• Local News
    ATM စက်ကို ဖျက်ပြီးငွေခိုးတဲ့ လူတွေ ဖမ်းမိ
Hmue Eain Zaw
[Unicode Version]

နေပြည်တော်မှာ ATM စက်ကိုဖျက်စီးပြီး ငွေခိုးယူဖို့ ပြုလုပ်တဲ့ လူငယ် ၅ ယောက်ကို အမှတ် ၃ နယ်မြေရဲစခန်းက ၂၄ နာရီအတွင်း ဖမ်းမိလိုက်ပါတယ်။

37824096_2509606885731577_182314923559223296_n (1).jpg 

ဇူလိုင်လ ၂၂ ရက်နေ့ ညနေ ၅ နာရီလောက်က ဇမ္ဗူသီရိမြို့နယ် ဓနသိဒ္ဓိရပ်ကွက် သီရိမြိုင်လမ်းမကြီးဘေး အ.ထ.က(၇)ဝင်း အတွင်းထားရှိတဲ့  KBZ ဘဏ်ပိုင် ATM ငွေထုတ်စက် မော်နီတာ၊ တံခါး၊ CCTV များ ဖျက်ဆီးခံရလို့ အမှတ်-၆ ရဲကင်းစခန်းမှ တပ်ဖွဲ့ဝင်တွေက လိုက်လံစုံစမ်းခဲ့ပါတယ်။

အဲ့ဒီနောက်ဓနသိဒ္ဓိရပ်ကွက်အတွင်း၌ မသင်္ကာဖွယ်တွေ့ရှိတဲ့ အသက် ၁၅ နှစ်အရွယ် ညီညီလွင် နဲ့ အခြားသူ ၄ ယောက်ကို အမှတ်-၃နယ်မြေရဲစခန်းကို ခေါ်ဆောင်စစ်ဆေးခဲ့ရာမှာ ATM ငွေထုတ်စက်ကို ဖျက်ဆီးပြီး ငွေတွေခိုးယူဖို့ ကြိုးစားခဲ့တယ်လို့ သူတို့ ရဲ့ ဝန်ခံချက်အရသိရပါတယ်။

ဒါကြောင့် ညီညီလွင် အပါအဝင် ၅ ဦးကို  အမှတ်-၃နယ်မြေရဲစခန်း (ပ) ၁၆/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၈၀/၅၁၁ (ခိုးမှုကျူးလွန်ရန် ကြံစည်မှု)နဲ့ အမှုဖွင့် စစ်ဆေးလျက်ရှိတယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

[Zawgyi Version]

ေနျပည္ေတာ္မွာ ATM စက္ကုိဖ်က္စီးျပီး ေငြခုိးယူဖုိ႔ ျပဳလုပ္တဲ့ လူငယ္ ၅ ေယာက္ကုိ အမွတ္ ၃ နယ္ေျမရဲစခန္းက ၂၄ နာရီအတြင္း ဖမ္းမိလုိက္ပါတယ္။

37824096_2509606885731577_182314923559223296_n (1).jpg 

ဇူလိုင္လ ၂၂ ရက္ေန႔ ညေန ၅ နာရီေလာက္က ဇမၺဴသီရိၿမိဳ႕နယ္ ဓနသိဒၶိရပ္ကြက္ သီရိၿမိဳင္လမ္းမႀကီးေဘး အ.ထ.က(၇)ဝင္း အတြင္းထားရွိတဲ့  KBZ ဘဏ္ပိုင္ ATM ေငြထုတ္စက္ ေမာ္နီတာ၊ တံခါး၊ CCTV မ်ား ဖ်က္ဆီးခံရလုိ႔ အမွတ္-၆ ရဲကင္းစခန္းမွ တပ္ဖြဲ႕ဝင္ေတြက လိုက္လံစုံစမ္းခဲ့ပါတယ္။

အဲ့ဒီေနာက္ဓနသိဒၶိရပ္ကြက္အတြင္း၌ မသကၤာဖြယ္ေတြ႕ရွိတဲ့ အသက္ ၁၅ ႏွစ္အရြယ္ ညီညီလြင္ နဲ႔ အျခားသူ ၄ ေယာက္ကုိ အမွတ္-၃နယ္ေျမရဲစခန္းကုိ ေခၚေဆာင္စစ္ေဆးခဲ့ရာမွာ ATM ေငြထုတ္စက္ကုိ ဖ်က္ဆီးျပီး ေငြေတြခုိးယူဖုိ႔ ၾကိဳးစားခဲ့တယ္လုိ႔ သူတုိ႔ ရဲ႕ ၀န္ခံခ်က္အရသိရပါတယ္။

ဒါေၾကာင့္ ညီညီလြင္ အပါအ၀င္ ၅ ဦးကုိ  အမွတ္-၃နယ္ေျမရဲစခန္း (ပ) ၁၆/၂၀၁၈၊ ရာဇသတ္ႀကီးပုဒ္မ ၃၈၀/၅၁၁ (ခိုးမႈက်ဴးလြန္ရန္ ႀကံစည္မႈ)နဲ႔ အမႈဖြင့္ စစ္ေဆးလ်က္ရွိတယ္လုိ႔ ျမန္မာႏုိင္ငံရဲတပ္ဖြဲ႔က သတင္းထုတ္ျပန္ပါတယ္။


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs