• Local News
    သရုပ်ဆောင်အောင်ရဲထွေး အမှုအားဆက်လက်စစ်ဆေးရန် ပြည်ထောင်စုရှေ့နေချုပ်ရုံးက ညွှန့်ကြားလိုက်ပြီ
Hmue Eain Zaw
[Unicode Version]

လူမှုကွန်ရက်တွင် ဟာသဗီဒီယိုတွေနဲ့ လူသိများသူ သရုပ်ဆောင်အောင်ရဲထွေး သေဆုံးမှုနဲ့ ပတ်သက်ပြီး ရာဇဝတ်ကျင့်ထုံးဥပဒေ ၄၉၄(က)အရ အမှုကို ရုပ်သိမ်းခွင့် ပြုခဲ့တဲ့ ရန်ကုန် အရှေ့ပိုင်းခရိုင်တရားရုံးရဲ့ ဇူလိုင်လ ၂၅ ရက်နေ့ အမိန့်ချမှတ်မှုနဲ့ ပတ်သက်ပြီး နိုင်ငံတော်သမ္မတကြီးကရော၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ကပါ စိစစ်မေးမြန်းမှုတွေ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

12985568_792618794205672_5069203723758065373_n.png 

 

ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံး ၂၀၁၈ ခုနှစ်၊ရာဇဝတ်မှုကြီးအမှတ် ၃၄

တရားလို ဖြစ်တဲ့ ကိုသန့်ဇင်ဦးနှင့် တရားခံ သန်းထွဋ်အောင် ပါ (၃) ရာဇသတ်ကြီးပုဒ်မ၃၀၂အရ စွဲဆိုမှုရုပ်သိမ်းလွှာတင်ပြသူများမှာ သေဆုံးသူအောင်ရဲထွးရဲ့ အစ်ကိုကိုသန့်ဇင်ဦး၊ သေဆုံးသူ၏ဖခင် ဦးမြင့်ဦး၊ သေဆုံးသူ၏မိခင် ဒေါ်သန်းသန်းထွေးနဲ့ သေဆုံးသူ၏အစ်ကို နေဇင်လတ်တို့ပဲ ဖြစ်ပါတယ်။ ရုပ်သိမ်းလွှာကို တရားလို ကိုသန့်ဇင်ဦးနဲ့ နစ်နာသူမိသားစုက တင်ပြလာတာ တယ်လို့ဆိုပါတယ်။

ကာယကံရှင် မိသားစုဝင်များက ရုပ်သိမ်ူးလွှာ တင်ပြတဲ့အပြင် တရားလိုပြ သက်သေတွေကို စစ်ဆေးမေးမြန်းတဲ့အခါမှာ ၁၄ ဦးရဲ့ ထွက်ဆိုချက်တွေမှာ ခိုင်လုံတဲ့ သက်သေထွက်ဆိုချက် ပေါ်ပေါက်ခြင်း မရှိတဲ့အတွက် (ရိုက်နှက်မှု ဖြစ်ပွားစဉ်မှာ ရှိနေတဲ့ သက်သေတွေကိုယ်တိုင်က မည်သူမည်ဝါ ဆိုပြီး အတည်ပြုပြောကြားခြင်း မရှိကြပါ) တိုင်းဒေသကြီး ဥပဒေချုပ်က အမှုကို ရုပ်သိမ်းဖို့ ရုပ်သိမ်းလွှာ တင်သွင်းခဲ့ခြင်း ဖြစ်ကြောင်း သိရှိရပါတယ်။

သို့သော်လည်း ဒီလိုဆောင်ရွက်ချက်တွေကြောင့် လူသေမှု၊ လူသတ်မှုတွေကို ဒီလိုမျိုး ရုပ်သိမ်း လွှတ်ပေးရသလား ဆိုပြီး မြန်မာနိုင်ငံရဲ့ တရားစီရင်ရေးနဲ့ ရုပ်သိမ်းလွှာတင်တဲ့ တာဝန်ရှိသူတွေကို ဝေဖန် ပြစ်တင်မှုတွေ ကျယ်ကျယ် လောင်လောင် ဖြစ်ပေါ်နေတဲ့အတွက် ဒီအမှုနဲ့ ပတ်သက်ပြီး အရှေ့ပိုင်းခရိုင်တရားရုံးက စွဲချက် မတင်မီ လွှတ်တဲ့အမိန့်ချမှတ်ထားတာ ဖြစ်တဲ့အတွက် အရှေ့ပိုင်းခရိုင်တရားရုံးရဲ့ အမိန့်ကို ပယ်ဖျက်ပေးဖို့၊ အမှုကို ဆက်စစ်ဆေးဖို့ တိုင်းဒေသကြီး တရားလွှတ်တော်ကို တင်ပြဖို့ ပြည်ထောင်စုရှေ့နေချုပ်ရုံးက တိုင်းဒေသကြီး ဥပဒေချုပ်ထံ ဒီကနေ့ ညွှန်ကြားလိုက်တယ်လို့ဆိုပါတယ်။

ဇူလိုင်လ ၃၀ ရက်နေ့ဒါမှမဟုတ် ၃၁ ရက်နေ့မှာ ဒီကစ္စအတွက် တိုင်းဒေသကြီး ဥပဒေချုပ်က တိုင်းဒေသကြီး တရားလွှတ်တော်ကို ပြင်ဆင်ချက် တင်သွင်းမှာ ဖြစ်ပါတယ်။ ဒီလို "စွဲချက်မတင်မီ လွှတ်တဲ့အမိန့်ကို ပယ်ဖျက်ပေးဖို့" ပြင်ဆင်ချက် ဖြစ်ပါတယ်။ ခရိုင်တရားရုံးက အမိန့်ချမှတ်ထားတာ ဖြစ်တဲ့အတွက် တိုင်းဒေသကြီး တရားလွှတ်တော်ကို တင်သွင်းရခြင်း ဖြစ်ပါတယ်။

တိုင်းဒေသကြီး တရားလွှတ်တော်ကနေ ပြင်ဆင်ချက် တင်သွင်းတာကို လက်ခံရင် အမှုကို ဆက်လက် စစ်ဆေးရမှာ ဖြစ်ပါတယ်။ တရားလိုပြ သက်သေ ၂၂ ဦး ရှိတဲ့အနက်မှာ ၁၄ ဦး ထွက်ဆိုချက် ပေးပြီး ဖြစ်တဲ့အတွက် ကျန်တဲ့ သက်သေ ၈ ဦးကို ဆက်လက် စစ်ဆေးရမယ်လို့ ဆိုပါတယ်။

ပြည်ပထွက်သွားပြီ၊ မရှိတော့ဘူး ဆိုတဲ့ မေးခွန်းတွေနဲ့ ပတ်သက်ပြီးတော့လည်း အစိုးရအနေနဲ့ နိုင်ငံတကာရဲတပ်ဖွဲ့နဲ့ နိုင်ငံချင်း ပူးပေါင်းဆောင်ရွက်မှုတွေကတစ်ဆင့် ချိတ်ဆက်ဆောင်ရွက်ခဲ့တဲ့ သာဓကတွေ ရှိတဲ့အတိုင်း ဆက်လက် လုပ်ဆောင်သွားမှာဖြစ်တယ်လို့ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။

[Zawgyi Version]

လူမႈကြန္ရက္တြင္ ဟာသဗီဒီယိုေတြနဲ႔ လူသိမ်ားသူ သရုပ္ေဆာင္ေအာင္ရဲေထြး ေသဆုံးမႈနဲ႔ ပတ္သက္ျပီး ရာဇဝတ္က်င့္ထုံးဥပေဒ ၄၉၄(က)အရ အမႈကို ရုပ္သိမ္းခြင့္ ျပဳခဲ့တဲ့ ရန္ကုန္ အေရွ႕ပိုင္းခရိုင္တရားရုံးရဲ႕ ဇူလိုင္လ ၂၅ ရက္ေန႕ အမိန္႕ခ်မွတ္မႈနဲ႕ ပတ္သက္ျပီး ႏိုင္ငံေတာ္သမၼတၾကီးကေရာ၊ ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢဳိလ္ကပါ စိစစ္ေမးျမန္းမႈေတြ ျပဳလုပ္ခဲ့တယ္လုိ႔ ဆုိပါတယ္။

 

ရန္​ကုန္​အ​ေရွ႕ပိုင္​းခရိုင္​တရားရံုး ၂၀၁၈ ခုနွစ္​၊ရာဇဝတ္​မႈႀကီးအမွတ္​ ၃၄

တရားလို ျဖစ္တဲ့ ကိုသန္​႔ဇင္​ဦးနွင္​့ တရားခံ သန္​းထြဋ္​​ေအာင္​ ပါ (၃) ရာဇသတ္​ႀကီးပုဒ္​မ၃၀၂အရ စြဲဆိုမႈရုပ္​သိမ္​းလႊာတင္​ျပသူမ်ားမွာ ​ေသဆံုးသူ​ေအာင္​ရဲ​ထြးရဲ႕ အစ္​ကိုကိုသန္​႔ဇင္​ဦး၊ ​ေသဆံုးသူ၏ဖခင္​ ဦးျမင္​့ဦး၊ ​ေသဆံုးသူ၏မိခင္​ ​ေဒၚသန္​းသန္​း​ေထြးနဲ႕ ေသဆံုးသူ၏အစ္​ကို ​ေနဇင္​လတ္​တို႕ပဲ ျဖစ္ပါတယ္။ ရုပ္သိမ္းလႊာကို တရားလို ကိုသန္႕ဇင္ဦးနဲ႕ နစ္နာသူမိသားစုက တင္ျပလာတာ တယ္လုိ႔ဆုိပါတယ္။

ကာယကံရွင္ မိသားစုဝင္မ်ားက ရုပ္သိမ္ူးလႊာ တင္ျပတဲ့အျပင္ တရားလိုျပ သက္ေသေတြကို စစ္ေဆးေမးျမန္းတဲ့အခါမွာ ၁၄ ဦးရဲ႕ ထြက္ဆိုခ်က္ေတြမွာ ခိုင္လုံတဲ့ သက္ေသထြက္ဆိုခ်က္ ေပၚေပါက္ျခင္း မရွိတဲ့အတြက္ (ရိုက္ႏွက္မႈ ျဖစ္ပြားစဥ္မွာ ရွိေနတဲ့ သက္ေသေတြကိုယ္တိုင္က မည္သူမည္ဝါ ဆိုျပီး အတည္ျပဳေျပာၾကားျခင္း မရွိၾကပါ) တိုင္းေဒသၾကီး ဥပေဒခ်ဳပ္က အမႈကို ရုပ္သိမ္းဖို႕ ရုပ္သိမ္းလႊာ တင္သြင္းခဲ့ျခင္း ျဖစ္ေၾကာင္း သိရွိရပါတယ္။

သို႕ေသာ္လည္း ဒီလိုေဆာင္ရြက္ခ်က္ေတြေၾကာင့္ လူေသမႈ၊ လူသတ္မႈေတြကို ဒီလိုမ်ဳိး ရုပ္သိမ္း လႊတ္ေပးရသလား ဆိုျပီး ျမန္မာႏိုင္ငံရဲ႕ တရားစီရင္ေရးနဲ႕ ရုပ္သိမ္းလႊာတင္တဲ့ တာဝန္ရွိသူေတြကို ေဝဖန္ ျပစ္တင္မႈေတြ က်ယ္က်ယ္ ေလာင္ေလာင္ ျဖစ္ေပၚေနတဲ့အတြက္ ဒီအမႈနဲ႕ ပတ္သက္ျပီး အေရွ႕ပိုင္းခရိုင္တရားရုံးက စြဲခ်က္ မတင္မီ လႊတ္တဲ့အမိန္႕ခ်မွတ္ထားတာ ျဖစ္တဲ့အတြက္ အေရွ႕ပိုင္းခရိုင္တရားရုံးရဲ႕ အမိန္႔ကို ပယ္ဖ်က္ေပးဖို႕၊ အမႈကို ဆက္စစ္ေဆးဖို႕ တိုင္းေဒသၾကီး တရားလႊတ္ေတာ္ကို တင္ျပဖို႕ ျပည္ေထာင္စုေရွ႕ေနခ်ဳပ္ရုံးက တိုင္းေဒသၾကီး ဥပေဒခ်ဳပ္ထံ ဒီကေန႕ ညႊန္ၾကားလိုက္တယ္လုိ႔ဆုိပါတယ္။

ဇူလုိင္လ ၃၀ ရက္ေန႔ဒါမွမဟုတ္ ၃၁ ရက္ေန႔မွာ ဒီကစၥအတြက္ တိုင္းေဒသၾကီး ဥပေဒခ်ဳပ္က တိုင္းေဒသၾကီး တရားလႊတ္ေတာ္ကို ျပင္ဆင္ခ်က္ တင္သြင္းမွာ ျဖစ္ပါတယ္။ ဒီလို "စြဲခ်က္မတင္မီ လႊတ္တဲ့အမိန္႕ကို ပယ္ဖ်က္ေပးဖို႕" ျပင္ဆင္ခ်က္ ျဖစ္ပါတယ္။ ခရိုင္တရားရုံးက အမိန္႕ခ်မွတ္ထားတာ ျဖစ္တဲ့အတြက္ တိုင္းေဒသၾကီး တရားလႊတ္ေတာ္ကို တင္သြင္းရျခင္း ျဖစ္ပါတယ္။

တိုင္းေဒသၾကီး တရားလႊတ္ေတာ္ကေန ျပင္ဆင္ခ်က္ တင္သြင္းတာကို လက္ခံရင္ အမႈကို ဆက္လက္ စစ္ေဆးရမွာ ျဖစ္ပါတယ္။ တရားလိုျပ သက္ေသ ၂၂ ဦး ရွိတဲ့အနက္မွာ ၁၄ ဦး ထြက္ဆိုခ်က္ ေပးျပီး ျဖစ္တဲ့အတြက္ က်န္တဲ့ သက္ေသ ၈ ဦးကို ဆက္လက္ စစ္ေဆးရမယ္လုိ႔ ဆုိပါတယ္။

ျပည္ပထြက္သြားျပီ၊ မရွိေတာ့ဘူး ဆိုတဲ့ ေမးခြန္းေတြနဲ႔ ပတ္သက္ျပီးေတာ့လည္း အစိုးရအေနနဲ႕ ႏိုင္ငံတကာရဲတပ္ဖြဲ႕နဲ႕ ႏိုင္ငံခ်င္း ပူးေပါင္းေဆာင္ရြက္မႈေတြကတစ္ဆင့္ ခ်ိတ္ဆက္ေဆာင္ရြက္ခဲ့တဲ့ သာဓကေတြ ရွိတဲ့အတုိင္း ဆက္လက္ လုပ္ေဆာင္သြားမွာျဖစ္တယ္လုိ႔ သမၼတရုံးေျပာေရးဆုိခြင့္ရွိသူ ဦးေဇာ္ေဌးက လူမႈကြန္ရက္မွာ ေရးသားထားပါတယ္။


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs