• Local News
    မွန်၊ကရင်နဲ့ တနသာၤရီ ကမ်းရိုးတန်းမှာ ဆက်လက်ရေကြီးနိုင်ဖွယ်ရှိ
Mi Thawdar Aung
[Unicode Version]

မုတ်သုံလေအားကောင်းမှုကြောင့် မွန်၊ကရင်နဲ့ တနင်္သာရီ ကမ်းရိုးတန်းတစ်လျှောက်မှာ မိုးရွာသွန်းမှုများပြီး ဆက်လက်ရေကြီးနိုင်ဖွယ်ရှိတယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကနေ သိရပါတယ်။

ဇူလိုင်လနဲ့ သြဂုတ်လတွေဟာ မိုးအများဆုံးကာလဖြစ်ပြီး  မွန်၊ကရင်၊ တနသာၤရီတို့က အနောက်တောင်မုတ်သံလေကို တိုက်ရိုက်ခံစားရတဲ့ဒေသတွေ ဖြစ်တာကြောင့် မုတ်သုံကာလမှာ မိုးများဦးမယ်လို့ မိုးဇလဌာနမှ ညွန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက ပြောပါတယ်။

mm fire.jpg 

 “ ရေဘေးအခြေအနေတွေကတော့ မွန်၊ကရင်၊ တနသာၤရီဘက်မှာတော့ နည်းနည်းလေး ဆက်ရှိနေအုံးမယ်။ အခုလက်ရှိကတော့ ကမ်းရိုးတန်းတစ်လျှောက်မှာ မုတ်သုံလေ တက်လိုက်ကျလိုက်ဆိုတော့ နောက်ပိုင်းရက်တွေမှာတော့ မိုးကတော့ ပြီးခဲ့တဲ့ ရက်တွေထက်စာရင် လျော့လာမယ့်အနေအထားရှိပါတယ်။ဒါပေမယ့် ာ့ မိုးက ဆက်ကောင်းတဲ့အနေအထားလေးရှိတယ်။ နေရာကွက်ကျား မိုးကြီးတာာရှိနိုင်သေးတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းတုန်းကလို ဒေသအလိုက် မိုးကြီးတာမျိုးတော့ သိပ်မရှိတော့ဘူး။” လို့ ဦးကျော်မိုးဦးက ဓူဝံမီဒီယာကို ပြောပါတယ်။

မိုးကြီးပြီး မြစ်ရေစိုးရိမ်ရေမှတ်အထက်ကို မြင့်တတ်နေမှုကြောင့်  တနသာၤရီတိုင်း၊ ပဲခူးတိုင်း၊ မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်တို့မှာ ရေဘေးကြောင့်လူ ၉၀၀၀ ကျော်လောက် ယာယီရွှေ့ပြောင်းထားရတယ်လို့လည်းသိရပါတယ်။

တနသာၤရီတိုင်းမှာ လူဦးရေ ၅၀၀၀ ကျော်၊ ကရင်ပြည်နယ် ဘားအံ၊ မြဝတီ၊ လှိုင်းဘွဲ့နဲ့ ကော့ကရိတ်မြို့နယ်တို့မှာ  လူဦးရေ ၂၂၀၀ခန့်၊ ပဲခူးတိုင်းမှာလည်း လူဦးရေ ၁၄၀၀ ခန့်လောက်ကို ပြောင်းရွှေ့ထားရတာဖြစ်ပါတယ်။

mm fire 1.jpg 

လက်ရှိမှာ သံလွင်မြစ်ရေဟာ ဘားအံမြို့မှာ မြစ်ရေ စိုးရိမ်ရေမှတ်အထက် ၁ ပေခွဲခန့်ကျော်လွန်နေပြီး နောက်ထပ် ၁ ပေခွဲ ဆက်တက်နိုင်ဖို့ရှိနေတယ်လို့ မိုးဇလဌာနက ထုတ်ပြန်ထားပါတယ်။

 

Photo - Myanmar Fire Services Dept

[Zawgyi Version]

မုတ္သံုေလအားေကာင္းမႈေၾကာင့္ မြန္၊ကရင္နဲ႔ တနသၤာရီ ကမ္းရုိးတန္းတစ္ေလွ်ာက္မွာ မုိးရြာသြန္းမႈမ်ားၿပီး ဆက္လက္ေရႀကီးႏုိင္ဖြယ္ရွိတယ္လုိ႔ မုိးေလ၀သနဲ႔ ဇလေဗဒညႊန္ၾကားမႈဦးစီးဌာနကေန သိရပါတယ္။

ဇူလုိင္လနဲ႔ ၾသဂုတ္လေတြဟာ မုိးအမ်ားဆံုးကာလျဖစ္ၿပီး  မြန္၊ကရင္၊ တနသာၤရီတုိ႔က အေနာက္ေတာင္မုတ္သံေလကုိ တုိက္ရုိက္ခံစားရတဲ့ေဒသေတြ ျဖစ္တာေၾကာင့္ မုတ္သံုကာလမွာ မုိးမ်ားဦးမယ္လုိ႔ မုိးဇလဌာနမွ ညြန္ၾကားေရးမွဴးခ်ဳပ္ ဦးေက်ာ္မုိးဦးက ေျပာပါတယ္။

 “ ေရေဘးအေျခအေနေတြကေတာ့ မြန္၊ကရင္၊ တနသာၤရီဘက္မွာေတာ့ နည္းနည္းေလး ဆက္ရွိေနအံုးမယ္။ အခုလက္ရွိကေတာ့ ကမ္းရုိးတန္းတစ္ေလွ်ာက္မွာ မုတ္သံုေလ တက္လုိက္က်လုိက္ဆိုေတာ့ ေနာက္ပုိငး္ရက္ေတြမွာေတာ့ မိုးကေတာ့ ၿပီးခဲ့တဲ့ ရက္ေတြထက္စာရင္ ေလ်ာ့လာမယ့္အေနအထားရွိပါတယ္။ဒါေပမယ့္ ာ့ မုိးက ဆက္ေကာင္းတဲ့အေနအထားေလးရွိတယ္။ ေနရာကြက္က်ား မုိးႀကီးတာာရွိႏုိင္ေသးတယ္။ ၿပီးခဲ့တဲ့ရက္ပုိင္းတုန္းကလုိ ေဒသအလုိက္ မုိးႀကီးတာမ်ိဳးေတာ့ သိပ္မရွိေတာ့ဘူး။” လုိ႔ ဦးေက်ာ္မုိးဦးက ဓူ၀ံမီဒီယာကုိ ေျပာပါတယ္။

မုိးႀကီးၿပီး ျမစ္ေရစုိးရိမ္ေရမွတ္အထက္ကုိ ျမင့္တတ္ေနမႈေၾကာင့္  တနသာၤရီတုိင္း၊ ပဲခူးတုိင္း၊ မြန္ျပည္နယ္နဲ႔ ကရင္ျပည္နယ္တုိ႔မွာ ေရေဘးေၾကာင့္လူ ၉၀၀၀ ေက်ာ္ေလာက္ ယာယီေရႊ႕ေျပာင္းထားရတယ္လုိ႔လည္းသိရပါတယ္။

တနသာၤရီတုိင္းမွာ လူဦးေရ ၅၀၀၀ ေက်ာ္၊ ကရင္ျပည္နယ္ ဘားအံ၊ ျမ၀တီ၊ လိႈင္းဘြဲ႔နဲ႔ ေကာ့ကရိတ္ၿမိဳ႕နယ္တုိ႔မွာ  လူဦးေရ ၂၂၀၀ခန္႔၊ ပဲခူးတိုင္းမွာလည္း လူဦးေရ ၁၄၀၀ ခန္႔ေလာက္ကုိ ေျပာင္းေရႊ႕ထားရတာျဖစ္ပါတယ္။

လက္ရွိမွာ သံလြင္ျမစ္ေရဟာ ဘားအံၿမိဳ႕မွာ ျမစ္ေရ စိုးရိမ္ေရမွတ္အထက္ ၁ ေပခြဲခန္႔ေက်ာ္လြန္ေနၿပီး ေနာက္ထပ္ ၁ ေပခြဲ ဆက္တက္ႏိုင္ဖို႔ရွိေနတယ္လို႔ မိုးဇလဌာနက ထုတ္ျပန္ထားပါတယ္။

 

Photo - Myanmar Fire Services Dept


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs