• Local News
    တာဝန်ယူမှုရှိတဲ့ ခရီးသွားလုပ်ငန်းတွေကိုဆုပေးမယ်
Aye Myat Mon
[Unicode Version]

စီးပွားရေးအရ အောင်မြင်မှုရှိပြီးဝင်ငွေနိမ့်ပါးတဲ့ ဒေသခံတွေကိုပါ အကျိုးခံစားခွင့်ရှိစေဖို့ အတွက်မြန်မာ့ တာဝန်သိခရီးသွားလုပ်ငန်းဆိုင်ရာဆု (Myanmar Responsible Tourism Awards-MRTA) ဆုကို ပေးအပ်သွားမယ်လို့ သိရပါတယ်။

dsc_0111a-kopie.jpg

Photo - MRTA

၂၀၁၈ ခုနှစ်အတွက်ပေးအပ်မယ့် အဲ့ဒီဆုကို ခရီးသွားလုပ်ငန်းရှင်တွေကို တီထွင်တီထွင်ဆန်းသစ်မှုရှိစေဖို့နဲ့ စီးပွားရေးအရ အောင်မြင်မှုရှိပြီးဝင်ငွေနိမ့်ပါးတဲ့ ဒေသခံတွေကိုပါ အကျိုးခံစားခွင့်ရှိစေဖို့ အတွက် Product and Package Competition အမည်နဲ့ ကျင်းပသွားမှာဖြစ်တယ်လို့ သိရပါတယ်။

ခရီးသွားလုပ်ငန်းမှာ တီထွင်ဆန်းသစ်မှုရှိတဲ့လုပ်ငန်းရှင်တွေရဲ့ အားထုတ်မှုတွေကို ဖော်ထုတ်ပြသဖို့၊ တာဝန်သိခရီးသွားလုပ်ငန်းဆိုင်ရာ လုပ်ဆောင်မှုတွေကို အတုယူလုပ်ကိုင်စေဖို့နဲ့ ရေရှည်တည်တံ့ပြီး စီးပွာားရေးအရ အောင်မြင်ပြီး ဝင်ငွေနိမ့်ပါးတဲ့ ဒေသခံတွေကို အကျိူးရှိစေမယ့် ခရီးသွားပုံစံတွေ လာရောက်ယှဉ်ပြိုင်နိုင်တယ်လို့ သိရပါတယ်။

37396603_10213420477932592_2980781876941160448_n.jpg

Photo-MRTA

တာဝန်သိခရီးသွားလုပ်ငန်းဆုတွေကို အပိုင်းလိုက်ပေးအပ်သွားမှာဖြစ်ပြီးတော့ (၁) ခရီးသွားဧည့်သည်တွေတည်းခိုနားနေနိုင်ဖို့ အကောင်းဆုံးဖော်ဆောင်လုပ်ကိုင်နေတဲ့ တာဝန်သိခရီးသွားလုပ်ငန်းဆု( ၂) အကောင်းဆုံးတာဝန်သိခရီးသွားလုပ်ငန်းရှင် (၃) ဒေသခံတွေပါဝင်မှုရှိတဲ့ ခရီးသွားလုပ်ငန်းဆိုင်ရာ အကောင်းဆုံးဖော်ဆောင်လုပ်ကိုင်နိုင်မှု၊(၄) အကောင်းဆုံးတီထွင်ဆန်းသစ်နိုင်သော တာဝန်သိခရီးသွားလုပ်ငန်းအမျိုးအစား၊ (၅) တာဝန်သိခရီးသွားလုပ်ငန်းဆိုင်ရာ အသိပညာဖြန့်ပေးနိုင်တဲ့စီမံကိန်းအမျိုးအစား၊ (၆) အခွင့်အလမ်းနည်းပါးသူတွေကို အကျိုးရှိစေမယ့် ခရီးသွားလုပ်ငန်းဆိုင်ရာ အကောင်းဆုံး ဝန်ဆောင်မှု စတဲ့ ဆုတွေကို ပေးအပ်သွားမှာဖြစ်ပါတယ်။

ပါဝင်ချင်တဲ့ ခရီးသွားလုပ်ငန်းတွေအနေနဲ့ သြဂုတ်လ ၁၀ ရက်နေ့မှာ ပါဝင်ယှဉ်ပြိုင်နိုင်မှာဖြစ်ပြီးတော့ Myanmar Responsible Tourism Awards မှာကြည့်ရှုလို့ရတယ်လို့ ဆိုပါတယ်။

[Zawgyi Version]

စီးပြားေရးအရ ေအာင္ျမင္မႈရွိၿပီး၀င္ေငြနိမ့္ပါးတဲ့ ေဒသခံေတြကုိပါ အက်ိဳးခံစားခြင့္ရွိေစဖုိ႔ အတြက္ျမန္မာ့ တာ၀န္သိခရီးသြားလုပ္ငန္းဆုိင္ရာဆု (Myanmar Responsible Tourism Awards-MRTA) ဆုကုိ ေပးအပ္သြားမယ္လုိ႔ သိရပါတယ္။

Photo - MRTA

၂၀၁၈ ခုနွစ္အတြက္ေပးအပ္မယ့္ အဲ့ဒီဆုကုိ ခရီးသြားလုပ္ငန္းရွင္ေတြကုိ တီထြင္တီထြင္ဆန္းသစ္မႈရွိေစဖုိ႔နဲ႔ စီးပြားေရးအရ ေအာင္ျမင္မႈရွိၿပီး၀င္ေငြနိမ့္ပါးတဲ့ ေဒသခံေတြကုိပါ အက်ိဳးခံစားခြင့္ရွိေစဖုိ႔ အတြက္ Product and Package Competition အမည္နဲ႔ က်င္းပသြားမွာျဖစ္တယ္လုိ႔ သိရပါတယ္။

ခရီးသြားလုပ္ငန္းမွာ တီထြင္ဆန္းသစ္မႈရွိိတဲ့လုပ္ငန္းရွင္ေတြရဲ႕ အားထုတ္မႈေတြကုိ ေဖာ္ထုတ္ျပသဖုိ႔၊ တာ၀န္သိခရီးသြားလုပ္ငန္းဆုိင္ရာ လုပ္ေဆာင္မႈေတြကုိ အတုယူလုပ္ကုိင္ေစဖို႔နဲ႔ ေရရွည္တည္တံ့ၿပီး စီးပြာားေရးအရ ေအာင္ျမင္ၿပီး ၀င္ေငြနိမ့္ပါးတဲ့ ေဒသခံေတြကုိ အက်ဴိးရွိေစမယ့္ ခရီးသြားပုံစံေတြ လာေရာက္ယွဥ္ၿပိဳင္ႏုိင္တယ္လုိ႔ သိရပါတယ္။

Photo-MRTA

တာ၀န္သိခရီးသြားလုပ္ငန္းဆုေတြကုိ အပိုင္းလုိက္ေပးအပ္သြားမွာျဖစ္ၿပီးေတာ့ (၁) ခရီးသြားဧည့္သည္ေတြတည္းခုိနားေနနုိင္ဖုိ႔ အေကာင္းဆုံးေဖာ္ေဆာင္လုပ္ကုိင္ေနတဲ့ တာ၀န္သိခရီးသြားလုပ္ငန္းဆု( ၂) အေကာင္းဆုံးတာ၀န္သိခရီးသြားလုပ္ငန္းရွင္ (၃) ေဒသခံေတြပါ၀င္မႈရွိတဲ့ ခရီးသြားလုပ္ငန္းဆုိင္ရာ အေကာင္းဆုံးေဖာ္ေဆာင္လုပ္ကုိင္ႏုိင္မႈ၊(၄) အေကာင္းဆုံးတီထြင္ဆန္းသစ္ႏုိင္ေသာ တာ၀န္သိခရီးသြားလုပ္ငန္းအမ်ဳိးအစား၊ (၅) တာ၀န္သိခရီးသြားလုပ္ငန္းဆုိင္ရာ အသိပညာျဖန္႔ေပးႏုိင္တဲ့စီမံကိန္းအမ်ဳိးအစား၊ (၆) အခြင့္အလမ္းနည္းပါးသူေတြကုိ အက်ဳိးရွိေစမယ့္ ခရီးသြားလုပ္ငန္းဆုိင္ရာ အေကာင္းဆုံး ၀န္ေဆာင္မႈ စတဲ့ ဆုေတြကုိ ေပးအပ္သြားမွာျဖစ္ပါတယ္။

ပါ၀င္ခ်င္တဲ့ ခရီးသြားလုပ္ငန္းေတြအေနနဲ႔ ၾသဂုတ္လ ၁၀ ရက္ေန႔မွာ ပါ၀င္ယွဥ္ၿပိဳင္ႏုိင္မွာျဖစ္ၿပီးေတာ့ Myanmar Responsible Tourism Awards မွာၾကည့္ရႈလုိ႔ရတယ္လုိ႔ ဆုိပါတယ္။


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs