• Local News
    ဖားကန့်မှာ ကျောက်စိမ်းအရိုင်းတုံးတွေ အလကားပေးလို့ ရေမဆေးကျောက် ရှာသူတွေပျော်ရွှင်
Hmue Eain Zaw
[Unicode Version]

ဖားကန့်မှာ ကျောက်စိမ်းတူးဖော်တဲ့လုပ်ငန်းလုပ်ကိုင်နေတဲ့ ပတ္တမြားနဂါးကုမ္ပဏီက သူတို့ ပိုင်တဲ့ ကျောက်စိမ်း အရိုင်းတုံးတွေကို လှူဒါန်းမှုပြုလုပ်နေတာကြောင့် ဒေသခံတွေနဲ့ ရေမဆေး ကျောက်ရှာဖွေသူတွေက ပျော်ရွင် နေကြပါတယ်။



36990654_2055439618053605_3879394644215201792_o.jpg

Photo- Dham Ma Piya



ဖားကန့်မြို့နယ် ယူမာကျေးရွာမှာ ပတ္တမြားနဂါးကုမ္ပဏီက အဲ့ဒီကျောက်ရိုင်းတုံးတွေကို ပေးနေတာဖြစ်ပြီး ဒေသခံ ၅၀၀ လောက်က လာရောက်ယူခဲ့ကြတယ်လို့ ဒေသခံတစ်ဦးဖြစ်တဲ့ ကိုဇော်မိုးထက်ကပြောပါတယ်။



အခုလိုပေးတဲ့ ကျောက်တွေဟာ အရည်အသွေးနိမ့်ကျောက်စိမ်းတွေဖြစ်ပေမယ့် ၁၀ ဘီးကား အစီး ၁၅၀ လောက်တိုက် စာရှိတာကြောင့် များပြားပါတယ်။ ဒေသခံတွေအတွက်တော့ အဲ့ဒီက ရတဲ့ ကျောက်စိမ်းတွေဟာ ထိုက်သင့်သလောက်တန်ဖိုးရှိတာကြောင့် စားဝတ်နေရေးကို အတော်အတန်အဆင်ပြေနိုင်မယ်လို့ ဆိုပါတယ်။

36919023_2055439651386935_37844344119492608_o.jpg

ပထမပိုင်းမှာ ကုမ္ပဏီရဲ့ခြံစည်းရိုးပျက်စီးနေတဲ့နေရာကနေ ရေမဆေးကျောက်သမားတွေက ဝင်ရောက်ယူငင်ရာကနေ လူအများယူနိုင်အောင်လို့ ခွင့်ပေးလိုက်ပြီး အလှူအတန်းလုပ်လိုက်တာဖြစ်တယ်လို့ သိရပါတယ်။



ကျောက်စိမ်းအရိုင်းတုံးယူတဲ့သူတွေအနေနဲ့ မနက် ၈ နာရီကနေ ညနေ ၅ နာရီအတွင်းမှာ လာရောက်ယူနိုင်တာဖြစ်ပြီး ဇူလိုင်လ ၁၀ ရက်နေ့က နေစတင်ခွင့်ပြုထားတာဖြစ်တယ်လို့ လည်းသိရပါတယ်။ ဒီလို ကျောက်စိမ်းရိုင်းတုံးတွေ ပေးလှူတဲ့ ဖြစ်စဉ်ဟာ ဖားကန့်ဒေသမှာ အလွန်ကိုဖြစ်ခဲတဲ့ကိစ္စဖြစ်ပြီး ခုအကြိမ်ဟာ ပထမဆုံးအကြိမ်လို့လည်း ပြောလို့ရတယ်လို့ဆိုပါတယ်။

[Zawgyi Version]

ဖားကန္႔မွာ ေက်ာက္စိမ္းတူးေဖာ္တဲ့လုပ္ငန္းလုပ္ကုိင္ေနတဲ့ ပတၱျမားနဂါးကုမၸဏီက သူတုိ႔ ပုိင္တဲ့ ေက်ာက္စိမ္း အရုိင္းတုံးေတြကုိ လွဴဒါန္းမႈျပဳလုပ္ေနတာေၾကာင့္ ေဒသခံေတြနဲ႔ ေရမေဆး ေက်ာက္ရွာေဖြသူေတြက ေပ်ာ္ရြင္ ေနၾကပါတယ္။



Photo- Dham Ma Piya



ဖားကန္႔ၿမိဳ႕နယ္ ယူမာေက်းရြာမွာ ပတၱျမားနဂါးကုမၸဏီက အဲ့ဒီေက်ာက္ရုိင္းတုံးေတြကုိ ေပးေနတာျဖစ္ျပီး ေဒသခံ ၅၀၀ ေလာက္က လာေရာက္ယူခဲ့ၾကတယ္လုိ႔ ေဒသခံတစ္ဦးျဖစ္တဲ့ ကုိေဇာ္မုိးထက္ကေျပာပါတယ္။



အခုလုိေပးတဲ့ ေက်ာက္ေတြဟာ အရည္အေသြးနိမ့္ေက်ာက္စိမ္းေတြျဖစ္ေပမယ့္ ၁၀ ဘီးကား အစီး ၁၅၀ ေလာက္တုိက္ စာရွိတာေၾကာင့္ မ်ားျပားပါတယ္။ ေဒသခံေတြအတြက္ေတာ့ အဲ့ဒီက ရတဲ့ ေက်ာက္စိမ္းေတြဟာ ထုိက္သင့္သေလာက္တန္ဖုိးရွိတာေၾကာင့္ စား၀တ္ေနေရးကုိ အေတာ္အတန္အဆင္ေျပႏုိင္မယ္လုိ႕ ဆုိပါတယ္။



ပထမပုိင္းမွာ ကုမၸဏီရဲ႕ျခံစည္း႐ိုးပ်က္စီးေနတဲ့ေနရာကေန ေရမေဆးေက်ာက္သမားေတြက ၀င္ေရာက္ယူငင္ရာကေန လူအမ်ားယူႏုိင္ေအာင္လုိ႔ ခြင့္ေပးလုိက္ျပီး အလွဴအတန္းလုပ္လုိက္တာျဖစ္တယ္လုိ႔ သိရပါတယ္။



ေက်ာက္စိမ္းအရုိင္းတုံးယူတဲ့သူေတြအေနနဲ႔ မနက္ ၈ နာရီကေန ညေန ၅ နာရီအတြင္းမွာ လာေရာက္ယူႏုိင္တာျဖစ္ျပီး ဇူလုိင္လ ၁၀ ရက္ေန႔က ေနစတင္ခြင့္ျပဳထားတာျဖစ္တယ္လုိ႔ လည္းသိရပါတယ္။ ဒီလုိ ေက်ာက္စိမ္းရုိင္းတုံးေတြ ေပးလွဴတဲ့ ျဖစ္စဥ္ဟာ ဖားကန္႔ေဒသမွာ အလြန္ကုိျဖစ္ခဲတဲ့ကိစၥျဖစ္ျပီး ခုအၾကိမ္ဟာ ပထမဆုံးအၾကိမ္လုိ႔လည္း ေျပာလုိ႔ရတယ္လုိ႔ဆုိပါတယ္။


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs