• Local News
    ဗိုလ်ချုပ်ရဲ့ ကတိကဝတ်တွေကို အကောင်အထည်ဖော်ပြီးမှ ရုပ်ထု စိုက်ထူသင့်တယ်လို့ ကယားလူငယ်တွေပြော
Hmue Eain Zaw
[Unicode Version]

တိုင်းရင်းသားတွေရဲ့ တည်ရှိမှူကို အသိအမှတ်ပြုတာတွေမလုပ်ခင် ဗိုလ်ချုပ်ကြေးရူပ်မစိုက်ထူ

သင့်ဘူးလို့ ကရင်နီ(ကယား) ပြည်နယ်လူငယ်တွေက ဒီနေ့ ဇူလိုင် ၂၄ ရက်နေ့မှာရှင်းလင်းခဲ့ပါတယ်။

37814004_1709080239146698_401301566381883392_n.jpg



ဗိုလ်ချုပ်အောင်ဆန်းကို မလေးစားလို့ မဟုတ်ဘဲနဲ့ ဗိုလ်ချုပ်ရဲ့ ကတိကဝတ်တွေထားခဲ့တဲ့အတိုင်း အရင်ဆုံးအကောင်အထည်ဖော်ပေးတာတွေ ပြီးတော့မှ ဒေသခံတွေဘက်က လိုလိုလားလား စိုင်ထူချင်ပါတယ်လို့ သူတို့က ရှင်းလင်းခဲ့တာပါ။



"ကျွန်တော်တို့မှာ ပုဂ္ဂိုလ်ရေး၊လူမျိုးရေး လုံးဝမရှိပါဘူး။ ဗိုလ်ချုပ် ရဲ့ အဓိက ကတိကဝတ်တွေ အကောင်အထည်ဖော်တာထက် ဒေသခံတိုင်းရင်းသားတွေကန့်ကွက်ကြတဲ့အထဲက ကြေးရုပ်စိုက်ထူနေတာက ဗိုလ်ချုပ်ရဲ့ ကတိကဝတ်တွေကို ချိုးဖောက်နေတာဖြစ်တယ် '' လို့ ကရင်နီ(ကယား) ပြည်နယ် လူငယ်ကိုယ်စားပြုအဖွဲ့ဝင်တွေက စာနယ်ဇင်းရှင်းလင်းပွဲမှာ တညီတညွတ်တည်းပြောခဲ့ပါတယ်။



ပြည်နယ် အစိုးရဝန်ကြီးချုပ်အနေနဲ့လည်း ဇူလိုင် ၂၃ ရက်နေ့က အစိုးရအဖွဲ့အနေနဲ့ ဆက်လုပ်မှာမဟုတ်တော့ဘဲနဲ့ ပြည်သူက လိုလားရင် အစိုးရက ဝန်းရံပေးမယ်၊ ပံပိုးပေးမယ်ဆိုပြီးတော့ ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိူးက ဦးဆောင်ရှင်းလင်းခဲ့ပါတယ်။



"ကျွန်တော်တို့ လူငယ်အဖွဲ့တွေမြင်တာက ဒါက အရုပ်တစ်ခုတည်းမဟုတ်ဘူး။ နိုင်ငံရေး၊အမျိူးသားရေးနဲ့ဆိုင်တယ်။ ကျွန်တော်တို့ဘက်ကလည်း ရေရှည်ကိုကြည့်တယ်။ သဘောတူတဲ့လူရှိသလို မတူတဲ့ လူတွေအတွက် ထိပ်တိုက်တွေ့တာတွေ ရှိလာနိူင်တယ်။ ကျွန်တော်တို့ရဲ့ စာပေယဉ်ကျေးမှုအဖွဲ့တွေရှိတယ်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရှိတယ်။ ညှိနှိုင်းပြီးမှ ထားသင့်တာပါ'' လို့ ကရင်နီ (ကယား) ပြည်နယ်လူငယ်ပြောရေးဆိုခွင့်ရှိသူ ကိုခွန်ဘားနက်က ပြောပါတယ်။



ဗိုလ်ချုပ်ရုပ်တု မထားရေးကန့်ကွက်တာက လူမျိူးရေး ပုဂ္ဂိုလ်ရေး ခွဲခြားတာမရှိဘူးလို့ လူငယ်တွေက စာနယ်ဇင်းရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။



လက်ရှိမှာတော့ ဗိုလ်ချုပ်ရုပ်တုထားဖို့ကို ရွှေ့ဆိုင်းထားပြီးတော့ ဒီလိုတိုင်းရင်းသားဒေသတွေမှာ ရုပ်တုလာဆောက်တာက နောက်ကွယ်မှာ အကြောင်းအရင်းတစ်ခုရှိရမယ်လို့လည်း စာနယ်ဇင်းရှင်းလင်းပွဲမှာ လူငယ်တွေက ပြောကြားခဲ့ပါတယ်။ ရုပ်တုကို ဘယ်အချိန်ပြန်လုပ်ခွင့်ရှိမလဲဆိုပြီးတော့ သတင်းထောက်တွေရဲ့ မေးမြန်းမှုကိုတော့ အချိန်ကာလပြောခွင့်မရှိဘဲ လက်ရှိမှာ ရွှေ့ဆိုင်းထားပြီးတော့ ဌာနေသမိုင်းကြောင်းအရ ရှိနေတဲ့ အခွင့်အရေးကို မရမချင်း ရုပ်တုမလုပ်ဖို့ကိုပဲ ပြောချင်တယ်လို့ ရှင်းလင်းတဲ့ အဖွဲ့တွေက ပြောကြားခဲ့ပါတယ်။



ဗိုလ်ချုပ်ကြေးရုပ်ထား၊ မထားနဲ့ပတ်သတ်ပြီး ကယားပြည်နယ်မှာ ကန့်ကွက်မှုတွေဖြစ်ပေါ်ခဲ့ပြီးတော့ အဲ့ဒီ ကန့်ကွက်မှုမှာပါဝင်ခဲ့တဲ့ လူငယ်အချို့ကို အရေးယူမှုတွေရှိခဲ့တယ်လို့လည်း သိရပါတယ်။



ဒီလိုအရေးယူတာက ကန့်ကွက်မှူမှာ ဦးဆောင်ပါဝင်တဲ့လူငယ်တွေအနေနဲ့ ဥပဒေနဲ့ မညီတဲ့ ဝါဒဖြန့်တာတွေ၊ ကြေညာချက် ထုတ်တာတွေကို ဇူလိုင် ၃ ရက်နေ့ကပြုလုပ်ခဲ့တာကြောင့် ဆန္ဒပြမှူကို ဥပဒေနဲ့ အညီ လုပ်ဖို့ ညှိနှိုင်းပေမယ့် ဥပဒေနဲ့ မညီပြုလုပ်တာတွေကြောင့် တရားစွဲတာလို့ ပြည်နယ်က တာဝန်ရှိသူတွေက ပြောထားပါတယ်။



အခုလို သဘောမတူတာက အဖွဲ့ ၈ ဖွဲ့ဖြစ်ပြီး ရုပ်တုထားဖို့ သဘောတူတဲ့အဖွဲ့က ငါးဖွဲ့ဖြစ်ပြီးအဲ့ဒီအဖွဲ့တွေက လေးစားရတဲ့ခေါင်းဆောင်တစ်ဦးရဲ့ ရုပ်တုဖြစ်လို့ထားသင့်တယ်လို့ သဘောထားထုတ်ပြန်ခဲ့ကြပါတယ်။

[Zawgyi Version]

တုိင္းရင္းသားေတြရဲ႕ တည္႐ွိမႉကို အသိအမွတ္ျပဳတာေတြမလုပ္ခင္ ဗိုလ္ခ်ဳပ္ေၾကး႐ူပ္မစိုက္ထူ

သင့္ဘူးလို႔ ကရင္နီ(ကယား) ျပည္နယ္လူငယ္ေတြက ဒီေန႔ ဇူလိုင္ ၂၄ ရက္ေန႔မွာ႐ွင္းလင္းခဲ့ပါတယ္။





ဗို္လ္ခ်ဳပ္ေအာင္ဆန္းကို မေလးစားလုိ႔ မဟုတ္ဘဲနဲ႔ ဗိုလ္ခ်ဳပ္ရဲ႕ ကတိကဝတ္ေတြထားခဲ့တဲ့အတုိင္း အရင္ဆုံးအေကာင္အထည္ေဖာ္ေပးတာေတြ ၿပီးေတာ့မွ ေဒသခံေတြဘက္က လိုလိုလားလား စုိင္ထူခ်င္ပါတယ္လို႔ သူတုိ႔က ႐ွင္းလင္းခဲ့တာပါ။



"ကြၽန္ေတာ္တုိ႔မွာ ပုဂၢိဳလ္ေရး၊လူမ်ဳိးေရး လုံးဝမ႐ွိပါဘူး။ ဗိုလ္ခ်ဳပ္ ရဲ႕ အဓိက ကတိကဝတ္ေတြ အေကာင္အထည္ေဖာ္တာထက္ ေဒသခံတုိင္းရင္းသားေတြကန္႔ကြက္ၾကတဲ့အထဲက ေၾကး႐ုပ္စုိက္ထူေနတာက ဗုိလ္ခ်ဳပ္ရဲ႕ ကတိကဝတ္ေတြကို ခ်ဳိးေဖာက္ေနတာျဖစ္တယ္ '' လို႔ ကရင္နီ(ကယား) ျပည္နယ္ လူငယ္ကိုယ္စားျပဳအဖြဲ႔ဝင္ေတြက စာနယ္ဇင္း႐ွင္းလင္းပြဲမွာ တညီတၫြတ္တည္းေျပာခဲ့ပါတယ္။



ျပည္နယ္ အစုိးရဝန္ႀကီးခ်ဳပ္အေနနဲ႔လည္း ဇူလိုင္ ၂၃ ရက္ေန႔က အစုိးရအဖြဲ႔အေနနဲ႔ ဆက္လုပ္မွာမဟုတ္ေတာ့ဘဲနဲ႔ ျပည္သူက လိုလားရင္ အစုိးရက ဝန္းရံေပးမယ္၊ ပံပိုးေပးမယ္ဆုိၿပီးေတာ့ ဝန္ႀကီးခ်ဳပ္ ဦးအယ္လ္ေဖာင္း႐ွဴိးက ဦးေဆာင္႐ွင္းလင္းခဲ့ပါတယ္။



"ကြၽန္ေတာ္တုိ႔ လူငယ္အဖြဲ႔ေတြျမင္တာက ဒါက အ႐ုပ္တစ္ခုတည္းမဟုတ္ဘူး။ ႏုိင္ငံေရး၊အမ်ဴိးသားေရးနဲ႔ဆုိင္တယ္။ ကြၽန္ေတာ္တုိ႔ဘက္ကလည္း ေရ႐ွည္ကိုၾကည့္တယ္။ သေဘာတူတဲ့လူ႐ွိသလို မတူတဲ့ လူေတြအတြက္ ထိပ္တုိက္ေတြ႔တာေတြ ႐ွိလာႏူိင္တယ္။ ကြၽန္ေတာ္တုိ႔ရဲ႕ စာေပယဥ္ေက်းမႈအဖြဲ႔ေတြ႐ွိတယ္။ တုိင္းရင္းသားလက္နက္ကိုင္အဖြဲ႔ေတြ႐ွိတယ္။ ညႇိႏႈိင္းၿပီးမွ ထားသင့္တာပါ'' လို႔ ကရင္နီ (ကယား) ျပည္နယ္လူငယ္ေျပာေရးဆုိခြင့္႐ွိသူ ကိုခြန္ဘားနက္က ေျပာပါတယ္။



ဗိုလ္ခ်ဳပ္႐ုပ္တု မထားေရးကန္႔ကြက္တာက လူမ်ိဴးေရး ပုဂၢိဳလ္ေရး ခြဲျခားတာမ႐ွိဘူးလို႔ လူငယ္ေတြက စာနယ္ဇင္း႐ွင္းလင္းပြဲမွာ ေျပာၾကားခဲ့ပါတယ္။



လက္႐ွိမွာေတာ့ ဗုိလ္ခ်ဳပ္႐ုပ္တုထားဖုိ႔ကို ေရႊ႔ဆုိင္းထားၿပီးေတာ့ ဒီလုိတုိင္းရင္းသားေဒသေတြမွာ ႐ုပ္တုလာေဆာက္တာက ေနာက္ကြယ္မွာ အေၾကာင္းအရင္းတစ္ခု႐ွိရမယ္လို႔လည္း စာနယ္ဇင္း႐ွင္းလင္းပြဲမွာ လူငယ္ေတြက ေျပာၾကားခဲ့ပါတယ္။ ႐ုပ္တုကို ဘယ္အခ်ိန္ျပန္လုပ္ခြင့္႐ွိမလဲဆုိၿပီးေတာ့ သတင္းေထာက္ေတြရဲ႕ ေမးျမန္းမႈကိုေတာ့ အခ်ိန္ကာလေျပာခြင့္မ႐ွိဘဲ လက္႐ွိမွာ ေရႊ႔ဆိုင္းထားျပီးေတာ့ ဌာေနသမုိင္းေျကာင္းအရ ႐ွိေနတဲ့ အခြင့္အေရးကို မရမခ်င္း ႐ုပ္တုမလုပ္ဖုိ႔ကိုပဲ ေျပာခ်င္တယ္လို႔ ႐ွင္းလင္းတဲ့ အဖြဲ႔ေတြက ေျပာၾကားခဲ့ပါတယ္။



ဗိုလ္ခ်ဳပ္ေၾကး႐ုပ္ထား၊ မထားနဲ႔ပတ္သတ္ၿပီး ကယားျပည္နယ္မွာ ကန္႔ကြက္မႈေတြျဖစ္ေပၚခဲ့ၿပီးေတာ့ အဲ့ဒီ ကန္႔ကြက္မႈမွာပါဝင္ခဲ့တဲ့ လူငယ္အခ်ဳိ့ကို အေရးယူမႈေတြ႐ွိခဲ့တယ္လို႔လည္း သိရပါတယ္။



ဒီလိုအေရးယူတာက ကန္႔ကြက္မႉမွာ ဦးေဆာင္ပါဝင္တဲ့လူငယ္ေတြအေနနဲ႔ ဥပေဒနဲ႔ မညီတဲ့ ဝါဒျဖန္႔တာေတြ၊ ေၾကညာခ်က္ ထုတ္တာေတြကို ဇူလိုင္ ၃ ရက္ေန႔ကျပဳလုပ္ခဲ့တာေၾကာင့္ ဆႏၵျပမႉကို ဥပေဒနဲ႔ အညီ လုပ္ဖုိ႔ ညႇိႏႈိင္းေပမယ့္ ဥပေဒနဲ႔ မညီျပဳလုပ္တာေတြေၾကာင့္ တရားစြဲတာလို႔ ျပည္နယ္က တာဝန္႐ွိသူေတြက ေျပာထားပါတယ္။



အခုလို သေဘာမတူတာက အဖြဲ႔ ၈ ဖြဲ႔ျဖစ္ၿပီး ႐ုပ္တုထားဖုိ႔ သေဘာတူတဲ့အဖြဲ႔က ငါးဖြဲ႔ျဖစ္ၿပီးအဲ့ဒီအဖြဲ႔ေတြက ေလးစားရတဲ့ေခါင္းေဆာင္တစ္ဦးရဲ႕ ႐ုပ္တုျဖစ္လို႔ထားသင့္တယ္လို႔ သေဘာထားထုတ္ျပန္ခဲ့ၾကပါတယ္။


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs