• Local News
    မြစ်ကြီးနားက ဗိုလ်ချုပ်ရုပ်တုကို သဘောၤဆေးနဲ့ဖျက်ဆီးမှုဖြစ်ပွား 
Hmue Eain Zaw
[Unicode Version]

မြစ်ကြီးနားက ဗိုလ်ချုပ်အောင်ဆန်းရင်ပြင်က ဗိုုလ်ချုပ်ရုပ်တုကို ဇူလိုင် ၂၂ ရက်နေ့ ညနေပိုင်းက သဘောၤဆေးလောင်းပြီးတော့ ဖျက်ဆီးမှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ ဗိုလ်ချုပ်ရုပ်တုရဲ့ မျက်နှာနဲ့ ရင်ဘတ်အပါအဝင် ရုပ်တုတစ်ခုလုံးကို သဘောၤဆေးအစိမ်းရင့်ရောင်သုံးပြီးတော့ လောင်းချ ဖျက်ဆီးသွားတာဖြစ်ပါတယ်။

37632234_627715557583951_1550448035253714944_n.jpg

Photo - စည်သူ(မြစ်ကြီးနားသတင်းဂျာနယ်)

"အဲ့ဒီဝန်းက အမြဲသော့ခတ်ထားတာဗျ။တော်ရုံဝင်ဖို့လည်းမလွယ်ဘူး။ခြံစည်းရိုးကို ကျော်တက်ထားပြီးတော့မှ အဲ့ဒီရုပ်တုနားက မြက်ခင်းမှာလည်း ခြေရာတွေတွေ့ရတယ်။ဘေးနားက အုတ်ခုံတွေကိုလည်း ဖျက်ဆီးထားတာတွေရှိတယ်။လူကျော်ဝင်ထားပြီး ဖျက်ဆီးထားတဲ့ပုံစံမျိုးပါပဲ" လို့ မြစ်ကြီးနားဒေသခံတစ်ဦးဖြစ်တဲ့ ကိုသူရက ဓူဝံကို ပြောပါတယ်။

အဆိုပါ ဗိုလ်ချုပ်ရုပ်တုက နှစ်နှစ်ဝန်းကျင်ခန့်သာရှိသေးပြီးတော့ ရုပ်တု စတင်စိုက်ထူထားတဲ့ကာလတစ်လျှောက်မှာ အခုလို ဖျက်ဆီးမှုဖြစ်ပွားတာက ပထမဆုံးအကြိမ်ဖြစ်တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

37641045_1066883180135619_2860335579323695104_n.jpg

"လက်ရှိတော့ အသေးစိတ်ကို ကျွန်တော်တို့မသိရသေးပါဘူး။ စုံစမ်းပြီးရင်တော့ ပြန်ပြောပေးပါ့မယ်"လို့ ပြည်နယ်ရဲတပ်ဖွဲ့မှုး မှုခင်းတာဝန်ခံက ဓူဝံမီဒီယာကို ဖြေကြားခဲ့ပါတယ်။

 

ဗိုလ်ချုပ်ကြေးရုပ်ကိုဖျက်ဆီးဆေးဖြင့်ပတ်ဖြန်းရာနေရာဗိုလ်ချုပ်ရင်ပြင်ကို ကချင်ပြည်နယ်စည်ပင်သာယာရေးဝန်ကြီးဦးနေဝင်းနဲ့စည်ပင်ကော်မတီအဖွဲ့လာရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသေးတယ်။

37598938_1066962286794375_941166847976275968_n.jpg

အဲ့ဒီရင်ပြင်ကို သော့ခတ်ထားတာဖြစ်ပြီးတော့ ရင်ပြင်ဝင်းထဲကို အနောက်မြောက်ထောင့်ကနေ ကျော်တက်ဝင်ရောက်ထားတဲ့ ခြေရာတွေကို တွေ့ရှိရတယ်လို့ မြစ်ကြီးနား သတင်းဂျာနယ်မှာ ဖော်ပြထားပါတယ်။ အဲ့ဒီဖြစ်စဉ်က အာဇာနည်နေ့ (ဇူလိုင် ၁၉) ရက်နေ့အပြီးမှာဖြစ်ပွားခဲ့တာလည်းဖြစ်ပါတယ်။

[Zawgyi Version]

ျမစ္ႀကီးနားက ဗိုလ္ခ်ဳပ္ေအာင္ဆန္းရင္ျပင္က ဗိုုလ္ခ်ဳပ္ရုပ္တုကုိ ဇူလုိင္ ၂၂ ရက္ေန႔ ညေနပိုင္းက သေဘာၤေဆးေလာင္းၿပီးေတာ့ ဖ်က္ဆီးမႈျဖစ္ပြားခဲ့တယ္လုိ႔ သိရပါတယ္။ ဗုိလ္ခ်ဳပ္ရုပ္တုရဲ႕ မ်က္နွာနဲ႔ ရင္ဘတ္အပါအ၀င္ ရုပ္တုတစ္ခုလုံးကုိ သေဘာၤေဆးအစိမ္းရင့္ေရာင္သုံးၿပီးေတာ့ ေလာင္းခ် ဖ်က္ဆီးသြားတာျဖစ္ပါတယ္။

37632234_627715557583951_1550448035253714944_n.jpg

Photo - စည္သူ(ျမစ္ႀကီးနားသတင္းဂ်ာနယ္)

"အဲ့ဒီ၀န္းက အျမဲေသာ့ခတ္ထားတာဗ်။ေတာ္ရုံ၀င္ဖုိ႔လည္းမလြယ္ဘူး။ၿခံစည္းရိုးကုိ ေက်ာ္တက္ထားၿပီးေတာ့မွ အဲ့ဒီရုပ္တုနားက ျမက္ခင္းမွာလည္း ေျခရာေတြေတြ႔ရတယ္။ေဘးနားက အုတ္ခုံေတြကုိလည္း ဖ်က္ဆီးထားတာေတြရွိတယ္။လူေက်ာ္၀င္ထားၿပီး ဖ်က္ဆီးထားတဲဲ့ပုံစံမ်ိဳးပါပဲ" လုိ႔ ျမစ္ၾကီးနားေဒသခံတစ္ဦးျဖစ္တဲ့ ကိုသူရက ဓူ၀ံကုိ ေျပာပါတယ္။

အဆိုပါ ဗုိလ္ခ်ဳပ္ရုပ္တုက နွစ္နွစ္၀န္းက်င္ခန္႔သာရွိေသးၿပီးေတာ့ ရုပ္တု စတင္စိုက္ထူထားတဲ့ကာလတစ္ေလွ်ာက္မွာ အခုလုိ ဖ်က္ဆီးမႈျဖစ္ပြားတာက ပထမဆုံးအႀကိမ္ျဖစ္တယ္လုိ႔လည္း ေဒသခံေတြက ေျပာပါတယ္။

"လက္ရွိေတာ့ အေသးစိတ္ကုိ ကၽြန္ေတာ္တုိ႔မသိရေသးပါဘူး။ စုံစမ္းၿပီးရင္ေတာ့ ျပန္ေျပာေပးပါ့မယ္"လုိ႔ ျပည္နယ္ရဲတပ္ဖြဲ႔မႈး မႈခင္းတာ၀န္ခံက ဓူ၀ံမီဒီယာကုိ ေျဖၾကားခဲ့ပါတယ္။

 

ဗိုလ္ခ်ဳပ္ေၾကး႐ုပ္ကိုဖ်က္ဆီးေဆးျဖင့္ပတ္ျဖန္းရာေနရာဗိုလ္ခ်ဳပ္ရင္ျပင္ကုိ ကခ်င္ျပည္နယ္စည္ပင္သာယာေရးဝန္ႀကီးဦးေနဝင္းန႔ဲစည္ပင္ေကာ္မတီအဖြဲ႔လာေရာက္ၾကည့္႐ႈစစ္ေဆးခဲ့ပါေသးတယ္။

အဲ့ဒီရင္ျပင္ကုိ ေသာ့ခတ္ထားတာျဖစ္ၿပီးေတာ့ ရင္ျပင္၀င္းထဲကုိ အေနာက္ေျမာက္ေထာင့္ကေန ေက်ာ္တက္၀င္ေရာက္ထားတဲ့ ေျခရာေတြကုိ ေတြ႕ရွိရတယ္လုိ႔ ျမစ္ၾကီးနား သတင္းဂ်ာနယ္မွာ ေဖာ္ျပထားပါတယ္။ အဲ့ဒီျဖစ္စဥ္က အာဇာနည္ေန႔ (ဇူလုိင္ ၁၉) ရက္ေန႔အၿပီးမွာျဖစ္ပြားခဲ့တာလည္းျဖစ္ပါတယ္။


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs