• Local News
    သုံးပတ်အတွင်း မူးယစ်ဆေးဝါးသုံးစွဲရောင်းချသူ ၇၃ ဦးကို ထပ်မံဖမ်းမိ
Aye Myat Mon
[Unicode Version]
မူးယစ်ဆေးဝါးအထူးတိုင်ကြားရေးဌာနကနေ မူးယစ်ဆေးဝါးသုံးစွဲရောင်းချသူ ၇၃ ဦး အရေးယူထားတာဖြစ်ပြီး တော့ သမ္မတရုံးကနေ ထုတ်ပြန်လိုက်တာပါ။ ဇွန်လ ၂၇ ရက်ကနေ ဇူလိုင်၂၁ ရက်နေ့အထိ ပေးပို့တိုင်ကြားခဲ့တဲ့ မူးယစ်ဆေးဝါးသတင်းတွေနဲ့ပါတ်သတ်ပြီးတော့ ပြည်ထဲရေးဝန်ကြီးဌာနက အရေးယူခဲ့တာတွေပါ။
36223923-1960435250680429-8205540387717120000-n.jpg 
အောင်လံမြို့၊စက်ရုံကွက်သစ်လမ်းမှာ ဆေးခြောက်အရောင်းအဝယ်ပြုလုပ်နေမှု၊ လှိုင်မြို့သီရိမင်္ဂလာဈေးသစ်တစ်ဝိုက်မှာ မူးယစ်ဆေးဝါးရောင်းဝယ်နေမှု၊ မန္တလေးတိုင်း၊အောင်မြေသာစံမြို့နယ်မှာ မူးယစ်ဆေးဝါးဖြန့်ဖြူးနေမှု၊ ကချင်ပြည်နယ်မိုးညှင်းမြို့နယ်မှာ မူးယစ်ဆေးဝါးရောင်းချနေမှု၊ ဒလမြို့၊သမ္မတကမ်းခြေရပ်ကွက်မှာ ကျောင်းသားတွေမူးယစ်ဆေးဝါးသုံးစွဲနေမှု၊ မန္တလေးတိုင်းဒေသကြီး၊ပြည်ကြီးတံခွန်မြို့နယ်မှာ မူးယစ်ဆေးဝါးဖြန့်ဖြူးရောင်းချနေမှု၊ ဟုမ္မလင်းမြို့နယ်မှာ မူးယစ်ဆေးဝါးရောင်းချနေမှု၊ စစ်ကိုင်းတိုင်းထီးချိုင့်မှာ မူးယစ်ဆေးဝါး ရောင်းချသုံးစွဲနေမှု၊ စစ်ကိုင်းတိုင်းဖောင်းပြင်မှာ မူးယစ်ဆေးဝါးဖြန့်ဖြူးရောင်းချမှုတို့အပြင် ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မန္တလေး၊မကွေးတို့မှာရှိတဲ့ မူးယစ်အမှုပေါင်း ၄၆ မှုဖွင့့်လှစ်အရေးယူခဲ့ပြီး ကျား (၆၁) ဦး၊မ (၁၂) ဦးနဲ့ စုစုပေါင်း ၇၃ ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။
မူးယစ်ဆေးဝါးတွေက ဘိန်းဖြူ (၅၄၄.၆၅) ဂရမ်၊၊ဘိန်းမဲ (၃၀) ဂရမ်၊ဘိန်းစိမ်း( ၂၆၀၀) ဂရမ်၊ ဘိန်းချေးခဲ (၂၄.၅၀ )ဂရမ်၊ ဘိန်းစာမှုန့် ၃၀ ဂရမ်၊ စိတ်ကြွဆေးပြား (၁၃၃၅၃) ပြား၊ဆေးခြောက် (၁၃၁.၀၈ ) ဂရမ်တို့ ဖမ်းဆီးရမိတယ်လို့ ထုတ်ပြန်ထားပါတယ်။
မူးယစ်ဆေးဝါးသတင်းပေးတဲ့ ဌာနကို သမ္မတရုံးကနေ ဦးဆောင်ဖွင့်လှစ်ထားတာဖြစ်ပြီးတော့ တိုင်ကြားတဲ့သူတွေကို အန္တရာယ်မပြုနိိုင်အောင် လုပ်ဆောင်ထားတယ်လို့ ဆိုပါတယ်။ တိုင်ကြားလိုသူတွေအနေနဲ့ ဖုန်း ၀၆၇- ၅၉၀၂၀၀၊ ၀၆၇- ၅၉၀၂၃၃ တို့ကို တိုင်ကြားနိုင်တယ်လို့ သိရပါတယ်။
သမ္မတကိုယ်တိုင်ဖွင့်လှစ်ပေးခဲ့တဲ့ မူးယစ်အထူးတိုင်ကြားရေးဌာနက ဇွန် ၂၇ ရက်နေ့မှာစတင်အသက်ဝင်ခဲ့တာလည်းဖြစ်ပါတယ်။
[Zawgyi Version]
အောင်လံမြို့၊စက်ရုံကွက်သစ်လမ်းမှာ ဆေးခြောက်အရောင်းအ၀ယ်ပြုလုပ်နေမှု၊ လှိုင်မြို့သီရိမင်္ဂလာဈေးသစ်တစ်ဝိုက်မှာ မူးယစ်ဆေးဝါးရောင်းဝယ်နေမှု၊ မန္တလေးတိုင်း၊အောင်မြေသာစံမြို့နယ်မှာ မူးယစ်ဆေးဝါးဖြန့်ဖြူးနေမှု၊ ကချင်ပြည်နယ်မိုးညှင်းမြို့နယ်မှာ မူးယစ်ဆေးဝါးရောင်းချနေမှု၊ ဒလမြို့၊သမ္မတကမ်းခြေရပ်ကွက်မှာ ကျောင်းသားတွေမူးယစ်ဆေးဝါးသုံးစွဲနေမှု၊ မန္တလေးတိုင်းဒေသကြီး၊ပြည်ကြီးတံခွန်မြို့နယ်မှာ မူးယစ်ဆေးဝါးဖြန့်ဖြူးရောင်းချနေမှု၊ ဟုမ္မလင်းမြို့နယ်မှာ မူးယစ်ဆေးဝါးရောင်းချနေမှု၊ စစ်ကိုင်းတိုင်းထီးချိုင့်မှာ မူးယစ်ဆေးဝါး ရောင်းချသုံးစွဲနေမှု၊ စစ်ကိုင်းတိုင်းဖောင်းပြင်မှာ မူးယစ်ဆေးဝါးဖြန့်ဖြူးရောင်းချမှုတို့အပြင် ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မန္တလေး၊မကွေးတို့မှာရှိတဲ့ မူးယစ်အမှုပေါင်း ၄၆ မှုဖွင့်လှစ်အရေးယူခဲ့ပြီး ကျား (၆၁) ဦး၊မ (၁၂) ဦးနဲ့ စုစုပေါင်း ၇၃ ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။
ဆက်စပ်သတင်းများ
Newsletter
Don't Miss The Best Of Duwun
See stories of the future in your inbox each morning.
News
Entertainment
Sports
Women
Lifestyle
Tech
Copyright © 2018 Duwun.
Privacy Policy | About Us | Jobs