• Local News
    အောင်ရဲထွေး သေဆုံးတဲ့ အမှုပိတ်သိမ်းမှု သက်သေမခိုင်လုံမှုနှင့် မိသားစုခြင်းညှိနှိုင်းမှုကြောင့်ဟု ရှေ့နေပြော
Hmue Eain Zaw
[Unicode Version]

ဟာသသရုပ်ဆောင်အောင်ရဲထွေးကို သတ်တဲ့တရားခံတွေကို အမှုကနေလွတ်မြောက်မှုဟာ မိသားစုခြင်းညှိနှိုင်းမှုကြောင့်ဖြစ်ပြီး တရားရုံးအဆင့်ဆင့်ကနေ ချထားပေးတာကို အမိန့်ချတာဖြစ်တယ်လို့ တရားလွှတ်တော်ရှေ့နေဦးချစ်ကိုကိုက ပြောဆိုလိုက်ပါတယ်။

15541696-1421247017900163-2745465669060986656-n.jpg



ဇူလိုင် ၂၅ ရက်နေ့က အရှေ့ပိုင်းခရိုင်တရားရုံးကနေ ချမှတ်လိုက်တဲ့အမိန့်နဲ့ ပတ်သက်ပြီး လူမှုကွန်ရက်တွေမှာ ဝေဖန်နေကြပြီး ငွေကြေးတစ်စုံတစ်ရာ ပေးမှုကြောင့်ဖြစ်တယ်လို့ ပြောဆိုဝေဖန်မှုတွေရှိနေပါတယ်။



ဒီအမှုဟာ သေဆုံးသူကို ဘယ်သူဘယ်ဝါက သေစေအောင်ပြုလုပ်တယ်ဆိုတာ မထင်ရှားတဲ့ အပြင် ဘာသာတူခြင်း မိသားစုခြင်းညှိနှိုင်းခဲ့မှုကြောင့် အမှုကို ပြန်လည်ရုပ်သိမ်းခဲ့ကြတာဖြစ်တယ်လို့ တရားခံရှေ့နေအဖြစ်ဆောင်ရွက်ခဲ့သူ တရားလွှတ်တော်ရှေ့နေ ဦးချစ်ကိုကို က ဓူဝံကိုပြောပါတယ်။



"ဒီအမှုကို တရားလို့ သေဆုံးသူရဲ့ အကို ကိုသန့်ဇင်ဦးက တရားစွဲခဲ့ပြီး နောက်ရုံးချိန်တွေမှာ အမှုပိတ်သိမ်းဖို့ လျောက်ထားခဲ့တာဖြစ်ပါတယ်။ ပုဒ်မ ၄၉၄ (က) ဟာ ကျေအေးလို့ မှုတဲ့ အမှုတွေကို ပိတ်သိမ်းတဲ့ ဥပေ

ပါ။ ဒီအမှုဖြစ်နေစဉ်မှာ သက်သေ ၁၄ ယောက်ကို စစ်ဆေးခဲ့ပြီး ဘယ်သူက သတ်တယ်ဆိုတာ သက်သေမခိုင်လုံတာကြောင့်ရော ဘာသာရေးခေါင်းဆောင်တွေက ညှိနှိုင်းပေးခဲ့တာကြောင့်ရော ပြန်လည်ရုပ်သိမ်းသွားခဲ့တာပါ။"လို့ ရှေ့နေဦးချစ်ကိုကိုကပြောပါတယ်။





အောင်ရဲထွေးရိုက်နှက်ခံရပြီးသေဆုံးမှုနဲ့ပါတ်သတ်ပြီး ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၉၄(က)အရ ရုပ်သိမ်းခွင့်ပြုတာကြောင့် ဖမ်းဆီးထားသူ အမျိုးသားသုံးဦးကို အမှုကနေပြန်လွှတ်ပေးလိုက်ပါတယ်။



အဲ့ဒီအမှုနဲ့ ပါတ်သတ်ပြီး သုဝဏ္ဏနယ်မြေရဲစခန်းက (ပ)၅/၂၀၁၈ အမှုဖွင့်စစ်ဆေးခဲ့ပြီးတော့ အသက် ၂၆ နှစ်အရွယ် သန်းထွဋ်အောင်(ခ)သားကြီး၊ အသက် ၂၆ နှစ်အရွယ်ပြည့်ဖြိုးအောင်(ခ)အောင်လေး၊ အသက် ၂၈ နှစ်အရွယ်ကျော်ဇောဟန်(ခ) ကျော်ဇော ကို တရားခံအဖြစ်နဲ့ ဖမ်းဆီးရာ ကနေပြန်လွှတ်ပေးလိုက်တာပါ။



၂၀၁၇ ဒီဇင်ဘာလတုန်းက သရုပ်ဆောင်အောင်ရဲထွေး က The One Entertainment Park မှာလူတစ်စုရဲ့ ဝိုင်းဝန်းကန်ကျောက်ခြင်းကို ခံခဲ့ရပြီး ဦးခေါင်းက ဒဏ်ရာတွေကြောင့် ဇန်နဝါရီ ၂ ရက်နေ့မှာသေဆုံးခဲ့တာပါ။

[Zawgyi Version]

ဟာသသရုပ္ေဆာင္ေအာင္ရဲေထြးကုိ သတ္တဲ့တရားခံေတြကုိ အမႈကေနလြတ္ေျမာက္မႈဟာ မိသားစုျခင္းညွိႏႈိင္းမႈေၾကာင့္ျဖစ္ျပီး တရားရုံးအဆင့္ဆင့္ကေန ခ်ထားေပးတာကုိ အမိန္႔ခ်တာျဖစ္တယ္လုိ႔ တရားလႊတ္ေတာ္ေရွ႕ေနဦးခ်စ္ကုိကုိက ေျပာဆုိလုိက္ပါတယ္။





ေအာင္ရဲေထြးရိုက္နွက္ခံရၿပီးေသဆုံးမႈနဲ႕ပါတ္သတ္ၿပီး ရာဇ၀တ္က်င့္ထုံးဥပေဒပုဒ္မ ၄၉၄(က)အရ ရုပ္သိမ္းခြင့္ျပဳတာေၾကာင့္ ဖမ္းဆီးထားသူ အမ်ဳိးသားသုံးဦးကုိ အမႈကေနျပန္လႊတ္ေပးလုိက္ပါတယ္။



အဲ့ဒီအမႈနဲဲ႔ ပါတ္သတ္ၿပီး သု၀ဏၰနယ္ေျမရဲစခန္းက (ပ)၅/၂၀၁၈ အမႈဖြင့္စစ္ေဆးခဲ့ၿပီးေတာ့ အသက္ ၂၆ နွစ္အရြယ္ သန္းထြဋ္ေအာင္(ခ)သားႀကီး၊ အသက္ ၂၆ နွစ္အရြယ္ျပည့္ၿဖိဳးေအာင္(ခ)ေအာင္ေလး၊ အသက္ ၂၈ နွစ္အရြယ္ေက်ာ္ေဇာဟန္(ခ) ေက်ာ္ေဇာ ကုိ တရားခံအျဖစ္နဲ႔ ဖမ္းဆီးရာ ကေနျပန္လႊတ္ေပးလုိက္တာပါ။



၂၀၁၇ ဒီဇင္ဘာလတုန္းက သရုပ္ေဆာင္ေအာင္ရဲေထြး က The One Entertainment Park မွာလူတစ္စုရဲ႕ ၀ိုင္း၀န္းကန္ေက်ာက္ျခင္းကုိ ခံခဲ့ရၿပီး ဦးေခါင္းက ဒဏ္ရာေတြေၾကာင့္ ဇန္န၀ါရီ ၂ ရက္ေန႔မွာေသဆုံးခဲ့တာပါ။


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs