• Local News
    မြန်မာ-ဘင်္ဂလားဒေရှ့်နယ်စပ်ခြံစည်းရိုးကျော်တက်သူနှစ်ဦးကို ရဲတပ်ဖွဲ့ ပစ်ခတ် ဖမ်းဆီးခဲ့
Mi Thawdar Aung
[Unicode Version]

ဘင်္ဂလားဒေရှ့်နိုင်ငံဘက်ကနေ နှစ်နိုင်ငံ ခြံစည်းရိုး ကျော်တတ်ဝင်ရောက်လာသူ နှစ်ဦးကို ဇူလိုင် ၁၆ ရက်မှာ ရဲတပ်ဖွဲ့ ပစ်ခတ်ဖမ်းဆီးမိခဲ့ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

 

moi maungtaw.jpg

Photo - MOI

မောင်တောမြို့နယ်ပေါင်းဇားကျေးရွာမှာနေထိုင်တဲ့ အသက် ၅၅ နှစ်အရွယ် ဒီလူး (ခ) ဒိလ်မာမတ် နဲ့ အသက် ၃၅ နှစ်အရွယ် မာမွတ်ဖာဒူ (ခ) မာမွတ် ဖာရုလ်တို့က  နတ်မြစ်ကို ကျော်ပြီး နယ်စပ်ခြံစည်းရိုးကို ကျော်တတ်ဝင်ရောက်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

အဲဒီလို ဝင်ရောက်စဉ် မောင်တောမြို့နယ် ပေါင်းဇားချောင်းဝစခန်းအနီးမြန်မာ-ဘင်္ဂလားဒေရှ့် နယ်စပ်ခြံစည်းရိုးအမှတ် ၅၂၀ အနီးမှာ ဖမ်းဆီးရမိခဲ့တာလို့ ပြန်ကြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အဆိုပါ ဝင်ရောက်လာသူ နှစ်ဦးကို လုံခြုံရေးရဲတပ်ဖွဲ့က သတိပေးဟန့်တားခဲ့ပေမယ့် မရပ်ဘဲ ဆက်လက် ကျော်တတ်နေတာကြောင့် MA-11 မောင်းပြန်ရိုင်ဖယ်သေနတ်နဲ့ သတိပေးပစ်ခဲ့ခတ်တယ်လို့ သိရပါတယ်။

ပစ်ခတ်မှုကြောင့် ဒီလူး (ခ) ဒိလ်မာမတ် ဝမ်းဗိုက်ယာဘက်ခြမ်း ထိမှန်ဒဏ်ရာ ရရှိခဲ့ပြီး မောင်တောပြည်သူ့ဆေးရုံကို ပို့ဆောင်ထားကာ မာမွတ်ဖာဒူ(ခ) မာမွတ်ဖာရုလ်ကို ပြင်မြူနယ်မြေရဲစခန်းမှာ  စစ်ဆေးနေတယ်လို့ ပြန်ကြားရေးက ထုတ်ပြန်ထားပါတယ်။

 

[Zawgyi Version]

ဘဂၤလားေဒရွ္႕ႏိုင္ငံဘက္ကေန ႏွစ္ႏုိင္ငံ ျခံစည္းရုိး ေက်ာ္တတ္၀င္ေရာက္လာသူ ႏွစ္ဦးကုိ ဇူလုိင္ ၁၆ ရက္မွာ ရဲတပ္ဖြဲ႕ ပစ္ခတ္ဖမ္းဆီးမိခဲ့ေၾကာင္း ျပန္ၾကားေရး ၀န္ႀကီးဌာနက သတင္းထုတ္ျပန္ပါတယ္။

 

Photo - MOI

ေမာင္ေတာၿမိဳ႕နယ္ေပါင္းဇားေက်းရြာမွာေနထုိင္တဲ့ အသက္ ၅၅ ႏွစ္အရြယ္ ဒီလူး (ခ) ဒိလ္မာမတ္ နဲ႔ အသက္ ၃၅ ႏွစ္အရြယ္ မာမြတ္ဖာဒူ (ခ) မာမြတ္ ဖာရုလ္တုိ႔က  နတ္ျမစ္ကုိ ေက်ာ္ၿပီး နယ္စပ္ျခံစည္းရုိးကုိ ေက်ာ္တတ္၀င္ေရာက္ခဲ့တာျဖစ္တယ္လုိ႔ ဆုိပါတယ္။

အဲဒီလုိ ၀င္ေရာက္စဥ္ ေမာင္ေတာၿမိဳ႕နယ္ ေပါင္းဇားေခ်ာင္း၀စခန္းအနီးျမန္မာ-ဘဂၤလားေဒရွ္႕ နယ္စပ္ျခံစည္းရုိးအမွတ္ ၅၂၀ အနီးမွာ ဖမ္းဆီးရမိခဲ့တာလုိ႔ ျပန္ၾကားေရး၀န္ႀကီးဌာနရဲ႕ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

အဆုိပါ ၀င္ေရာက္လာသူ ႏွစ္ဦးကုိ လံုျခံဳေရးရဲတပ္ဖြဲ႕က သတိေပးဟန္႔တားခဲ့ေပမယ့္ မရပ္ဘဲ ဆက္လက္ ေက်ာ္တတ္ေနတာေၾကာင့္ MA-11 ေမာင္းျပန္ရိုင္ဖယ္ေသနတ္နဲ႔ သတိေပးပစ္ခဲ့ခတ္တယ္လုိ႔ သိရပါတယ္။

ပစ္ခတ္မႈေၾကာင့္ ဒီလူး (ခ) ဒိလ္မာမတ္ ၀မ္းဗုိက္ယာဘက္ျခမ္း ထိမွန္ဒဏ္ရာ ရရွိခဲ့ၿပီး ေမာင္ေတာျပည္သူ႔ေဆးရုံကုိ ပုိ႔ေဆာင္ထားကာ မာမြတ္ဖာဒူ(ခ) မာမြတ္ဖာရုလ္ကုိ ျပင္ျမဴနယ္ေျမရဲစခန္းမွာ  စစ္ေဆးေနတယ္လုိ႔ ျပန္ၾကားေရးက ထုတ္ျပန္ထားပါတယ္။

 


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs