• Local News
    သာပေါင်းမြို့နယ်မှာ ရေတွင် အရေပြားနဲ့ အာရုံကြောရောဂါတွေဖြစ်ပွားစေတဲ့ အာဆင်းနစ် အဆိပ်ကိုတွေ့ရှိ
Mi Thawdar Aung
[Unicode Version]

ဧရာဝတီတိုင်းဒေသကြီး သာပေါင်းမြို့နယ်ရှိ ကျေးရွာ ၇ ရွာမှာ အရေပြားရောဂါ၊ အာရုံကြောရောဂါတွေ ဖြစ်ပွားစေနိုင်တဲ့ ရေထဲမှာ အာဆင်းနစ်ဓာတ်ကို တွေ့ရှိခဲ့တယ်လို့သိရပါတယ်။

အဲဒီတွေ့ရှိချက်ကို ဆေးသုတေသနဦးစီးဌာနနဲ့ ဂျပန်နိုင်ငံတို့ ပူးပေါင်းပြီး ၃ နှစ်ကြာ သုတေသနပြုလုပ်ခဲ့တာပါ။

arsenic.png

အားဆင်းနစ်အဆိပ်ဓာတ်ဖြစ်စေသော ရောဂါလက္ခဏာတွေ့ရှိရစဉ်။

 

၂၀၁၅ ခုနှစ် သြဂုတ်လကနေ ၂၀၁၈ ခုနှစ် ဇူလိုင်လ အထိ သာပေါင်းမြို့နယ်ရှိ ကုန်းထန်းကြီး၊ သရက်တော၊ ထန်းစင်လှ၊ ရှမ်းကွင်း၊ ရေလဲကြီး၊ လယ်တီချောင် ရွာတို့မှာ စစ်တမ်းကောက်ယူခဲ့တာပါ။

“မြန်မာနိုင်ငံမှာက မိုးရာသီဆိုရင် နှစ်တဝက်လောက်က မိုးရေသောက်ကြတော့ အာဆင်းနစ်ဓာတ် က သူများနိုင်ငံတွေ ထက်စာရင်တော့ တွေ့ရှိမှုနည်းပါတယ်။ သုတေသနအရ ရွာအချို့မှာရောဂါ လက္ခဏာအနည်းငယ်ရှိတဲ့သူကို တွေ့ခဲ့ရတယ်။ ဒါကြောင့် ဆက်မသောက်ဖို့၊ အာဟာရပြည့်တာတွေစားဖို့၊ နောက်ပြီး ဂျပန်နိုင်ငံရဲ့ အကူအညီနဲ့ ရေတွေကို သန့်စင်တဲ့နည်းစနစ်တွေလည်းလုပ်ခဲ့တယ်။”  ဆေးသုတေသနဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာခင်ဖြူဖြူက ပြောပါတယ်။

 

IMG_9425.JPG

ရေတွင်အားဆင်းနစ်ဓာတ်ပါဝင်မှုဆိုင်ရာ သုတေသနတွေ့ရှိချက်ရှင်းလင်းစဉ်။

 

အားဆင်းနစ်ဓာတ်ပါရှိတဲ့ ရေတွေကို ခြောက်လအထိ ဆက်တိုက်သောက်သုံးမယ်ဆိုရင် အရေပြားကင်ဆာရောဂါ ၊ ဦးနှောက်နဲ့ အာရုံကြောဆိုင်တဲ့ ရောဂါအမျိုးမျိုးဖြစ်ပွားနိုင်ပါတယ်။

မြန်မာနိုင်ငံမှာ အားဆင်းနစ်အဆိပ်ဓာတ်အများဆုံးတွေ့ရှိရတာက ဧရာဝတီတိုင်းဒေသကြီးဖြစ်ပြီး လာမယ့်နှစ်မှာ အားဆင်းနစ်အဆိပ်ဓာတ်အများဆုံးရှိနေတဲ့ ကျုံပျော်မြို့နဲ့ ကျောင်းကုန်းမြို့ရှိ ရေတွေမှာ စစ်တမ်းကောက်ယူမယ်လို့ သိရပါတယ်။

အားဆင်းနစ်အဆိပ်ဓာတ်က ဘင်္ဂလားဒေရှ့်၊လာအို၊ ကမ္ဘောဒီးယား၊ ထိုင်းနိုင်ငံတွေမှာတွေ့ရပြီး မြန်မာနိုင်ငံထက် ပဏာမများတယ်လို့ သိရပါတယ်။

[Zawgyi Version]

ဧရာ၀တီတုိင္းေဒသႀကီး သာေပါင္းၿမိဳ႕နယ္ရွိ ေက်းရြာ ၇ ရြာမွာ အေရျပားေရာဂါ၊ အာရုံေၾကာေရာဂါေတြ ျဖစ္ပြားေစႏိုင္တဲ့ ေရထဲမွာ အာဆင္းနစ္ဓာတ္ကုိ ေတြ႕ရွိခဲ့တယ္လုိ႔သိရပါတယ္။

အဲဒီေတြ႕ရွိခ်က္ကုိ ေဆးသုေတသနဦးစီးဌာနနဲ႔ ဂ်ပန္ႏုိင္ငံတုိ႔ ပူးေပါင္းၿပီး ၃ ႏွစ္ၾကာ သုေတသနျပဳလုပ္ခဲ့တာပါ။

အားဆင္းနစ္အဆိပ္ဓာတ္ျဖစ္ေစေသာ ေရာဂါလကၡဏာေတြ႕ရွိရစဥ္။

 

၂၀၁၅ ခုနွစ္ ၾသဂုတ္လကေန ၂၀၁၈ ခုႏွစ္ ဇူလုိင္လ အထိ သာေပါင္းၿမိဳ႕နယ္ရွိ ကုန္းထန္းႀကီး၊ သရက္ေတာ၊ ထန္းစင္လွ၊ ရွမ္းကြင္း၊ ေရလဲႀကီး၊ လယ္တီေခ်ာင္ ရြာတုိ႔မွာ စစ္တမ္းေကာက္ယူခဲ့တာပါ။

“ျမန္မာႏို္င္ငံမွာက မုိးရာသီဆုိရင္ ႏွစ္တ၀က္ေလာက္က မုိးေရေသာက္ၾကေတာ့ အာဆင္းနစ္ဓာတ္ က သူမ်ားႏုိင္ငံေတြ ထက္စာရင္ေတာ့ ေတြ႕ရွိမႈနည္းပါတယ္။ သုေတသနအရ ရြာအခ်ိဳ႕မွာေရာဂါ လကၡဏာအနည္းငယ္ရွိတဲ့သူကုိ ေတြ႕ခဲ့ရတယ္။ ဒါေၾကာင့္ ဆက္မေသာက္ဖုိ႔၊ အာဟာရျပည့္တာေတြစားဖုိ႔၊ ေနာက္ၿပီး ဂ်ပန္နုိင္ငံရဲ႕ အကူအညီနဲ႔ ေရေတြကုိ သန္႔စင္တဲ့နည္းစနစ္ေတြလည္းလုပ္ခဲ့တယ္။”  ေဆးသုေတသနဦးစီးဌာနမွ ညႊန္ၾကားေရးမွဴး ေဒါက္တာခင္ျဖဴျဖဴက ေျပာပါတယ္။

 

ေရတြင္အားဆင္းနစ္ဓာတ္ပါ၀င္မႈဆုိင္ရာ သုေတသနေတြ႕ရွိခ်က္ရွင္းလင္းစဥ္။

 

အားဆင္းနစ္ဓာတ္ပါရွိတဲ့ ေရေတြကုိ ေျခာက္လအထိ ဆက္တုိက္ေသာက္သံုးမယ္ဆုိရင္ အေရျပားကင္ဆာေရာဂါ ၊ ဦးေႏွာက္နဲ႔ အာရုံေၾကာဆုိင္တဲ့ ေရာဂါအမ်ိဳးမ်ိဳးျဖစ္ပြားႏုိင္ပါတယ္။

ျမန္မာႏုိ္င္ငံမွာ အားဆင္းနစ္အဆိပ္ဓာတ္အမ်ားဆံုးေတြ႕ရွိရတာက ဧရာ၀တီတုိင္းေဒသႀကီးျဖစ္ၿပီး လာမယ့္ႏွစ္မွာ အားဆင္းနစ္အဆိပ္ဓာတ္အမ်ားဆံုးရွိေနတဲ့ က်ံဳေပ်ာ္ၿမိဳ႕နဲ႕ ေက်ာင္းကုန္းၿမိဳ႕ရွိ ေရေတြမွာ စစ္တမ္းေကာက္ယူမယ္လုိ႔ သိရပါတယ္။

အားဆင္းနစ္အဆိပ္ဓာတ္က ဘဂၤလားေဒရွ္႕၊လာအုိ၊ ကေမာၻဒီးယား၊ ထုိင္းႏုိင္ငံေတြမွာေတြ႕ရၿပီး ျမန္မာႏုိင္ငံထက္ ပဏာမမ်ားတယ္လို႔ သိရပါတယ္။


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs