• Local News
    ဓါတ်ကြိုးပြတ်ကျ၍ ၇ တန်းကျောင်းသူတစ်ဦးသေဆုံး
Hmue Eain Zaw
[Unicode Version]

ဇူလိုင်လ ၂၀ ရက်နေ့ညပိုင်းက မွန်ပြည်နယ် သထုံမြို့နယ် မှာ လေပြင်းတိုက်ခတ်မှု ဖြစ်ပေါ်ခဲ့ရာကနေ ဓါတ်ကြိုးပြတ်ကျမှုဖြစ်ခဲ့ပြီး ၇ တန်အရွာ်ကျောင်းသူတစ်ဦး ဓါတ်လိုက်သေဆုံးမှု တစ်ခုဖြစ်ပွားခဲ့ပါတယ်။

37613297_1021423784689014_1048675376953294848_n.jpg 



သစ်ကိုင်း ကြိုးကျရာမှတဆင့် ဓါတ်ကြိုးပျက်ကျရာကနေ သထုံ လိပ်အင်းရပ်ကွက်မှာ နေတဲ့ ၇ တန်းကျောင်းသူလေးဟာ ကျူရှင်က အပြန်မှာ ဓါတ်ကြိုးနဲ့ ထိမိပြီးဓါတ်လိုက်သေဆုံးမှုဖြစ်ပွားခဲ့တာဖြစ်ပါတယ်။



"ကျောင်းသူ ၃ ယောက်လာတာမှာ ပြတ်ကျတဲ့ ကြိုးက ကျောင်းသူတစ်ယောက်ကို ထိပြီးဆုံးသွားတာပါ။ ကျန်တဲ့ ကျောင်းသူတွေကတော့ ဘာမှမဖြစ်ပါဘူး။ ကျောင်းသူလေးက အဖိုးတစ်ယောက်ထဲနဲ့ နေတယ်လို့သိပါတယ်။ မိဘတွေက ငယ်ငယ်လေးကတည်းက အိမ်ထောင်ရေးပြဿနာတွေနဲ့ အတူမရှိကြဘူး၊ ခုတော့ ရဲတပ်ဖွဲ့က ကူညီစောင့်လျေက်မှုတွေပြုလုပ်ပေးနေပါတယ်။"လို့ သထုံခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးကျော်ဝင်း က ဓူဝံကို ပြောပါတယ်။

37544423_1021423781355681_3771953181152509952_n.jpg



လက်ရှိမှာတော့ သေဆုံးသွားတဲ့ ကျောင်းသူအတွက် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ခရိုင်ရဲတပ်ဖွဲ့မှူး၊မြို့နယ်အုပ်ချုပ်ရေးမှူး၊မြို့နယ်ရဲတပ်ဖွဲ့မှူး တွေက ကျန်ရစ်သူ မိသားစုကို ငွေကြေးထောက်ပံ့ကူညီတာတွေ လုပ်ပေးနေတယ်လို့ ခရိုင်ရဲတပ်ဖွဲ့မှူးကပြောကြားပါတယ်။



ဒါ့အပြင် လေပြင်းတိုက်ခတ်မှုကြောင့် လိပ်အင်း အခြေခံပညာမူလတန်းကျောင်း ပျက်စီးသွားခဲ့တာတွေ၊ အိမ်တချို့ လေပြင်းနဲ့ အတူပျက်စီခဲ့တာတွေရှိတာကြောင့် ရဲတပ်ဖွဲ့အပါအဝင် အဖွဲ့အစည်းတွေက ကူညီဆောင်ရွက်မှုတွေပြုလုပ်နေတယ်လို့သိရပါတယ်။

[Zawgyi Version]










ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs