• Local News
    ရန်ကုန်တိုင်းအစိုးရက ရောင်းချတဲ့ တန်ဖိုးနည်းတိုက်ခန်းများ သြဂုတ်လအတွင်းနေထိုင်ခွင့်ရမည်
Hmue Eain Zaw
[Unicode Version]

ရန်ကုန်တိုင်း အစိုးရအဖွဲ့က စီစဉ်ရောင်းချတဲ့ တန်ဖိုးနည်း တန်ဖိုးသင့်တိုက်ခန်း တွေကို လာမယ့် သြဂုတ်လအတွင်းနေထိုင်ခွင့်ရဖို့ စီစဉ်ထားတယ်လို့ ပြည်သူ့အိမ်ယာရောင်းချရေး ကော်မတီဝင် ဦးညီညီ က ပြောပါတယ်။

37110429_1990928474297773_4206003310525677568_n.jpg



တိုက်ခန်းဝယ်ယူခွင့်ရရှိသူ အမည်စာရင်းကို ဇူလိုင် (၁၀) ရက်က စတင်ပြီးတော့ ထုတ်ပြန်ကြေညာ ထားတာပါ။ အဲ့ဒီ့အမည်စာရင်းကို ရန်ကုန်တိုင်းဒေသကြီး မြို့ပြနဲ့ အိမ်ယာဖွံ့ဖြိုးရေး ဦးစီးဌာန ရန်ကုန်တိုင်းခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ရုံးတွေမှာ ထုတ်ပြန်ကြေငြာထားပြီး ဝင်ခွင့်ရရှိသူ (၈၀၀)ကျော် အမည်စာရင်းတွေကို ထုတ်ပြန်ကြေငြာထားတာပါ။



တိုက်ခန်းဝယ်ယူခွင့်ရသူများအနေနဲ့ ဇူလိုင် ၂၀ ရက်နောက်ဆုံးထား ပြီး မြို့ပြနှင့်အိမ်ရာဖွံဖြိုးရေး ဦးစီးဌာန ရုံးကို ဆက်သွယ်ရမှာဖြစ်ပြီး ဇူလိုင် (၂၅-၂၆)ရက်မှာ နေထိုင်ခွင့်ရမယ့် တိုက်ခန်းနေရာကိုမဲနှိုက်မယ်လို့ ပြည်သူ့အိမ်ယာရောင်းချရေး ကော်မတီဝင် ဦးညီညီ က ပြောပါတယ်။



" မဲနှိုက်ပြီးတော့ ဒီသြဂုတ်လ အတွင်းလောက်တော့ သူတို့နေနိုင်ဖို့အတွက် စီစဉ်သွားမှာပါ။ တိုက်ခန်း (၁၀၀၀) မှာ မဲနှိုက်လိုက်တာက (၈၀၀)ကျော်ပါ။ ကျန်တာတွေက ဌာနဆိုင်ရာက ဝန်ထမ်းအိမ်ယာ တွေအတွက် ကော်မတီရဲ့ ဆုံးဖြတ်ချက်နဲ့ ပေးလိုက်ပါတယ်။" လို့ ဓူဝံ မီဒီယာ ကိုပြောပါတယ်။



မိသားစု လစဉ်ဝင်ငွေ (၅)သိန်းအောက် အများပြည်သူ (၂၄၇)ဦး ၊ ကုမ္ပဏီ ဝန်ထမ်း (၁၇၅)ဦး ၊ နိုင်ငံဝန်ထမ်း (၁၇၅)ဦး နဲ့ အငြိမ်းစားဝန်ထမ်း (၁၀၆)ဦး ၊ မိသားစုဝင်ငွေ (၅)သိန်းအထက် ရရှိတဲ့ အများပြည်သူ (၇၄)ဦး ၊ ကုမ္ပဏီဝန်ထမ်း (၄၆)ဦး ၊ နိုင်ငံဝန်ထမ်း (၅၁)ဦး ၊ အငြိမ်းစားဝန်ထမ်း (၂၃)ဦး တို့ဖြစ်ပြီး ၊ မိသားစု လစဉ်ဝင်ငွေ (၅)သိန်အောက်ရရှိသူတွေက တန်ဖိုးနည်းတိုက်ခန်းဝယ်ယူခွင့်ရမှာ ဖြစ်ပြီး ၊မိသားစုလစဉ်ဝင်ငွေ (၅)သိန်းအထက်ရရှိသူတွေက တန်ဖိုးသင့်တိုက်ခန်း ဝယ်ယူခွင့်ရမှာဖြစ်ပါတယ်။



ဝယ်ယူမယ့်သူမှာ မိသားစုပျမ်းမျှလစဉ်ဝင်ငွေ ကျပ်သုံးသိန်း ကနေ ၁၂ သိန်းအထိ ရှိရပြီး ကနဦးအနေနဲ့ တိုက်ခန်းတန်ဖိုးရဲ့ ၂၀ ရာခိုင်နှုန်းကို အရင်ဆုံး ပေးသွင်းရမှာ ဖြစ်တယ်လို့ သိရပါတယ်။ တိုက်ခန်းတန်ဖိုးကို တစ်ကြိမ်တည်း အကျေပေးသွင်း မှု၊ မြို့ပြနှင့် အိုးအိမ် ဖွံဖြိုးရေးဘဏ်မှာ အတိုးနှုန်း ၈ ဒသမ ၅ ရာခိုင်နှုန်း နဲ့ ၁၅ နှစ်ပေးချေသည့် စနစ်နဲ့ ဝယ်ယူနိုင်တယ်လို့ ပြည် သူ့အိမ်ရာရောင်းချရေးကော်မတီ ကနေ သိရပါတယ်။



ရန်ကုန်တိုင်းအတွင်း ရောင်းချမယ့် အိမ်ရာတွေမှာ ဂုံမြို့ သစ်တောင်ပိုင်းရှိ အင်းဝအိမ်ရာ၊ ကောင်းစံသာအိမ်ရာ၊ ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်ရှိ ယုဇနအိမ်ရာအပိုင်း(၁)၊ (၂)၊ ကနောင်အိမ်ရာ၊သင်္ဃန်းကျွန်းမြို့နယ်ရှိ ကြီးပွားရေးအိမ်ရာ၊ လှိုင်သာယာမြို့နယ်ရှိ ရွှေလင်ဗန်းအိမ်ရာ၊ ထီးလှိုင်အိမ်ရာ၊ ရွှေပြည်သာမြို့နယ်ရှိ Shop House နဲ့ မြောက်ဥက္ကလာပမြို့နယ်ရှိ ရွှေပေါက်ကံအိမ်ရာတို့ ဖြစ်ပါတယ်။

[Zawgyi Version]

ရန္ကုန္တိုင္း အစိုးရအဖြဲ႕က စီစဥ္ေရာင္းခ်တဲ့ တန္ဖိုးနည္း တန္ဖိုးသင့္တိုက္ခန္း ေတြကို လာမယ့္ ၾသဂုတ္လအတြင္းေနထိုင္ခြင့္ရဖို႔ စီစဥ္ထားတယ္လို႔ ျပည္သူ႔အိမ္ယာေရာင္းခ်ေရး ေကာ္မတီဝင္ ဦးညီညီ က ေျပာပါတယ္။

37110429_1990928474297773_4206003310525677568_n.jpg



တိုက္ခန္းဝယ္ယူခြင့္ရရွိသူ အမည္စာရင္းကို ဇူလိုင္ (၁၀) ရက္က စတင္ၿပီးေတာ့ ထုတ္ျပန္ေၾကညာ ထားတာပါ။ အဲ့ဒီ့အမည္စာရင္းကို ရန္ကုန္တိုင္းေဒသႀကီး ၿမိဳ႕ျပနဲ႕ အိမ္ယာဖြံ႕ျဖဳိးေရး ဦးစီးဌာန ရန္ကုန္တိုင္းခ႐ိုင္ အေထြေထြအုပ္ခ်ဳပ္ေရး ဦးစီးဌာန ရံုးေတြမွာ ထုတ္ျပန္ေၾကျငာထားၿပီး ဝင္ခြင့္ရရွိသူ (၈၀၀)ေက်ာ္ အမည္စာရင္းေတြကို ထုတ္ျပန္ေၾကျငာထားတာပါ။



တိုက္ခန္းဝယ္ယူခြင့္ရသူမ်ားအေနနဲ႔ ဇူလိုင္ ၂၀ ရက္ေနာက္ဆံုးထား ၿပီး ၿမိဳ႕ျပႏွင့္အိမ္ရာဖြံၿဖိဳးေရး ဦးစီးဌာန ရံုးကို ဆက္သြယ္ရမွာျဖစ္ၿပီး ဇူလိုင္ (၂၅-၂၆)ရက္မွာ ေနထိုင္ခြင့္ရမယ့္ တိုက္ခန္းေနရာကိုမဲႏႈိက္မယ္လို႔ ျပည္သူ႔အိမ္ယာေရာင္းခ်ေရး ေကာ္မတီဝင္ ဦးညီညီ က ေျပာပါတယ္။



" မဲႏႈိက္ၿပီးေတာ့ ဒီၾသဂုတ္လ အတြင္းေလာက္ေတာ့ သူတို႔ေနႏိုင္ဖို႔အတြက္ စီစဥ္သြားမွာပါ။ တိုက္ခန္း (၁၀၀၀) မွာ မဲႏႈိက္လိုက္တာက (၈၀၀)ေက်ာ္ပါ။ က်န္တာေတြက ဌာနဆိုင္ရာက ဝန္ထမ္းအိမ္ယာ ေတြအတြက္ ေကာ္မတီရဲ႕ ဆံုးျဖတ္ခ်က္နဲ႕ ေပးလိုက္ပါတယ္။" လို႔ ဓူဝံ မီဒီယာ ကိုေျပာပါတယ္။



မိသားစု လစဥ္ဝင္ေငြ (၅)သိန္းေအာက္ အမ်ားျပည္သူ (၂၄၇)ဦး ၊ ကုမၸဏီ ဝန္ထမ္း (၁၇၅)ဦး ၊ ႏိုင္ငံဝန္ထမ္း (၁၇၅)ဦး နဲ႕ အၿငိမ္းစားဝန္ထမ္း (၁၀၆)ဦး ၊ မိသားစုဝင္ေငြ (၅)သိန္းအထက္ ရရွိတဲ့ အမ်ားျပည္သူ (၇၄)ဦး ၊ ကုမၸဏီဝန္ထမ္း (၄၆)ဦး ၊ ႏိုင္ငံဝန္ထမ္း (၅၁)ဦး ၊ အၿငိမ္းစားဝန္ထမ္း (၂၃)ဦး တို႔ျဖစ္ၿပီး ၊ မိသားစု လစဥ္ဝင္ေငြ (၅)သိန္ေအာက္ရရွိသူေတြက တန္ဖိုးနည္းတိုက္ခန္းဝယ္ယူခြင့္ရမွာ ျဖစ္ၿပီး ၊မိသားစုလစဥ္ဝင္ေငြ (၅)သိန္းအထက္ရရွိသူေတြက တန္ဖိုးသင့္တိုက္ခန္း ဝယ္ယူခြင့္ရမွာျဖစ္ပါတယ္။



၀ယ္ယူမယ့္သူမွာ မိသားစုပ်မ္းမွ်လစဥ္ဝင္ေငြ က်ပ္သံုးသိန္း ကေန ၁၂ သိန္းအထိ ရွိရၿပီး ကနဦးအေနနဲ႔ တုိက္ခန္းတန္ဖုိးရဲ႕ ၂၀ ရာခိုင္ႏႈန္းကုိ အရင္ဆံုး ေပးသြင္းရမွာ ျဖစ္တယ္လုိ႔ သိရပါတယ္။ တိုက္ခန္းတန္ဖိုးကို တစ္ႀကိမ္တည္း အေက်ေပးသြင္း မႈ၊ ၿမိဳ႕ျပႏွင့္ အိုးအိမ္ ဖြံၿဖိဳးေရးဘဏ္မွာ အတုိးႏႈန္း ၈ ဒသမ ၅ ရာခိုင္ႏႈန္း နဲ႔ ၁၅ ႏွစ္ေပးေခ်သည့္ စနစ္နဲ႔ ဝယ္ယူႏုိင္တယ္လုိ႔ ျပည္ သူ႔အိမ္ရာေရာင္းခ်ေရးေကာ္မတီ ကေန သိရပါတယ္။



ရန္ကုန္တုိင္းအတြင္း ေရာင္းခ်မယ့္ အိမ္ရာေတြမွာ ဂံုၿမိဳ႕ သစ္ေတာင္ပိုင္းရွိ အင္းဝအိမ္ရာ၊ ေကာင္းစံသာအိမ္ရာ၊ ဒဂံုၿမိဳ႕သစ္ဆိပ္ကမ္းၿမိဳ႕နယ္ရွိ ယုဇနအိမ္ရာအပိုင္း(၁)၊ (၂)၊ ကေနာင္အိမ္ရာ၊သဃၤန္းကၽြန္းၿမိဳ႕နယ္ရွိ ႀကီးပြားေရးအိမ္ရာ၊ လိႈင္သာယာၿမိဳ႕နယ္ရွိ ေရႊလင္ဗန္းအိမ္ရာ၊ ထီးလိႈင္အိမ္ရာ၊ ေရႊျပည္သာၿမိဳ႕နယ္ရွိ Shop House နဲ႔ ေျမာက္ဥကၠလာပၿမိဳ႕နယ္ရွိ ေရႊေပါက္ကံအိမ္ရာတို႔ ျဖစ္ပါတယ္။


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs