• Local News
    ဗိုလ်ချုပ်ရုပ်တု စိုက်ထူဖို့ကိစ္စ ကယားပြည်နယ်အစိုးရ လက်လျော့
Aye Myat Mon
[Unicode Version]

ဗိုလ်ချုပ်ရုပ်တု စိုက်ထူခြင်းကို ကယားပြည်နယ်အစိုးရအဖွဲ့က ရှေ့ဆက်ဆောင်ရွက်တော့မှာမဟုတ်ဘူးလို့ ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်ရှိုက ပြောကြားလိုက်ပါတယ်။

37746024_2003928409664446_7032458718939709440_n.jpg

Photo- Myanmar Now

ကန့်ကွက်နေကြတဲ့ ဗိုလ်ချုပ်ကြေးရုပ် စိုက်ထူမယ့်ကိစ္စနဲ့ ပတ်သက်ပြီး ဇူလိုင် ၂၃ ရက်က ကယားပြည်နယ်အစိုးရအဖွဲ့ရုံးမှာ သတင်းစာရှင်းလင်းပွဲမှာ ဝန်ကြီးချုပ်က ပြောကြားခဲ့ပါတယ်။

ဗိုလ်ချုပ်ရုပ်တု ဆက်လုပ်တော့မှာမဟုတ်ဘဲ ပြည်သူတွေ ဦးဆောင်ဖွဲ့စည်းတဲ့ ရုပ်တုဖြစ်မြောက်ရေးကော်မတီကသာ ရှေ့ဆက်ဆောင်ရွက်မယ်ဆိုရင် ကူညီပေးမယ်လို့ ဝန်ကြီးချုပ်က ပြောပါတယ်။

 

အသစ်ဖွဲ့စည်းမယ့် ဗိုလ်ချုပ်ရုပ်တု ဖြစ်မြောက်ရေးကော်မတီဟာ ပြည်သူတွေ ဦးဆောင်ဖွဲ့စည်းနေတာ ဖြစ်တဲ့အတွက် ဘယ်အဖွဲ့အစည်းတွေ၊ ဘယ်သူတွေပါဝင်မှာကိုတော့ မသိရသေးဘူးလို့ ဝန်ကြီးချုပ်က ဆက်ပြောပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းမြင်းစီးကြေးရုပ်ကို ကယားပြည်နယ်ခန်းမအနီးက ပန်းခြံမှာထားဖို့  ပြည်နယ်အစိုးရက ဖေဖော်ဝါရီလဆန်းမှာ ဆုံးဖြတ်ခဲ့ပြီးနောက် ဒေသခံအချို့နဲ့  ပြည်နယ်အစိုးရအကြားတင်းမာမှုတွေဖြစ်ခဲ့ပါတယ်။

[Zawgyi Version]


Photo- Myanmar Now



 




ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs