• Local News
    တက္ကစီ ငှားစီးရာမှ ဆရာဝန်အမျိုးသမီး ရိုက်နှက်လုယက်ခံရ
Hmue Eain Zaw
[Unicode Version]

တောင်ဥက္ကလာပမြို့နယ်မှာ ဆရာဝန်အမျိုးသမီးတစ်ဦး အဌားယာဉ် ဌားစီးရာကနေ အဌားယာဉ်မောင်းက ရိုက်နှက်လုယက်မှုကျုးလွန်ခဲ့တယ် လို့သိရပါတယ်။

37005663_1692745900780132_4161184858640482304_n.jpg 

ဖြစ်စဉ်ကတော့ ဇူလိုင် ၂၁ ရက်နေ့ မနက် ၁၀ နာရီကျော်လောက်က တောင်ဥက္ကလာပမြို့နယ် ၄ ရပ်ကွက်မှာနေထိုင်တဲ့ ဆရာဝန်မ တစ်ဦးဟာ ဝေဇယန္တာလမ်းမကြီးထောင့်ကနေ ဗဟိုအမျိုးသမီး ဆေးရုံကို တက္ကစီငှားရမ်း စီးနင်းခဲ့ပါတယ်။

ယာဉ်မောင်းအမျိုးသားက အိမ်မှာ ပစ္စည်းဝင်ယူစရာရှိတယ်လို့ ပြောဆိုပြီး ၃ ရပ်ကွက်အတွင်း မောင်းနှင်ခဲ့ရာ ငွေကြာယံဘုန်းကြီးကျောင်းရှေ့ ၁၃ လမ်းအရောက်မှာ ကားရပ်ပြီး ကားနောက်ခန်းမှ ဆရာဝန်မကို လည်ပင်းညှစ်နေချိန် အမျိုးသမီးတစ်ဦး ထပ်မံရောက်လာပြီး သူတို့နှစ်ဦးပူးပေါင်းကာ ဆရာဝန်မကို ၁ ပေခန့်ရှိတဲ့ အလူမီနီယံချောင်းနဲ့ ရိုက်နှက်ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီနောက်ဆရာဝန်မရဲ့ကျာက်စိမ်းလော့ကတ်သီးပါ ရွှေဆွဲကြိုး ၁ ကုံး၊ စိန်နားကပ် ၁ ရံ၊ လက်ကိုင်ဖုန်း ၁ လုံး၊ ထီး ၁ ချောင်း၊ ငွေစက္ကူရောရာ ၅၀,၀၀၀ ကျပ်တို့ကို လုယူခဲ့တယ်လို့ ရဲတပ်ဖွဲ့က စစ်ဆေးပေါ်ပေါက်ခဲ့ပါတယ်။

ရိုက်နှက်ခဲ့ရမှူကြောင့် ဆရာဝန်မမှာ နဖူး၊ ဦးခေါင်း၊ ဝဲပါးတိုမှာ ဖူးရောင်ဒဏ်ရာတွေရရှိခဲ့တာကြောင့် သင်္ဃန်းကျွန်းစံပြဆေးရုံသို့တင်ပို့ခဲ့တယ်လို့သိရပါတယ်။

လက်ရှိမှာ ယာဉ်မောင်းနှင့် အမျိုးသမီးတို့ ၂ ဦး(စုံစမ်းဆဲ)ကို တောင်ဥက္ကလာပမြို့မရဲစခန်း(ပ) ၈၁၈/၂၀၁၈၊ ရာဇသတ်ကြီး ပုဒ်မ ၃၉၄/၁၁၄ (လုယက်မှုကျူးလွန်စဉ်နာကျင်စေမှု/အားပေးကူညီမှု)နဲ့ အမှုဖွင့် စုံစမ်းနေတယ်လို့သိရပါတယ်။

[Zawgyi Version]

ေတာင္ဥကၠလာပၿမိဳ႕နယ္မွာ ဆရာ၀န္အမ်ိဳးသမီးတစ္ဦး အဌားယာဥ္ ဌားစီးရာကေန အဌားယာဥ္ေမာင္းက ရုိက္ႏွက္လုယက္မႈက်ဳးလြန္ခဲ့တယ္ လို႔သိရပါတယ္။

 

ျဖစ္စဥ္ကေတာ့ ဇူလိုင္ ၂၁ ရက္ေန႔ မနက္ ၁၀ နာရီေက်ာ္ေလာက္က ေတာင္ဥကၠလာပၿမိဳ႕နယ္ ၄ ရပ္ကြက္မွာေနထိုင္တဲ့ ဆရာဝန္မ တစ္ဦးဟာ ေဝဇယႏၲာလမ္းမႀကီးေထာင့္ကေန ဗဟိုအမ်ိဳးသမီး ေဆး႐ုံကို တကၠစီငွားရမ္း စီးနင္းခဲ့ပါတယ္။

ယာဥ္ေမာင္းအမ်ိဳးသားက အိမ္မွာ ပစၥည္းဝင္ယူစရာရွိတယ္လို႔ ေျပာဆိုၿပီး ၃ ရပ္ကြက္အတြင္း ေမာင္းႏွင္ခဲ့ရာ ေငြၾကာယံဘုန္းႀကီးေက်ာင္းေရွ႕ ၁၃ လမ္းအေရာက္မွာ ကားရပ္ၿပီး ကားေနာက္ခန္းမွ ဆရာဝန္မကို လည္ပင္းညႇစ္ေနခ်ိန္ အမ်ိဳးသမီးတစ္ဦး ထပ္မံေရာက္လာၿပီး သူတို႔ႏွစ္ဦးပူးေပါင္းကာ ဆရာဝန္မကို ၁ ေပခန္႔ရွိတဲ့ အလူမီနီယံေခ်ာင္းနဲ႔ ႐ိုက္ႏွက္ခဲ့တယ္လုိ႔ ဆုိပါတယ္။

အဲဒီေနာက္ဆရာဝန္မရဲ႕က်ာက္စိမ္းေလာ့ကတ္သီးပါ ေ႐ႊဆြဲႀကိဳး ၁ ကုံး၊ စိန္နားကပ္ ၁ ရံ၊ လက္ကိုင္ဖုန္း ၁ လုံး၊ ထီး ၁ ေခ်ာင္း၊ ေငြစကၠဴေရာရာ ၅၀,၀၀၀ က်ပ္တို႔ကို လုယူခဲ့တယ္လို႔ ရဲတပ္ဖြဲ႕က စစ္ေဆးေပၚေပါက္ခဲ့ပါတယ္။

႐ိုက္ႏွက္ခဲ့ရမႉေၾကာင့္ ဆရာဝန္မမွာ နဖူး၊ ဦးေခါင္း၊ ဝဲပါးတိုမွာ ဖူးေရာင္ဒဏ္ရာေတြရရွိခဲ့တာေၾကာင့္ သဃၤန္းကြၽန္းစံျပေဆး႐ုံသို႔တင္ပို႔ခဲ့တယ္လို႔သိရပါတယ္။

လက္ရွိမွာ ယာဥ္ေမာင္းႏွင့္ အမ်ိဳးသမီးတို႔ ၂ ဦး(စုံစမ္းဆဲ)ကို ေတာင္ဥကၠလာပၿမိဳ႕မရဲစခန္း(ပ) ၈၁၈/၂၀၁၈၊ ရာဇသတ္ႀကီး ပုဒ္မ ၃၉၄/၁၁၄ (လုယက္မႈက်ဴးလြန္စဥ္နာက်င္ေစမႈ/အားေပးကူညီမႈ)နဲ႔ အမႈဖြင့္ စုံစမ္းေနတယ္လို႔သိရပါတယ္။


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs