• Local News
    တောင်ဒဂုံမှာ စက်မှုလက်မှုသက်မွေးပညာသင်တန်းကျောင်းဆောက်မယ်
Mi Thawdar Aung
[Unicode Version]

တောင်ဒဂုံမြို့နယ်မှာ စက်မှုလက်မှု အတတ်ပညာသင်တန်းကျောင်း တစ်ခုကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ၂၀၁၈-၁၉ ဘဏ္ဍာနှစ်အတွင်း တည်ဆောက်မယ်လို့ သိရပါတယ်။

NDG.PNG 

တောင်ဒဂုံမြို့နယ် ၁၀၅ ရပ်ကွက် လှော်ကားလမ်းနဲ့ ဂရုဏာလမ်းဒေါင့်မှာ ၁၄ ဧကကျယ်ဝန်းတဲ့မြေနေရာမှာ တည်ဆောက်သွားမယ်လို့ သိရပါတယ်။

အခြေခံ လက်လုပ်လက်စားတွေ၊ စက်မှုဇုန်တွေ များတဲ့ အဆိုပါမြို့နယ်မှာ အလုပ်အကိုင်အခွင့်အလမ်းတွေရရှိနိုင်မယ့် သက်မွေးပညာတွေကို သင်ကြားပေးနိုင်ဖို့ ရည်ရွယ်တယ်လို့ တောင်ဒဂုံလွှတ်တော်ကိုယ်စားလှယ် ဦးညီညီက ဓူဝံမီဒီယာကို ပြောပါတယ်။

“တောင်ဒဂုံမှာက အခြေခံလက်လုပ်လက်စားတွေများတယ်။ အတန်းပညာအားနည်းတော့ အလုပ်အကိုင်လဲ မယ်မယ်ရရမရှိကြဘူး။ ဒီလို သက်မွေးဝမ်းကျောင်းသင်တန်းကျောင်းကို အကောင်အထည်ဖော်နိုင်ဖို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးအေးနိုင်က ပြည်ထောင်စုအဆင့်ကို တင်ပြပြီး ဆောက်လုပ်ဖို့ အတည်ပြုချက်ရခဲ့တာပါ” လို့ ဦးညီညီက ဆိုပါတယ်။

အဆိုပါ သက်မွေးပညာကျောင်းမှာ သုံးထပ်စာသင်ဆောင်၊ လေးခန်းတွဲလေးထပ်၊ ဆရာဆရာမ အိမ်ယာနှစ်လုံး၊ တစ်ထပ်စာသင်ဆောင်တွေ၊ ခြံစည်းရိုး၊ ထရန်စဖော်မာ တို့ ပါဝင်တယ်လို့ သိရပါတယ်။

လက်ရှိမှာ တောင်ဒဂုံမြို့နယ်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပညာရေးကွန်ရက်က ၂၀၁၁ ခုနှစ်ကစတင်ပြီး အခမဲ့သက်မွေးဝမ်းကျောင်းပညာ သင်တန်းဖွင့်လှစ် သင်ကြားပေးနေပြီး ဆံပင်ညှပ်သင်တန်း၊ စက်ချုပ်သင်တန်း၊ကွန်ပျူတာသင်တန်းနဲ့ ဝရိန်သင်တန်းတို့ကို သင်ကြာပေးနေတာဖြစ်ပါတယ်။

[Zawgyi Version]

ေတာင္ဒဂံုၿမိဳ႕နယ္မွာ စက္မႈလက္မႈ အတတ္ပညာသင္တန္းေက်ာင္း တစ္ခုကုိ ရန္ကုန္တုိင္းေဒသႀကီးအစုိးရအဖြဲ႕က ၂၀၁၈-၁၉ ဘ႑ာႏွစ္အတြင္း တည္ေဆာက္မယ္လုိ႔ သိရပါတယ္။

NDG.PNG 

ေတာင္ဒဂံုၿမိဳ႕နယ္ ၁၀၅ ရပ္ကြက္ ေလွာ္ကားလမ္းနဲ႔ ဂရုဏာလမ္းေဒါင့္မွာ ၁၄ ဧကက်ယ္၀န္းတဲ့ေျမေနရာမွာ တည္ေဆာက္သြားမယ္လုိ႔ သိရပါတယ္။

အေျခခံ လက္လုပ္လက္စားေတြ၊ စက္မႈဇုန္ေတြ မ်ားတဲ့ အဆုိပါၿမိဳ႕နယ္မွာ အလုပ္အကုိင္အခြင့္အလမ္းေတြရရွိႏုိင္မယ့္ သက္ေမြးပညာေတြကုိ သင္ၾကားေပးႏုိင္ဖုိ႔ ရည္ရြယ္တယ္လုိ႔ ေတာင္ဒဂံုလႊတ္ေတာ္ကုိယ္စားလွယ္ ဦးညီညီက ဓူ၀ံမီဒီယာကုိ ေျပာပါတယ္။

“ေတာင္ဒဂုံမွာက အေျခခံလက္လုပ္လက္စားေတြမ်ားတယ္။ အတန္းပညာအားနည္းေတာ့ အလုပ္အကုိင္လဲ မယ္မယ္ရရမရွိၾကဘူး။ ဒီလုိ သက္ေမြး၀မ္းေက်ာင္းသင္တန္းေက်ာင္းကုိ အေကာင္အထည္ေဖာ္ႏုိင္ဖုိ႔ ျပည္သူ႔လႊတ္ေတာ္ကုိယ္စားလွယ္ဦးေအးႏိုင္က ျပည္ေထာင္စုအဆင့္ကုိ တင္ျပၿပီး ေဆာက္လုပ္ဖုိ႔ အတည္ျပဳခ်က္ရခဲ့တာပါ” လုိ႔ ဦးညီညီက ဆုိပါတယ္။

အဆုိပါ သက္ေမြးပညာေက်ာင္းမွာ သံုးထပ္စာသင္ေဆာင္၊ ေလးခန္းတြဲေလးထပ္၊ ဆရာဆရာမ အိမ္ယာႏွစ္လံုး၊ တစ္ထပ္စာသင္ေဆာင္ေတြ၊ ျခံစည္းရုိး၊ ထရန္စေဖာ္မာ တုိ႔ ပါ၀င္တယ္လုိ႔ သိရပါတယ္။

လက္ရွိမွာ ေတာင္ဒဂံုၿမိဳ႕နယ္မွာ အမ်ိဳးသားဒီမုိကေရစီအဖြဲ႕ခ်ဳပ္ပညာေရးကြန္ရက္က ၂၀၁၁ ခုႏွစ္ကစတင္ၿပီး အခမဲ့သက္ေမြး၀မ္းေက်ာင္းပညာ သင္တန္းဖြင့္လွစ္ သင္ၾကားေပးေနၿပီး ဆံပင္ညွပ္သင္တန္း၊ စက္ခ်ဳပ္သင္တန္း၊ကြန္ပ်ဴတာသင္တန္းနဲ႔ ၀ရိန္သင္တန္းတုိ႔ကုိ သင္ၾကာေပးေနတာျဖစ္ပါတယ္။


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs