမှိုက်ကောက်ဖို့ သတ်မှတ်ထားတဲ့နေရာတွေကနေ တစ်နိုင်ငံလုံးအတိုင်းအတာပါဝင်လာအောင်လုပ်ဆောင်မယ်။ရန်ကုန်မှာလည်း နေရာသေချာမသတ်မှတ်ရသေးပေမယ့် ရက်နီးလာရင်တော့ ဘယ်နေရာမှာကောက်မှာလဲဆိုတာကို ပြောသွားမှာပါ။ ’ လို့ JCI Yangon က ကိုစိုင်းသန်းထွန်းအောင်က ပြောပါတယ်။

 

37005728_1691471997574189_4222087168480247808_n.jpg

Photo - JCI

ဒါ့အပြင် စည်းကမ်းမဲ့အမှိုက်တည်နေရာတွေကို မှတ်သားနိုင်မယ့် world clean up အက်ပလီကေးရှင်းကိုပါ မိတ်ဆက်ပေးခဲ့တာဖြစ်ပြီးတော့ အဲ့ဒီ app ကအမှိုက်တွေရှိတဲ့နေရာတွေကို မှတ်သားနိုင်ပြီး အမှိုက်အမျိုးအစားတွေကိုပါ ခွဲခြားနိုင်အောင်လုပ်ဆောင်ထားတယ်လို့ သိရပါတယ်။ တကမ္ဘာလုံးဆိုင်ရာ သန့်ရှင်းမှုတစ်ရပ်ဖြစ်တဲ့ ကမ္ဘာ့သန့်ရှင်ရေးနေ့မှာ နိုင်ငံပေါင်း ၁၅၀ နီးပါး ပါဝင်တာဖြစ်ပြီးတော့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီနဲ့ ပူးပေါင်းလုပ်ဆောင်မှာဖြစ်တယ်လို့ ဆိုပါတယ်။

[Zawgyi Version]

ကမၻာ့သန္႔ရွင္းေရးေန႔အခမ္းအနားကုိ ျမန္မာတစ္ႏုိင္ငံလုံးလူဦးေရရဲ႕ ငါးရာခိုုင္ႏႈန္းခန္႔ပါ၀င္လာေအာင္လုပ္ေဆာင္သြားမွာျဖစ္တယ္လုိ႔ သိရပါတယ္။

ျမန္မာႏုိင္ငံမွာ ကမၻာ့သန္႔ရွင္းေရးေန႔ အခမ္းအနားကုိ စက္တင္ဘာလ ၁၅ ရက္ေန႔မွာ တစ္ႏုိင္လုံးအနွံ႕က်င္းပမွာျဖစ္ၿပီး အမႈိက္ေကာက္သြားမွာျဖစ္တယ္လို႔ ဇူလုိင္လ ၁၂ ရက္ေန႔မွာသတင္းစာရွင္းလင္းခဲ့ပါတယ္။

Photo - JCI

ဒီအခမ္းအနားက တစ္ကမၻာလုံးမွာလည္းလုပ္တယ္။ျမန္မာႏုိင္ငံမွာလည္း အဲ့ဒီေန႔မွာစၿပီးလုပ္မွာေပါ့။ အမႈိက္ေကာက္ဖုိ႔ သတ္မွတ္ထားတဲ့ေနရာေတြကေန တစ္ႏုိင္ငံလုံးအတုိင္းအတာပါ၀င္လာေအာင္လုပ္ေဆာင္မယ္။ရန္ကုန္မွာလည္း ေနရာေသခ်ာမသတ္မွတ္ရေသးေပမယ့္ ရက္နီးလာရင္ေတာ့ ဘယ္ေနရာမွာေကာက္မွာလဲဆုိတာကုိ ေျပာသြားမွာပါ။ ’ လုိ႔ JCI Yangon က ကုိစိုင္းသန္းထြန္းေအာင္က ေျပာပါတယ္။

 

Photo - JCI

ဒါ့အျပင္ စည္းကမ္းမဲ့အမႈိက္တည္ေနရာေတြကုိ မွတ္သားနုိင္မယ့္ world clean up အက္ပလီေကးရွင္းကုိပါ မိတ္ဆက္ေပးခဲ့တာျဖစ္ၿပီးေတာ့ အဲ့ဒီ app ကအမႈိက္ေတြရွိတဲ့ေနရာေတြကုိ မွတ္သားနုိင္ၿပီး အမႈိက္အမ်ုိးအစားေတြကုိပါ ခြဲျခားနုိင္ေအာင္လုပ္ေဆာင္ထားတယ္လုိ႔ သိရပါတယ္။ တကမၻာလုံးဆုိင္ရာ သန္႔ရွင္းမႈတစ္ရပ္ျဖစ္တဲ့ ကမၻာ့သန္႔ရွင္ေရးေန႔မွာ နိုင္ငံေပါင္း ၁၅၀ နီးပါး ပါ၀င္တာျဖစ္ၿပီးေတာ့ ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီနဲ႔ ပူးေပါင္းလုပ္ေဆာင္မွာျဖစ္တယ္လုိ႔ ဆုိပါတယ္။


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs