• Local News
    ဖားကန့်မှာမြေပြိုကျလို့ အနည်းဆုံး ၁၅ ဦးသေဆုံး၊ ကယ်ဆယ်ရေးမလုပ်နိုင်
Hmue Eain Zaw
[Unicode Version]

ဖားကန့်မြို့နယ် ဆိပ်မူအုပ်စု မမုံကျေးရွာနောက်ကြော မြေကမ်းပါးပြိုမှု ဖြစ်ပွားခဲ့တာကြောင့် အနည်းဆုံး လူ ၁၅ ဦးလောက် မြေစာပုံတွေအောက်ကို ရောက်ရှိသွားပေမယ့် ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဖို့ အခက်အခဲတွေရှိနေပါတယ်။

37777091_2142532069406057_1192991917390954496_n.jpg

Photo- Thin Thin





ဇူလိုင်လ ၂၄ ရက်နေ့ မနက်ပိုင်းလောက်က ဖားကန့်မြို့ မမုံကျေးရွာက ကျင်းဟောင်းတစ်ခုပြိုကျရာမှာ လူတွေကို မြေကြီးတွေက ပိပြီး လူတွေပျောက်ဆုံးနေတာပါ။ နောက်ဆုံးရ သတင်းတွေအရတော့ လူ ၁၅ ယောက်လောက် မြေစာပုံတွေထဲပျောက်ဆုံးနေပြီး သေဆုံးသွားကြပြီလို့ ယူဆရပါတယ်။



ပြိုကျတဲ့ တွင်းလုပ်ကွက်ဟာ အတော်နက်တာကြောင့် ပြိုကျတဲ့နေရာမှာ တူးဖော်ပြီး ကယ်ဆယ်ရေးလုပ်ဖို့ ကားဆင်းဖို့ လူဆင်းဖို့ မလွယ်ကူတာကြောင့် ကယ်ဆယ်ရေးကို လက်လျော့ထားရတယ်လို့ ဒေသခံတွေကဆိုပါတယ်။



"အထဲကို ဆင်းဖို့ကလည်း ခက်တယ်။ နောက်ဆုံးရထားတာကတော့ ၁၅ ယောက်လောက်မြေပိသွားတယ်သိရတယ်။ အုပ်ချုပ်ရေးပိုင်းကတော့ တတ်နိုင်သလောက် ကူညီဆောင်ရွက်ပေးနေပါတယ်။"လို့ ဖားကန့်မြို့နယ် အုပ်ချုပ်ရေးမှူး ဓူဝံကို အတည်ပြုပြောပါတယ်။



ဒေသခံတွေကတော့ မြေကြီးအောက်ကိုပိမိပြီးသေဆုံးသူတွေမှာ အနည်းဆုံး လူ ၄၀ လောက်ရှိမယ်လို့ခန့်မှန်းချက်တွေရှိနေပြီး အားလုံး အသက်ဆုံးရှုံးနိုင်ခြေရှိပါတယ်။



ပြီးခဲ့တဲ့ ဇူလိုင်လ ဒုတိယပတ်ထဲကလည်း တွင်းဟောင်းပြိုကျလို့ အနည်းဆုံးလူ ၁၄ ယောက်သေဆုံးပြီး ၃၀ လောက် ဒဏ်ရာ ရရှိခဲ့ပါသေးတယ်။

[Zawgyi Version]

ဖားကန္႔ၿမိဳ႕နယ္ ဆိပ္မူအုပ္စု မမုံေက်းရြာေနာက္ေၾကာ ေျမကမ္းပါးၿပိဳမႈ ျဖစ္ပြားခဲ့တာေၾကာင့္ အနည္းဆုံး လူ ၁၅ ဦးေလာက္ ေျမစာပုံေတြေအာက္ကုိ ေရာက္ရွိသြားေပမယ့္ ကယ္ဆယ္ေရးလုပ္ငန္းေတြ လုပ္ဖုိ႔ အခက္အခဲေတြရွိေနပါတယ္။

Photo- Thin Thin





ဇူလုိင္လ ၂၄ ရက္ေန႔ မနက္ပုိင္းေလာက္က ဖားကန္႔ျမိဳ႕ မမုံေက်းရြာက က်င္းေဟာင္းတစ္ခုျပိဳက်ရာမွာ လူေတြကုိ ေျမၾကီးေတြက ပိျပီး လူေတြေပ်ာက္ဆုံးေနတာပါ။ ေနာက္ဆုံးရ သတင္းေတြအရေတာ့ လူ ၁၅ ေယာက္ေလာက္ ေျမစာပုံေတြထဲေပ်ာက္ဆုံးေနျပီး ေသဆုံးသြားၾကျပီလုိ႔ ယူဆရပါတယ္။



ျပိဳက်တဲ့ တြင္းလုပ္ကြက္ဟာ အေတာ္နက္တာေၾကာင့္ ျပိဳက်တဲ့ေနရာမွာ တူးေဖာ္ျပီး ကယ္ဆယ္ေရးလုပ္ဖုိ႔ ကားဆင္းဖုိ႔ လူဆင္းဖုိ႔ မလြယ္ကူတာေၾကာင့္ ကယ္ဆယ္ေရးကုိ လက္ေလ်ာ့ထားရတယ္လုိ႔ ေဒသခံေတြကဆုိပါတယ္။



"အထဲကုိ ဆင္းဖုိ႔ကလည္း ခက္တယ္။ ေနာက္ဆုံးရထားတာကေတာ့ ၁၅ ေယာက္ေလာက္ေျမပိသြားတယ္သိရတယ္။ အုပ္ခ်ဳပ္ေရးပုိင္းကေတာ့ တတ္ႏုိင္သေလာက္ ကူညီေဆာင္ရြက္ေပးေနပါတယ္။"လုိ႔ ဖားကန္႔ျမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမွဴး ဓူ၀ံကုိ အတည္ျပဳေျပာပါတယ္။



ေဒသခံေတြကေတာ့ ေျမၾကီးေအာက္ကုိပိမိျပီးေသဆုံးသူေတြမွာ အနည္းဆုံး လူ ၄၀ ေလာက္ရွိမယ္လုိ႔ခန္႔မွန္းခ်က္ေတြရွိေနျပီး အားလုံး အသက္ဆုံးရႈံးႏုိင္ေျခရွိပါတယ္။



ျပီးခဲ့တဲ့ ဇူလုိင္လ ဒုတိယပတ္ထဲကလည္း တြင္းေဟာင္းျပိဳက်လုိ႔ အနည္းဆုံးလူ ၁၄ ေယာက္ေသဆုံးျပီး ၃၀ ေလာက္ ဒဏ္ရာ ရရွိခဲ့ပါေသးတယ္။


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs