• Local News
    သံလွင်မြစ်အပါအဝင် မြစ်၄ မြစ်မှာ စိုးရိမ်ရေမှတ်ကျော်လွန်
Hmue Eain Zaw
[Unicode Version]

သံလွင်မြစ်၊ ဧရာဝတီမြစ်၊ ငဝန်မြစ်နဲ့ သောင်ရင်းမြစ်တို့မှာ မြစ်ရေစိုးရိမ်ရေမှတ်အထက် ကျော်လွန်နေမှုကြောင့် ဒေသအချို့မှာ ရေကြီးရေလျှံမှုတွေဖြစ်ပွားနေတယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနကနေသိရပါတယ်။

37661133_1006630459510289_6531961653041299456_n.jpg 

လက်ရှိမှာ သံလွင်မြစ်ရေဟာ ဘားအံမြို့မှာ မြစ်ရေ စိုးရိမ်ရေမှတ်အထက် ၁ ပေခွဲခန့်ကျော်လွန်နေပြီး နောက်ထပ် ၁ ပေခွဲ ဆက်တက်နိုင်ဖို့ရှိနေတယ်လို့ မိုးဇလဌာနရဲ့ ညွှန်ကြားရေးမှူး ဦးကျော်မိုးဦးက ဓူဝံမီဒီယာကို ပြောပါတယ်။

ဒါ့အပြင် ဧရာဝတီမြစ်ရေဟာလည်း ဟသာၤတမြို့၊ ဇလွန်နဲ့ မဒေါက်မြို့တို့မှာ စိုးရိမ်ရေမှတ်အနားကိုရောက်ရှိနိုင်ပြီး ငဝန်မြစ်ရေဟာ နောက်နှစ်ရက်အတွင်း သာပေါင်း မြို့နယ်ကို စိုးရိမ်ရေမှတ်ကို ရောက်ရှိမယ်လို့ ဆိုပါတယ်။

37588063_2002210596502894_1838257380056367104_n.jpg

"စိုးရိမ်ရေမှတ်ကြောင့် အဲဒီမြို့နယ်တွေမှာ ရေကြီးရေလျှံမှုတွေဖြစ်ပေါ်နိုင်တယ်။ စိုးရိမ်ရေမှတ် ပေဝက်လောက်ရောက်နေတဲ့နေရာတွေမှာဆိုရင် မြို့ပေါ်တွေမှာ မဟုတ်ဘဲ အနိမ့်ပိုင်းက ကျေးရွာတွေမှာ ရေဝင်ရောက်နိုင်တယ်။'' မိုးဇလဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက ပြောပါတယ်။

တနသာၤရီတိုင်းဒေသကြီးမှာ မြစ်ရေစိုးရိမ်ရေမှတ်ကျော်လွန်မှုကြောင့် ရေကြီးမှူတွေဖြစ်ပေါ်နေပြီး လူ ၄၀၀၀ ကျော်လောက် ရေဘေးလွတ်ရာပြောင်းရွှေ့နေ ရကာ စာသင်ကျောင်းတွေလည်း ပိတ်ထားရတယ်လို့ သိရပါတယ်။

37361093_2115675192045982_1382004941232537600_n.jpg

ဒါ့အပြင် သောင်ရင်းမြစ်ရေမြင့်တက်မှုကြောင့်လည်း မြဝတီမြို့မှာ ရေကြီးနေပြီး အိမ်ထောင်စုတွေ ရေဘေးလွတ်ရာကို ရွှေ့ပြောင်းနေရတယ်လို့သိရပါတယ်။

လက်ရှိမှာ မုတ်သုံလေအားကောင်းမှုကြောင့်နောက်နှစ်ရက်အတွင်း မွန်၊ကရင်၊ တနသာၤရီ တိုင်းဒေသကြီးတို့မှာ မိုးကြီးနိုင်တယ်လို့ မိုးဇလဌာနက ခန့်မှန်းထားပါတယ်။

[Zawgyi Version]

သံလြင္ျမစ္၊ ဧရာဝတီျမစ္၊ ငဝန္ျမစ္နဲ႔ ေသာင္ရင္းျမစ္တို႔မွာ ျမစ္ေရစိုးရိမ္ေရမွတ္အထက္ ေက်ာ္လြန္ေနမႈေၾကာင့္ ေဒသအခ်ိဳ႕မွာ ေရႀကီးေရလွ်ံမႈေတြျဖစ္ပြားေနတယ္လို႔ မိုးေလဝသႏွင့္ဇလေဗဒၫႊန္ၾကားမႈ ဦးစီးဌာနကေနသိရပါတယ္။

 

လက္ရွိမွာ သံလြင္ျမစ္ေရဟာ ဘားအံၿမိဳ႕မွာ ျမစ္ေရ စိုးရိမ္ေရမွတ္အထက္ ၁ ေပခြဲခန္႔ေက်ာ္လြန္ေနၿပီး ေနာက္ထပ္ ၁ ေပခြဲ ဆက္တက္ႏိုင္ဖို႔ရွိေနတယ္လို႔ မိုးဇလဌာနရဲ႕ ၫႊန္ၾကားေရးမႉး ဦးေက်ာ္မိုးဦးက ဓူဝံမီဒီယာကို ေျပာပါတယ္။

ဒါ့အျပင္ ဧရာဝတီျမစ္ေရဟာလည္း ဟသာၤတၿမိဳ႕၊ ဇလြန္နဲ႔ မေဒါက္ျမိဳ႕တို႔မွာ စိုးရိမ္ေရမွတ္အနားကိုေရာက္ရွိႏိုင္ၿပီး ငဝန္ျမစ္ေရဟာ ေနာက္ႏွစ္ရက္အတြင္း သာေပါင္း ၿမိဳ႕နယ္ကို စိုးရိမ္ေရမွတ္ကို ေရာက္ရွိမယ္လို႔ ဆိုပါတယ္။

"စိုးရိမ္ေရမွတ္ေၾကာင့္ အဲဒီၿမိဳ႕နယ္ေတြမွာ ေရႀကီးေရလွ်ံမႈေတြျဖစ္ေပၚႏိုင္တယ္။ စိုးရိမ္ေရမွတ္ ေပဝက္ေလာက္ေရာက္ေနတဲ့ေနရာေတြမွာဆိုရင္ ၿမိဳ႕ေပၚေတြမွာ မဟုတ္ဘဲ အနိမ့္ပိုင္းက ေက်းရြာေတြမွာ ေရဝင္ေရာက္ႏိုင္တယ္။'' မိုးဇလဌာနမွ ၫြႊန္ၾကားေရးမႉးခ်ဳပ္ ဦးေက်ာ္မိုးဦးက ေျပာပါတယ္။

တနသာၤရီတိုင္းေဒသႀကီးမွာ ျမစ္ေရစိုးရိမ္ေရမွတ္ေက်ာ္လြန္မႈေၾကာင့္ ေရႀကီးမႉေတြျဖစ္ေပၚေနၿပီး လူ ၄၀၀၀ ေက်ာ္ေလာက္ ေရေဘးလြတ္ရာေျပာင္းေရႊ႕ေန ရကာ စာသင္ေက်ာင္းေတြလည္း ပိတ္ထားရတယ္လို႔ သိရပါတယ္။

ဒါ့အျပင္ ေသာင္ရင္းျမစ္ေရျမင့္တက္မႈေၾကာင့္လည္း ျမဝတီၿမိဳ႕မွာ ေရႀကီးေနၿပီး အိမ္ေထာင္စုေတြ ေရေဘးလြတ္ရာကို ေရႊ႕ေျပာင္းေနရတယ္လို႔သိရပါတယ္။

လက္ရွိမွာ မုတ္သံုေလအားေကာင္းမႈေၾကာင့္ေနာက္ႏွစ္ရက္အတြင္း မြန္၊ကရင္၊ တနသာၤရီ တိုင္းေဒသႀကီးတို႔မွာ မိုးႀကီးႏိုင္တယ္လို႔ မိုးဇလဌာနက ခန္႔မွန္းထားပါတယ္။


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs