• Local News
    အာဆီယံ ပညာရေးဝန်ကြီးများနှင့် မိတ်ဖက်နိုင်ငံများအစည်းအဝေး မြန်မာနိုင်ငံမှာ ကျင်းပမယ်
Hmue Eain Zaw
[Unicode Version]

အောက်တိုဘာလထဲမှာ ကျင်းပတော့မယ့် အာဆီယံ ပညာရေးဝန်ကြီးများနှင့် မိတ်ဖက်နိုင်ငံများ အစည်းအဝေး ကို မြန်မာနိုင်ငံမှာလက်ခံပြီး ကျင်းပသွားဖို့ ရှိနေပါတယ်။ မြန်မာနိုင်ငံရဲ့ ပညာရေးကဏ္ဍတိုးတက်ရေးပူးပေါင်းဆောင်ရွက်နိုင်မယ့် အခွင့်အလမ်းလည်းဖြစ်ပါတယ်။

37638950_1027882440725415_7237450756289200128_n.jpg

Photo _ Minn Minn Zaw



၁၀ ကြိမ်မြောက်ကျင်းပမယ့် ဒီအစည်းအဝေးဟာ အရှေ့တောင် အာရှနိုင်ငံတွေနဲ့ မိတ်ဖက်နိုင်ငံတွေအကြားမှာပိုပြီးပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်နိုင်ဖို့ရည်ရွယ်ထားတယ်လို့ ဒုတိယ သမ္မတဦးမြင့်ဆွေကပြောပါတယ်။



"ဒီအခွင့်အရေးဟာ မြန်မာနိုင်ငံရဲ့ ပညာရေး ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အာဆီယံနိုင်ငံတွေနဲ့ မိတ်ဖက်နိုင်ငံတွေကြားမှာဘယ်လိုပူးပေါင်းဆောင်ရွက်လို့ ရနိုင်မယ်ဆိုတဲ့ အခွင့်အရေးတစ်ရပ်ဖြစ်လာမှာပါ။" လို့ ဒုတိယ သမ္မတဦးမြင့်ဆွေက ဇူလိုင်လ ၂၃ ရက်နေ့က ပြုလုပ်ခဲ့တဲ့ အစည်းအဝေးမှာပြောဆိုလိုက်ပါတယ်။



ဒီအစည်းအဝေးဖြစ်မြောက်ရေး ကို ဒုတိယ သမ္မတဦးမြင့်ဆွေကိုယ်တိုင်ဦးဆောင်ပြီးတော့ ကြီးကြပ်သွားမှာ ဖြစ်တယ်လို့ အစိုးရ သတင်းတွေက ဆိုပါတယ်။



အာဆီယံနဲ့ ပညာရေးဆိုင်ရာ မိတ်ဖက်နိုင်ငံတွေကတော့ အိန္ဒိယ၊ တရုတ်၊ ဂျပန်၊ တောင်ကိုရီးယား၊ နယူးဇီလန်၊ ရုရှား၊ အမေရိကန်နဲ့ အော်စတြေးလျနိုင်ငံတို့ပဲဖြစ်ကြပါတယ်။ ပထမဆုံးအကြိမ် အာဆီယံ ပညာရေးဝန်ကြီးများအစည်းအဝေးကို ၂၀၀၆ ခုနှစ်က စင်ကာပူနိုင်ငံမှာ ကျင်းပခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ နှစ်ကတော့ မလေးရှားမှာ ကျင်းပခဲ့တာပါ။

[Zawgyi Version]

ေအာက္တုိဘာလထဲမွာ က်င္းပေတာ့မယ့္ အာဆီယံ ပညာေရး၀န္ၾကီးမ်ားႏွင့္ မိတ္ဖက္ႏုိင္ငံမ်ား အစည္းအေ၀း ကုိ ျမန္မာႏုိင္ငံမွာလက္ခံျပီး က်င္းပသြားဖုိ႔ ရွိေနပါတယ္။ ျမန္မာႏုိင္ငံရဲ႕ ပညာေရးက႑တုိးတက္ေရးပူးေပါင္းေဆာင္ရြက္ႏုိင္မယ့္ အခြင့္အလမ္းလည္းျဖစ္ပါတယ္။

37638950_1027882440725415_7237450756289200128_n.jpg

Photo _ Minn Minn Zaw



၁၀ ၾကိမ္ေျမာက္က်င္းပမယ့္ ဒီအစည္းအေ၀းဟာ အေရွ႕ေတာင္ အာရွႏုိင္ငံေတြနဲ႔ မိတ္ဖက္ႏုိင္ငံေတြအၾကားမွာပုိျပီးပူးေပါင္းေဆာင္ရြက္မႈကုိ ျမွင့္တင္ႏုိင္ဖုိ႔ရည္ရြယ္ထားတယ္လုိ႔ ဒုတိယ သမၼတဦးျမင့္ေဆြကေျပာပါတယ္။



"ဒီအခြင့္အေရးဟာ ျမန္မာႏုိင္ငံရဲ႕ ပညာေရး က႑ဖံြ႔ျဖိဳးတုိးတက္ေရးအတြက္ အာဆီယံႏုိင္ငံေတြနဲ႔ မိတ္ဖက္ႏုိင္ငံေတြၾကားမွာဘယ္လုိပူးေပါင္းေဆာင္ရြက္လုိ႔ ရႏုိင္မယ္ဆုိတဲ့ အခြင့္အေရးတစ္ရပ္ျဖစ္လာမွာပါ။" လုိ႔ ဒုတိယ သမၼတဦးျမင့္ေဆြက ဇူလုိင္လ ၂၃ ရက္ေန႔က ျပဳလုပ္ခဲ့တဲ့ အစည္းအေ၀းမွာေျပာဆုိလုိက္ပါတယ္။



ဒီအစည္းအေ၀းျဖစ္ေျမာက္ေရး ကုိ ဒုတိယ သမၼတဦးျမင့္ေဆြကုိယ္တုိင္ဦးေဆာင္ျပီးေတာ့ ၾကီးၾကပ္သြားမွာ ျဖစ္တယ္လုိ႔ အစုိးရ သတင္းေတြက ဆုိပါတယ္။



အာဆီယံနဲ႔ ပညာေရးဆုိင္ရာ မိတ္ဖက္ႏုိင္ငံေတြကေတာ့ အိႏၵိယ၊ တရုတ္၊ ဂ်ပန္၊ ေတာင္ကုိရီးယား၊ နယူးဇီလန္၊ ရုရွား၊ အေမရိကန္နဲ႔ ေအာ္စေၾတးလ်ႏုိင္ငံတုိ႔ပဲျဖစ္ၾကပါတယ္။ ပထမဆုံးအၾကိမ္ အာဆီယံ ပညာေရး၀န္ၾကီးမ်ားအစည္းအေ၀းကုိ ၂၀၀၆ ခုႏွစ္က စင္ကာပူႏုိင္ငံမွာ က်င္းပခဲ့တာျဖစ္ျပီး ျပီးခဲ့တဲ့ ႏွစ္ကေတာ့ မေလးရွားမွာ က်င္းပခဲ့တာပါ။


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs