• Local News
    သံသုမာလမ်းမပေါ်ပြတ်ကျနေတဲ့ ဓါတ်ကြိုးကြောင့် ကလေးတစ်ဦး သေဆုံး
Hmue Eain Zaw
[Unicode Version]

ဇူလိုင်လ ၁၃ ရက်နေ့ ညနေ ၅ နာရီ လောက်က တောင်ဥက္ကလာမြို့နယ် သံသုမာလမ်းပေါ်မှာ ပြတ်ကျနေတဲ့ ဓါတ်ကြိုးပေါ်ကို ကလေးတစ်ယောက် ထိမိပြီး နေရာမှာတင် သေဆုံးမှုတစ်ခု ဖြစ်ပွားခဲ့ပါတယ်။

37088847_10156276905981047_5574688591805677568_n.jpg

Photo - ကျော်ထက်လူ



သေဆုံးချိန်မှာ လမ်းပေါ်မှာ ရေလျှံနေခဲ့ပြီး ဓါတ်ကြိုးကတော့ ညနေ ၃ နာရီ ခွဲလောက်အချိန် ကတည်းက ပြတ်ကျနေခဲ့တာဖြစ်တယ်လို့ မျက်မြင်သက်သေဖြစ်တဲ့ ကိုကျော်ထက်လူက ပြောပါတယ်။

"ဓါတ်ကြိုးကနေ ညနေ ၃ နာရီခွဲလောက်ထဲက ပြတ်ကျနေတာ ကျွန်တော်တို့တောင်လှမ်းပြီး EPC ကိုပြောသေးတယ်။ ကိုယ့်အိမ်ရှေ့တည့်တည့်မှာ ဖြစ်နေတော့ စိုးရိမ်ပြီးလှမ်းပြောတာ၊ ကလေးက ဖြစ်တာ ၅ နာရီလောက်ဖြစ်တာ၊ လဲကျနေတာ အကြာကြီးပဲ ဘယ်သူမှလည်းသွားမယူရဲဘူးလေ၊ ၁၅ မိနစ်လောက်ကြာမှ မိဘတွေက လာပြီး ယူသွားကြတယ်" လို့ ကိုကျော်ထက်လူကပြောပါတယ်။

2018-07-13_225913.jpg

Map: Google



ဓါတ်လိုက်တဲ့ ကလေးကိုတော့ စံပြဆေးရုံကို ပို့ခဲ့ပေမယ့် ဓါတ်လိုက်တဲ့ အချိန်ကတည်းက ဆုံးပါးနေခဲ့တာဖြစ်တယ်လို့ EPC တာဝန်ရှိသူက ပြောပါတယ်။

"ကလေးကတော့နေရာမှာတင်ဆုံးသွားပါတယ်။ ကျွန်တော်တို့လည်း ပြတ်ကျနေတဲ့ ဓါတ်ကြိုးတွေကို ပြန်လည်ပြုပြင်ခဲ့ပါတယ်။ နောက် ဘာဆက်လုပ်ရမလဲတော့ လူကြီးတွေပဲသိပါလိမ့်မယ်။"လို့ တောင်ဥက္ကလာမြို့နယ် လျှပ်စစ်ရုံးက ကျွမ်းကျင်အမှတ် ၃ တာဝန်ရှိသူ ဦးသန်းဝင်းက ဓူဝံကိုပြောပါတယ်။

 

[Zawgyi Version]

ဇူလုိင္လ ၁၃ ရက္ေန႔ ညေန ၅ နာရီ ေလာက္က ေတာင္ဥကၠလာၿမိဳ႕နယ္ သံသုမာလမ္းေပၚမွာ ျပတ္က်ေနတဲ့ ဓါတ္ၾကိဳးေပၚကုိ ကေလးတစ္ေယာက္ ထိမိျပီး ေနရာမွာတင္ ေသဆုံးမႈတစ္ခု ျဖစ္ပြားခဲ့ပါတယ္။

37088847_10156276905981047_5574688591805677568_n.jpg

Photo - ေက်ာ္ထက္လူ



ေသဆုံးခ်ိန္မွာ လမ္းေပၚမွာ ေရလွ်ံေနခဲ့ၿပီး ဓါတ္ႀကိဳးကေတာ့ ညေန ၃ နာရီ ခြဲေလာက္အခ်ိန္ ကတည္းက ျပတ္က်ေနခဲ့တာျဖစ္တယ္လုိ႔ မ်က္ျမင္သက္ေသျဖစ္တဲ့ ကုိေက်ာ္ထက္လူက ေျပာပါတယ္။

"ဓါတ္ၾကိဳးကေန ညေန ၃ နာရီခြဲေလာက္ထဲက ျပတ္က်ေနတာ ကြ်န္ေတာ္တုိ႔ေတာင္လွမ္းၿပီး EPC ကုိေျပာေသးတယ္။ ကုိယ့္အိမ္ေရွ႕တည့္တည့္မွာ ျဖစ္ေနေတာ့ စုိးရိမ္ျပီးလွမ္းေျပာတာ၊ ကေလးက ျဖစ္တာ ၅ နာရီေလာက္ျဖစ္တာ၊ လဲက်ေနတာ အၾကာႀကီးပဲ ဘယ္သူမွလည္းသြားမယူရဲဘူးေလ၊ ၁၅ မိနစ္ေလာက္ၾကာမွ မိဘေတြက လာျပီး ယူသြားၾကတယ္" လုိ႔ ကုိေက်ာ္ထက္လူကေျပာပါတယ္။

2018-07-13_225913.jpg

Map: Google



ဓါတ္လုိက္တဲ့ ကေလးကုိေတာ့ စံျပေဆးရုံကုိ ပုိ႔ခဲ့ေပမယ့္ ဓါတ္လုိက္တဲ့ အခ်ိန္ကတည္းက ဆုံးပါးေနခဲ့တာျဖစ္တယ္လုိ႔ EPC တာ၀န္ရွိသူက ေျပာပါတယ္။

"ကေလးကေတာ့ေနရာမွာတင္ဆုံးသြားပါတယ္။ ကြ်န္ေတာ္တုိ႔လည္း ျပတ္က်ေနတဲ့ ဓါတ္ႀကိဳးေတြကုိ ျပန္လည္ျပဳျပင္ခဲ့ပါတယ္။ ေနာက္ ဘာဆက္လုပ္ရမလဲေတာ့ လူၾကီးေတြပဲသိပါလိမ့္မယ္။"လုိ႔ ေတာင္ဥကၠလာၿမိဳ႕နယ္ လွ်ပ္စစ္ရုံးက ကြ်မ္းက်င္အမွတ္ ၃ တာဝန္ရွိသူ ဦးသန္းဝင္းက ဓူဝံကုိေျပာပါတယ္။

 


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs