• Local News
    မြန်မာနိုင်ငံပုံရိပ်ကျဆင်းလာမှုများကြောင့် ခရီးသွားလုပ်ငန်းတွေထိခိုက်နေ
Hmue Eain Zaw
[Unicode Version]

မြန်မာနိုင်ငံကို ဒီနှစ်မှာလာရောက်တဲ့ အနောက်နိုင်ငံသား ခရီးသွားတွေလာရောက်မှု လျော့ကျနေတယ်လို့ ခရီးသွားလုပ်ငန်းရှင်များအသင်းဥက္ကဌ ဦးသက်လွင်တိုးက ပြောပါတယ်။

cnn.jpg

Photo - AFP





"မြန်မာနိုင်ငံမှာ အထင်လွဲနေတာတွေရယ်ရော၊ ရှိတာပေါ့။ လာကြည့်တော့ ဒီလောက်လည်း မဟုတ်ဘူး။ သိကြတာပါပဲ။ ဒါတွေကိုပြန်မြှင့်တင်ဖို့တော့လုပ်နေပါတယ်။” လို့ သူက ဓူဝံကိုပြောပါတယ်။



ပြင်သစ်၊ အင်္ဂလန်၊ ဂျာမန်၊ နော်ဝေ၊ ဒိန်းမတ်၊ဆွီဒင် စတဲ့ နိုင်ငံတွေကနေ လာရောက်မှုက သိသိသာသာကျဆင်းသွားတာဖြစ်ပြီးတော့ ကျန်တဲ့ နိုင်ငံတွေဝင်ရောက်မှုက ပုံမှန်အတိုင်းရှိနေတယ်လို့ သိရပါတယ်။



“မဟုတ်ဘူး။ သိကြတာပါပဲ။ ဒါတွေကိုပြန်မြှင့်တင်ဖို့တော့လုပ်နေပါတယ်။ပြင်သစ်နဲ့ အင်္ဂလန်မားကတ်က ပိုဆိုးတယ်။ ဂျာမန်တို့ ဘာတို့က ၃၀ - ၄၀ ရာခိုင်နှုန်းအထိကျတယ်။ ကျွန်တော်တို့ စပိန်ကတော့သိပ်မကျဘူး ၁၂ ရာနှုန်းပဲကျတယ်။ ရုရှားဆိုရင် ၄ ရာခိုင်နှုန်းရှိတယ်။ စပိန်တို့ရုရှားတို့ ယူရိုးပီးယန်းတွေကိုတော့ နည်းနည်းကျတယ်။ တစ်ဖက်က ငွေဝင်အောင်တော့ပြန်လုပ်နေရတာပေါ့။ ကျွန်တော်တို့က ကုမ္ပဏီအနေနဲ့ဆိုရင် စပိန်တိုးက သိပ်မကျဘူး။ ပုံမှန်သွားနေတယ်။ နောက်ရုရှားတွေလည်း သူ့ဘာသူရှိတယ်။နော်ဝေး၊ဒိန်းမတ်၊ဆွီဒင်တို့လို နိုင်ငံတွေကကျ လူ့အခွင့်အရေးဦးစားပေးနိုင်ငံတွေဆိုတော့ နည်းနည်းတော့ကျတယ်။” လို့ သူက ပြောပါတယ်။



လာမယ့် ၂၀၁၉ ခုနှစ်မှာတော့ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးအောင် လုပ်ဆောင်သွာားမှာဖြစ်ပြီးတော့ လုပ်ဆောင်ရမယ့်အချက်တွေကို ဒုတိယသမ္မတနဲ့လည်း တွေ့ဆုံညှိနှိုင်းအဖြေရှာမှုတွေ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။



မြန်မာနိုင်ငံကို လေကြောင်းနဲ့ပြည်ပဧည့်သည်ဝင်ရောက်မှုမှာ ၂၀၁၈ ဇွန်လအထိ ခရီးသည် ခြောက်သိန်းခွဲဝင်ရောက်ခဲ့ပြိးတော့ အပျော်စီးသဘောၤနဲ့ ဝင်ရောက်မှုက ၆၈၈၀ ဦး၊ နယ်စပ်ဝင်ပေါက်ကနေ အတွင်းပိုင်းထိဝင်ရောက်မှုက ၂၃၂၃၄ ဦးအထိရှိခဲ့တာဖြစ်ပြီးတော့ နယ်စပ်ကနေဝင်ရောက်သူတွေက တစ်သန်းကျော်ရှိခဲ့ပြီး အားလုံးစုစုပေါင်း တွက်ချက်မှုအရ ယခင်နှစ်နဲ့ နှိုင်းယှဉ်ရင် ၂ ရာခိုင်နှုန်းကျဆင်းသွားတယ်လို့ ဟိုတယ်နဲ့ ခရီးသွာလာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

[Zawgyi Version]

ျမန္မာနုိ္င္ငံကို ဒီႏွစ္မွာလာေရာက္တဲ့ အေနာက္နုိင္ငံသား ခရီးသြားေတြလာေရာက္မႈ ေလ်ာ့က်ေနတယ္လုိ႔႔ ခရီးသြားလုပ္ငန္းရွင္မ်ားအသင္းဥကၠဌ ဦးသက္လြင္တုိးက ေျပာပါတယ္။

cnn.jpg

Photo - AFP





"ျမန္မာႏုိင္ငံမွာ အထင္လြဲေနတာေတြရယ္ေရာ၊ ရွိတာေပါ့။ လာၾကည့္ေတာ့ ဒီေလာက္လည္း မဟုတ္ဘူး။ သိၾကတာပါပဲ။ ဒါေတြကုိျပန္ျမွင့္တင္ဖုိ႔ေတာ့လုပ္ေနပါတယ္။” လုိ႔ သူက ဓူ၀ံကုိေျပာပါတယ္။



ျပင္သစ္၊ အဂၤလန္၊ ဂ်ာမန္၊ ေနာ္ေ၀၊ ဒိန္းမတ္၊ဆြီဒင္ စတဲဲ့ ႏုိင္ငံေတြကေန လာေရာက္မႈက သိသိသာသာက်ဆင္းသြားတာျဖစ္ၿပီးေတာ့ က်န္တဲ့ ႏုိင္ငံေတြ၀င္ေရာက္မႈက ပုံမွန္အတုိင္းရွိေနတယ္လုိ႔ သိရပါတယ္။



“မဟုတ္ဘူး။ သိၾကတာပါပဲ။ ဒါေတြကုိျပန္ျမွင့္တင္ဖုိ႔ေတာ့လုပ္ေနပါတယ္။ျပင္သစ္နဲ႔ အဂၤလန္မားကတ္က ပိုဆုိးတယ္။ ဂ်ာမန္တုိ႔ ဘာတုိ႔က ၃၀ - ၄၀ ရာခုိင္ႏႈန္းအထိက်တယ္။ ကၽြန္ေတာ္တုိ႔ စပိန္ကေတာ့သိပ္မက်ဘူး ၁၂ ရာႏႈန္းပဲက်တယ္။ ရုရွားဆုိရင္ ၄ ရာခုိင္ႏႈနး္ရွိတယ္။ စပိန္တုိ႔ရုရွားတုိ႔ ယူရုိးပီးယန္းေတြကုိေတာ့ နည္းနည္းက်တယ္။ တစ္ဖက္က ေငြ၀င္ေအာင္ေတာ့ျပန္လုပ္ေနရတာေပါ့။ ကၽြန္ေတာ္တုိ႔က ကုမၸဏီအေနနဲ႕ဆုိရင္ စပိန္တုိးက သိပ္မက်ဘူး။ ပုံမွန္သြားေနတယ္။ ေနာက္ရုရွားေတြလည္း သူ႔ဘာသူရွိတယ္။ေနာ္ေ၀း၊ဒိန္းမတ္၊ဆြီဒင္တုိ႔လုိ ႏုိင္ငံေတြကက် လူ႔အခြင့္အေရးဦးစားေပးႏုိင္ငံေတြဆိုေတာ့ နည္းနည္းေတာ့က်တယ္။” လုိ႔ သူက ေျပာပါတယ္။



လာမယ့္ ၂၀၁၉ ခုနွစ္မွာေတာ့ ခရီးသြားလုပ္ငန္းဖြံ႔ၿဖိဳးေအာင္ လုပ္ေဆာင္သြာားမွာျဖစ္ၿပီးေတာ့ လုပ္ေဆာင္ရမယ့္အခ်က္ေတြကုိ ဒုတိယသမၼတနဲ႕လည္း ေတြ႔ဆုံညွိႏႈိင္းအေျဖရွာမႈေတြ လုပ္ေဆာင္ေနတယ္လုိ႔ ဆုိပါတယ္။



ျမန္မာနုိင္ငံကုိ ေလေၾကာင္းနဲ႕ျပည္ပဧည့္သည္၀င္ေရာက္မႈမွာ ၂၀၁၈ ဇြန္လအထိ ခရီးသည္ ေျခာက္သိန္းခြဲ၀င္ေရာက္ခဲ့ၿပိးေတာ့ အေပ်ာ္စီးသေဘာၤနဲ႔ ၀င္ေရာက္မႈက ၆၈၈၀ ဦး၊ နယ္စပ္၀င္ေပါက္ကေန အတြင္းပိုင္းထိ၀င္ေရာက္မႈက ၂၃၂၃၄ ဦးအထိရွိခဲ့တာျဖစ္ၿပီးေတာ့ နယ္စပ္ကေန၀င္ေရာက္သူေတြက တစ္သန္းေက်ာ္ရွိခဲ့ၿပီး အားလုံးစုစုေပါင္း တြက္ခ်က္မႈအရ ယခင္နွစ္နဲ႔ နႈိင္းယွဥ္ရင္ ၂ ရာခုိင္ႏႈန္းက်ဆင္းသြားတယ္လုိ႔ ဟို္တယ္နဲဲ႔ ခရီးသြာလာေရး၀န္ႀကီးဌာနက ထုတ္ျပန္ထားပါတယ္။


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs