• Local News
    ပြင်ဦးလွင်မြို့နယ် အဆောင်တစ်ခုမှာ အမျိုးသမီးအချင်းချင်းတိုက်ခိုက်မှုဖြစ်ပွား
Mi Thawdar Aung
[Unicode Version]

ပြင်ဦးလွင်က အမျိုးသမီးအဆောင်တစ်ခုမှာ အဆောင်ပိုင်ရှင် အမျိုးသမီးတစ်ဦးတည်းရှိနေစဉ် အခြား အမျိုးသမီးတစ်ဦးက တိုက်ခိုက်မှုတစ်ခု  ဇူလိုင်လ ၁၂ ရက်နေ့က ဖြစ်ပွားခဲ့တယ်လို့ ပြင်စာ ရဲစခန်း ကသိရပါ တယ်။

pyinoolwin 3.jpg

ဖြစ်စဉ်ကတော့ ပြင်ဦးလွင်မြို့ သုံးတောင်ရွာက မြင့်မြတ်မေ အမျိုးသမီးဘော်ဒါဆောင်မှာ အဆောင်ပိုင်ရှင် ဒေါ်မြင့်မြင့်မော်တစ်ဦးတည်း ရှိနေစဉ် အမျိုးသမီးတစ်ဦးရောက်လာပြီး အဆောင်ဌားရန် ပြောဆိုခဲ့ကြောင်း သိရပါတယ်။

အဲဒီနောက် ဒေါ်မြင့်မြင့်မော်က မိမိမှာ အခန်းပြည့်သွားပြီဖြစ်တာကြောင့် ယောက္ခမရဲ့ အဆောင်ကို သွားရောက်ဖို့လမ်းညွှန်ပေးခဲ့ပေမယ့် အဆိုပါအမျိုးသမီး က နေအိမ်က မထွက်သွားသေးဘဲ အိမ်အတွင်းဝင်လာစဉ်က ပါလာတဲ့ ပန်းစည်းကို အထုတ်ဖြေပြီး ၁ ပေခန့်ရှိတဲ့ ထင်းချောင်းနဲ့ ရိုက်ခဲ့တာကြောင့် ရုန်းရင်းဆန်ခတ်ဖြစ်ရင်း ဒေါ်မြင့်မြင့်မော်ရဲ့ ဆွဲကြိုးပျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။

ဖြစ်စဉ်ဖြစ်ပွားချိန်မှာပဲ ခြံအနီးပတ်ဝန်းကျင်က လူတွေ ဝိုင်းဝန်းဖမ်းဆီးမှုကြောင့် တိုက်ခိုက်သူအမျိုးသမီးကို ချက်ချင်းဖမ်းဆီးနိုင်ခဲ့ပါတယ်။

ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး နေအိမ်အတွင်းသို့ ခွင့်ပြုချက် မရှိဘဲ ဝင်ရောက်လာပြီး နာကျင်ဒဏ်ရာတွေ ရအောင်ပြုလုပ်ခြင်း၊ ဝတ်ဆင်ထားတဲ့ ဆွဲကြိုးကိုပျက်စီးအောင်လုပ်သူ အေးမြင့်မြတ်ကို အရေးယူပေးဖို့ သက်ဆိုင်ရာ ပြင်စာရဲစခန်းကိုု အမှုဖွင့်တိုင်ကြားခဲ့တာဖြစ်ပါတယ်။

ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ ပြင်စာရဲစခန်းကို အမှုဖွင့်တိုင်ကြားထားပြီး ရဲစခန်းက ဆက်လက် စစ်ဆေးနေတယ်လို့ ပြင်စာရဲစခန်း ရဲအရာရှိတစ်ဦးက ပြောပါတယ်။

“လောလောဆယ်တော့ သူတို့လာတိုင်လို့ ရဲစခန်းက အမှုဖွင့်ထားပါတယ်။ တရားလိုဖက်က လာတိုင်တဲ့အချက်အလက်တွေကို စစ်ဆေးတဲ့အခါကွဲလွဲမှုတွေရှိပါတယ်။ အမှုစစ်က အခင်းဖြစ်နေရာကို သွားရောက်စစ်ဆေးနေပါတယ်။ ပုဒ်မတွေက ၄၅၂၊၃၂၃၊၄၂၇ တို့နဲ့ အမှုဖွင့်ထားပါတယ်” လို့ ရဲအရာရှိကဆေိုပါတယ်။

လူမှုကွန်ရက်ပေါ်မှာတော့ တိုက်ခိုက်သူအမျိုးသမီးဟာ အဲ့ဒီအဆောင်မှာနေဖို့ စပေါ်ကြိုတင်ပေးထားခဲ့တာကို အဆောင်ပိုင်ရှင်က သူယူထားတဲ့ အခန်းကို ငှားလိုက်ရာကစပြီး အချေအတင်ဖြစ်တာလို့ ပြောဆိုမှုတွေရှိပါတယ်။

 

 

 

[Zawgyi Version]

ျပင္ဦးလြင္က အမ်ိဳးသမီးအေဆာင္တစ္ခုမွာ အေဆာင္ပုိင္ရွင္ အမ်ိဳးသမီးတစ္ဦးတည္းရွိေနစဥ္ အျခား အမ်ိဳးသမီးတစ္ဦးက တုိက္ခုိက္မႈတစ္ခု  ဇူလုိင္လ ၁၂ ရက္ေန႔က ျဖစ္ပြားခဲ့တယ္လုိ႔ ျပင္စာ ရဲစခန္း ကသိရပါ တယ္။

ျဖစ္စဥ္ကေတာ့ ျပင္ဦးလြင္ၿမိဳ႕ သံုးေတာင္ရြာက ျမင့္ျမတ္ေမ အမ်ိဳးသမီးေဘာ္ဒါေဆာင္မွာ အေဆာင္ပုိင္ရွင္ ေဒၚျမင့္ျမင့္ေမာ္တစ္ဦးတည္း ရွိေနစဥ္ အမ်ိဳးသမီးတစ္ဦးေရာက္လာၿပီး အေဆာင္ဌားရန္ ေျပာဆုိခဲ့ေၾကာင္း သိရပါတယ္။

အဲဒီေနာက္ ေဒၚျမင့္ျမင့္ေမာ္က မိမိမွာ အခန္းျပည့္သြားၿပီျဖစ္တာေၾကာင့္ ေယာကၡမရဲ႕ အေဆာင္ကုိ သြားေရာက္ဖုိ႔လမ္းညႊန္ေပးခဲ့ေပမယ့္ အဆိုပါအမ်ိဳးသမီး က ေနအိမ္က မထြက္သြားေသးဘဲ အိမ္အတြင္း၀င္လာစဥ္က ပါလာတဲ့ ပန္းစည္းကုိ အထုတ္ေျဖၿပီး ၁ ေပခန္႔ရွိတဲ့ ထင္းေခ်ာင္းနဲ႔ ရုိက္ခဲ့တာေၾကာင့္ ရုန္းရင္းဆန္ခတ္ျဖစ္ရင္း ေဒၚျမင့္ျမင့္ေမာ္ရဲ႕ ဆြဲႀကိဳးပ်က္ဆီးခဲ့တယ္လုိ႔ ဆုိပါတယ္။

ျဖစ္စဥ္ျဖစ္ပြားခ်ိန္မွာပဲ ျခံအနီးပတ္၀န္းက်င္က လူေတြ ၀ိုင္း၀န္းဖမ္းဆီးမႈေၾကာင့္ တုိက္ခုိက္သူအမ်ိဳးသမီးကုိ ခ်က္ခ်င္းဖမ္းဆီးႏုိင္ခဲ့ပါတယ္။

ဒီျဖစ္စဥ္နဲ႔ ပတ္သက္ၿပီး ေနအိမ္အတြင္းသုိ႔ ခြင့္ျပဳခ်က္ မရွိဘဲ ၀င္ေရာက္လာၿပီး နာက်င္ဒဏ္ရာေတြ ရေအာင္ျပဳလုပ္ျခင္း၊ ၀တ္ဆင္ထားတဲ့ ဆြဲႀကိဳးကုိပ်က္စီးေအာင္လုပ္သူ ေအးျမင့္ျမတ္ကုိ အေရးယူေပးဖုိ႔ သက္ဆုိင္ရာ ျပင္စာရဲစခန္းကိုု အမႈဖြင့္တုိင္ၾကားခဲ့တာျဖစ္ပါတယ္။

ဒီျဖစ္စဥ္နဲ႔ ပတ္သက္ၿပီး သက္ဆုိင္ရာ ျပင္စာရဲစခန္းကုိ အမႈဖြင့္တုိင္ၾကားထားၿပီး ရဲစခန္းက ဆက္လက္ စစ္ေဆးေနတယ္လို႔ ျပင္စာရဲစခန္း ရဲအရာရွိတစ္ဦးက ေျပာပါတယ္။

“ေလာေလာဆယ္ေတာ့ သူတုိ႔လာတုိင္လို႔ ရဲစခန္းက အမႈဖြင့္ထားပါတယ္။ တရားလုိဖက္က လာတုိင္တဲ့အခ်က္အလက္ေတြကုိ စစ္ေဆးတဲ့အခါကြဲလြဲမႈေတြရွိပါတယ္။ အမႈစစ္က အခင္းျဖစ္ေနရာကုိ သြားေရာက္စစ္ေဆးေနပါတယ္။ ပုဒ္မေတြက ၄၅၂၊၃၂၃၊၄၂၇ တုိ႔နဲ႔ အမႈဖြင့္ထားပါတယ္” လုိ႔ ရဲအရာရွိကေဆုိပါတယ္။

လူမႈကြန္ရက္ေပၚမွာေတာ့ တုိက္ခုိက္သူအမ်ိဳးသမီးဟာ အဲ့ဒီအေဆာင္မွာေနဖုိ႔ စေပၚၾကိဳတင္ေပးထားခဲ့တာကုိ အေဆာင္ပုိင္ရွင္က သူယူထားတဲ့ အခန္းကုိ ငွားလုိက္ရာကစျပီး အေခ်အတင္ျဖစ္တာလုိ႔ ေျပာဆုိမႈေတြရွိပါတယ္။

 

 

 


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs