• Local News
    မြန်မာ - ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာ လက်နက်စက်ရုံတစ်ရုံကို ဖမ်းဆီးရမိ
Hmue Eain Zaw
[Unicode Version]

မြန်မာနယ်စပ် နားက ဘင်္ဂလားဒေ့ရှ် ကော့စ်ဘဇား ခရိုင် မဟားဇိုးကျွန်းမှာ လက်နက်လုပ်တဲ့ စက်ရုံတရုံကို ဘင်္ဂလားဒေ့ရှ်ဖက်က ဝင်ဖမ်းခဲ့ရာမှာဒေသလုပ်သေနတ်အများအပြားတွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။



_102679367_cox-bazar-armrs-22-07-2018-01.jpg

Photo - BDNews24

 



သတင်းအရ ဝင်ရောက်စီးနင်း ရှာဖွေရာက ဒေသလုပ်သေနတ် ၂၂ လက်နဲ့ သေနတ်လုပ်ရာမှာ အသုံးပြုတဲ့ ပစ္စည်း ကိရိယာတွေအပါအဝင် ကျည်ဆံ အများကြီးကို ရှာဖွေတွေ့ရှိခဲ့တယ်လို့ Asia Times ရဲ့သတင်းမှာဖော်ပြပါတယ်။



ဘင်္ဂလားဒေ့ရှ်က Rapid Action Battalion တပ်ဖွဲ့က ဝင်ရောက် စီးနင်းတာ ဖြစ်ပြီးလက်နက်စက်ရုံကျွမ်းကျင်သူ ၂ ယောက်ကို ပါဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။



ခုလို ဖမ်းဆီးရမိခဲ့ ဒေသလုပ် သေနတ်တွေဟာ ဒေသအတွင်းက ဒုစရိုက် လောကမှာ အသုံးပြုဖို့ ဖြစ်နိုင်တယ်လို့ မှုခင်း နှိမ်နှင်းရေးတပ်ဖွဲ့က ခန့်မှန်းပြီး လက်နက်တွေကြောင့် မြန်မာနိုင်ငံက ထွက်ပြေးလာကြတဲ့ ဒုက္ခသည်တွေပြဿနာဖြစ်မှုကို ဟန့်တားနိုင်တယ်လို့ဆိုပါတယ်။



မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် ၂ နိုင်ငံ နယ်စပ်ဟာ ကုန်းနဲ့ရော ရေနဲ့ပါ ထိစပ်နေတာ ကြောင့် လက်နက် မှောင်ခိုမှုတွေ၊ မူးယစ်ဆေးဝါး မှောင်ခိုကူးသန်း ရောင်းဝယ် မှုတွေ၊ ဓားပြနဲ့ လူကုန်ကူးမှုတွေ ထူပြောနေတဲ့ ဒေသတခု ဖြစ်တယ်လို့ BBC သတင်းက ဖော်ပြပါတယ်။

[Zawgyi Version]





Photo - BDNews24

 














ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs