• Local News
    ဖားကန့်မှာ ကျောက်စိမ်းလုပ်ကွက် ကမ်းပါးပြိုကျလို့ အနည်းဆုံးလူ ၁၄ ဦးသေဆုံးပြီး ၃၀ ကျော် ဒဏ်ရာရ
Hmue Eain Zaw
[Unicode Version]

ဖားကန့်မြို့နယ် လုံးခင်းအုပ်စု ဆန်ခါကျေးရွာအနီးက ကျောက်စိမ်းလုပ်ကွက် ကမ်းပါးနံရံပြိုကျမှု ဇူလိုင်လ ၁၄ ရက်နေ့ မွန်းလွဲ ၂ နာရီ ၁၀ မိနစ် ခန့်က ဖြစ်ပွားခဲ့တာကြောင့် လူ ၁၄ ထက်မနည်းသေဆုံးပြီး ၃၀ ကျော်လောက် ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။

37211142_1764153987032762_1686806413608747008_o.jpg

Photo - Zaw Moe Htet





လောလောဆယ် ကယ်ထုတ်လို့ရသလောက် ဆက်လက်ကယ်ထုတ်နေပြီး သေဆုံးသူအရည်အတွက်နဲ့ ဒဏ်ရာ ရသူ အရည်အတွက်အတိအကျကိုတော့ ဆက်လက်ရှာဖွေပြီးမှပဲ ပြောလို့ရမယ်လို့ အဲ့ဒီနေရာမှာ သွားရောက် သတင်းရယူနေတဲ့ သတင်းထောက် ကိုဂျူလိုင်စည်သူကပြောပါတယ်။



ဒေသခံတွေရဲ့ခန့်မှန်းချက်တွေအရ သေဆုံးမှုဟာ ဒီထက်ပိုနိုင်တယ်လို့ ဆိုပါတယ်။ မြေစာပုံအောက်ရောက်သွားတဲ့ သူတွေကို ပြန်လည်ဖော်ထုတ်ဖို့က အခက်အခဲတွေများစွာရှိနေတာလည်းဖြစ်ပါတယ်။

 

37113428_1764221083692719_5686234488825184256_n.jpg

 

"ကယ်ထုတ်လို့ရသလောက် ကယ်ထုတ်နေပါတယ်။ အဲ့ဒီနေရာတွေမှာ ကန့်သတ်နယ်မြေလည်း လုပ်ပြီးပါပြီ။ ဒဏ်ရာ ရသူတွေကို ဆေးရုံပို့တာတွေကိုလည်း ဆက်ပြီး လုပ်ပေးနေတယ်။ ဌာနဆိုင်ရတွေအကုန်လုံးလည်း ပူးပေါင်းဆောင်ရွက်ပေးနေပါတယ်။"လို့ ဖားကန့် အုပ်ချုပ်ရေးမှူး ဦးကျော်စွာအောင် ဓူဝံကိုပြောပါတယ်။



ဖားကန့်ကျောက်စိမ်းတွင်းဒေသမှာ ၂၀၁၈ ခုနှစ်အတွင်း မြေပြိုမှု ၊ကမ်းပါးပြိုကျမှု ( ၁၁ ) ကြိမ်ဖြစ်ပွားခဲ့ပြီး လူပေါင်း ( ၇၈ )ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရသူ ( ၁၇ ) ယောက်ရှိခဲ့ပြီလည်းဖြစ်ပါတယ်။ ခုထပ်မံဖြစ်ပွားမှု စာရင်းကတော့ အသေးစိတ်စုံစမ်းနေဆဲဖြစ်ပါတယ်။

[Zawgyi Version]

ဖားကန္႔ၿမိဳ႕နယ္ လုံးခင္းအုပ္စု ဆန္ခါေက်းရြာအနီးက ေက်ာက္စိမ္းလုပ္ကြက္ ကမ္းပါးနံရံၿပိဳက်မႈ ဇူလုိင္လ ၁၄ ရက္ေန႔ မြန္းလြဲ ၂ နာရီ ၁၀ မိနစ္ ခန္႔က ျဖစ္ပြားခဲ့တာေၾကာင့္ လူ ၁၄ ထက္မနည္းေသဆုံးျပီး ၃၀ ေက်ာ္ေလာက္ ဒဏ္ရာ ရရွိခဲ့တယ္လုိ႔ သိရပါတယ္။

Photo - Zaw Moe Htet





ေလာေလာဆယ္ ကယ္ထုတ္လုိ႔ရသေလာက္ ဆက္လက္ကယ္ထုတ္ေနျပီး ေသဆုံးသူအရည္အတြက္နဲ႔ ဒဏ္ရာ ရသူ အရည္အတြက္အတိအက်ကုိေတာ့ ဆက္လက္ရွာေဖြျပီးမွပဲ ေျပာလုိ႔ရမယ္လုိ႔ အဲ့ဒီေနရာမွာ သြားေရာက္ သတင္းရယူေနတဲ့ သတင္းေထာက္ ကုိဂ်ဴလုိင္စည္သူကေျပာပါတယ္။



ေဒသခံေတြရဲ႕ခန္႔မွန္းခ်က္ေတြအရ ေသဆုံးမႈဟာ ဒီထက္ပုိႏုိင္တယ္လုိ႔ ဆုိပါတယ္။ ေျမစာပုံေအာက္ေရာက္သြားတဲ့ သူေတြကုိ ျပန္လည္ေဖာ္ထုတ္ဖုိ႔က အခက္အခဲေတြမ်ားစြာရွိေနတာလည္းျဖစ္ပါတယ္။

 



 

"ကယ္ထုတ္လုိ႔ရသေလာက္ ကယ္ထုတ္ေနပါတယ္။ အဲ့ဒီေနရာေတြမွာ ကန္႔သတ္နယ္ေျမလည္း လုပ္ျပီးပါျပီ။ ဒဏ္ရာ ရသူေတြကုိ ေဆးရုံပို႔တာေတြကုိလည္း ဆက္ျပီး လုပ္ေပးေနတယ္။ ဌာနဆုိင္ရေတြအကုန္လုံးလည္း ပူးေပါင္းေဆာင္ရြက္ေပးေနပါတယ္။"လုိ႔ ဖားကန္႔ အုပ္ခ်ဳပ္ေရးမွဴး ဦးေက်ာ္စြာေအာင္ ဓူ၀ံကုိေျပာပါတယ္။



ဖားကန္႔ေက်ာက္စိမ္းတြင္းေဒသမွာ ၂၀၁၈ ခုႏွစ္အတြင္း ေျမၿပိဳမႈ ၊ကမ္းပါးၿပိဳက်မႈ ( ၁၁ ) ႀကိမ္ျဖစ္ပြားခဲ့ၿပီး လူေပါင္း ( ၇၈ )ဦး ေသဆုံးခဲ့ၿပီး ဒဏ္ရာရသူ ( ၁၇ ) ေယာက္ရွိခဲ့ၿပီလည္းျဖစ္ပါတယ္။ ခုထပ္မံျဖစ္ပြားမႈ စာရင္းကေတာ့ အေသးစိတ္စုံစမ္းေနဆဲျဖစ္ပါတယ္။



ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs