• Local News
    အောင်ရဲထွေးအမှုကို  ဥပဒေနဲ့ အညီတိတိကျကျစစ်ဆေးဖို့ တရားသူကြီးချုပ်ကို သမ္မတညွှန်ကြား
Aye Myat Mon
[Unicode Version]

သရုပ်ဆောင်အောင်ရဲထွေး အမှုကို တရားလိုတွေဘက်ကနေ ရုပ်သိမ်းခဲ့တာကို ဥပဒေနဲ့ အညီမှန်ကန်စွာဆောင်ရွက်ဖို့အတွက် နိုင်ငံတော်သမ္မတကပြည်ထောင်စုတရားသူကြီးချုပ်ကို ဇူလိုင် ၃၁ ရက်နေ့က ညွှန်ကြားလိုက်ပါတယ်။

 

26240060-1364935230302407-2750746588619345485-o (2)မ့်.jpg

photo- yangon police

ဇူလိုင် ၃၁ ရက်နေ့ နိုင်ငံတော်သမ္မတ အိမ်တော်မှာ  ပြည်ထောင်စုတရားသူကြီးချုပ်၊ ပြည်ထောင်စုရှေ့နေချုပ်၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဌ တို့နဲ့ တွေ့ဆုံပြီးတော့ အမှုုရုပ်သိမ်းခြင်းရဲ့ နောက်ခံအကြောင်းရင်းတွေ၊အခြားဆက်နွယ်ပတ်သတ်မှုတွေနဲ့ စပ်လျဉ်းပြီးတော့ တိတိကျကျစိစစ်ပြီးတော့ ဥပဒေနဲ့ အညီ မှန်မှန်ကန်ကန် ဆောင်ရွက်ဖို့ လမ်းညွှန်ခဲ့တယ်လို့ နိုင်ငံတော်သမ္မတရုံးရဲ့ ပြောခွင့်ရပုဂ္ဂိုလ်ဦးဇော်ဌေးက  ရေးသားခဲ့ပါတယ်။

ကာယကံရှင်မိသားစုဝင်တွေက ရုပ်သိမ်းလွှာတင်ပြထားတဲံအပေါ်မှာသက်သေတွေကို စစ်ဆေးမေးမြန်းတဲ့အခါ ၁၄ ဦးရဲ့ထွက်ဆိုချက်တွေက ခိုင်လုံမှုမရှိတဲ့အပြင် ရိုက်နှက်မှုဖြစ်နေချိန်မှာ သက်သေတွေက ဘယ်သူဆိုတာကို အတည်ပြုခြင်းလည်းမရှိတာကြောင့် တိုင်းဒေသကြီးဥပဒေချုပ်က အမှုကို ရုပ်သိမ်းဖို့ ရုပ်သိမ်းလွှာတင်ခဲ့တာဖြစ်ပါတယ်။

အဲ့ဒီလို တင်သွင်းပြီးနောက်မှာ ကျူးလွန်သူ ၃ ဦးကို လွှတ်ပေးလိုက်တဲ့နောက်မှာတော့ အများပြည်သူအကြားမှာ ဥပဒေစိုးမိုးမှုအပေါ်ဝေဖန်မှုတွေ ထွက်ပေါ်လာပြီးနောက်မှာ သမ္မတကိုယ်တိုင်က ဒီအမှုကို သေချာပြန်လည်စိစစ်ပြီး တရားမျှတမှုရှိစေဖို့ ညွှန်ကြားတာတွေထွက်ပေါ်ခဲ့ပါတယ်။

‘ နိုင်ငံတော်က ပြန်လုပ်ပေးတယ်ဆိုရင် ဝမ်းသာတာပေါ့။ သူတို့ကို ပြစ်ဒဏ်အပြည့်အဝချချင်တာ။ ဘာသာလည်းတူ၊နောက်ပြီး ထောင်ကျလည်း နှစ်နည်းနည်းပါးပါးလျော့မယ်၊ကျေအေးစာတင်ပေးဆိုလို့ လက်မှတ်ထိုးတယ်။လက်မှတ်ထိုးတော့လည်း ငါလည်း လက်မှတ်မယူထားဘူး။ငါတို့က တရားရုံးကို မလာရရင် တော်ပြီ။ တရားရုံးမှာငါတို့ အနှိမ်ခံရတယ်။တရားရုံးမှာ ဟိုလူနှိမ်၊ဒီလူနှိမ်နဲ့ ငါတို့ကသူတို့ကိုယှဉ်ပြီးမလုပ်နိုင်ဘူး။ငါတို့ကရှုံးမှာ။အင်အားမရှိဘူး။ဒါကြောင့် ငါတို့က အဲ့လိုလုပ်ပေးလိုက်တာ။ ပိုက်ဆံပေးတယ်ဆိုတာမဟုတ်ဘူး။ပေးလည်းမယူဘူး။ငါတို့မှာ သားတွေရှာပေးထားတာရှိပြီးသား’ ဆိုပြီးတော့ အသတ်ခံရသူ ရဲထွေးအောင်ရဲ့ ဖခင်ကို ဓူဝံက နေ ဖုန်းခေါ်ဆိုရာမှာ ပြန်လည်ဖြေကြားခဲ့ပါတယ်။

38020851_2175987979312515_6660226053857869824_n.jpg

အမှုကျေအေးပြီးနောက် ကျူးလွန်သူအသုံးပြုခဲ့သည့် လူမှုကွန်ယက်

ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးကနေ ၂၀၁၈ ခုနှစ် ရာဇဝတ်မှုကြီးအမှတ် ၃၄ တရားလို ကိုသန့်ဇင်ဦးနဲ့ တရားခံ

သန်းထွဋ်အောင်၊ ပါ ရာဇသတ်ကြီးပုဒ်မ ၃၀၂ အရ စွဲဆိုမှုရုပ်သိမ်းလွှာတင်ပြသူတွေက အစ်ကိုဖြစ်သူ သန့်ဇင်ဦး၊ ဖခင်ဖြစ်သူ ဦးမြင့်ဦး ၊ မိခင်ဖြစ်သူ ဒေါ်သန်းသန်းထွေးနဲ့ အစ်ကိုဖြစ်သူ နေဇင်လတ်တို့က ရုပ်သိမ်းလွှာကို တင်သွင်းခဲ့တာဖြစ်ပြီး တရားခံသုံးဦးကို ပြန်လွှတ်ပေးခဲ့တာလည်းဖြစ်ပါတယ်။

ကျူးလွန်သူတွေက ပြည်ပကို ထွက်ခွာရင်တောင် နိုင်ငံတကာရဲတပ်ဖွဲ့ နဲ့ နိုင်ငံချင်းပူူးပေါင်းဆေင်ရွက်ပြီး ချိတ်ဆက်လုပ်ဆောင်မယ်လို့ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့တာပါ။

သရုပ်ဆောင်အောင်ရဲထွေးကို the one entertainment မှာလူတစ်စုက ဝိုင်းဝန်းကန်ကျောက်ခြင်းခံရတာဖြစ်ပြီးတော့ ၂၀၁၈ ဇန်နဝါရီ ၂ ရက်နေ့မှာ ဦးခေါင်းက ဒဏ်ရာတွေကြောင့် သေဆုံးပြီးတဲ့နောက်မှာ အဆိုပါ ကျူးလွန်သူ ၃ ဦးကို တရားစွဲဆို စစ်ဆေးပြီး ရှစ်လအကြာမှာ လွှတ်ပေးခဲ့တာဖြစ်ပါတယ်။

 

 

 

[Zawgyi Version]

သရုပ္ေဆာင္ေအာင္ရဲေထြး အမႈကုိ တရားလုိေတြဘက္ကေန ရုပ္သိမ္းခဲ့တာကုိ ဥပေဒနဲ႔ အညီမွန္ကန္စြာေဆာင္ရြက္ဖုိ႔အတြက္ ႏုိင္ငံေတာ္သမၼတကျပည္ေထာင္စုတရားသူႀကီးခ်ဳပ္ကုိ ဇူလုိင္ ၃၁ ရက္ေန႔က ညႊန္ၾကားလုိက္ပါတယ္။

 

26240060-1364935230302407-2750746588619345485-o (2)မ့္.jpg

photo- yangon police

ဇူလိုင္ ၃၁ ရက္ေန႔ ႏုိင္ငံေတာ္သမၼတ အိမ္ေတာ္မွာ  ျပည္ေထာင္စုတရားသူႀကီးခ်ဳပ္၊ ျပည္ေထာင္စုေရွ႕ေနခ်ဳပ္၊ အဂတိလုိက္စားမႈတုိက္ဖ်က္ေရးေကာ္မရွင္ဥကၠဌ တုိ႔နဲ႔ ေတြ႔ဆုံၿပီးေတာ့ အမႈုရုပ္သိမ္းျခင္းရဲ႕ ေနာက္ခံအေၾကာင္းရင္းေတြ၊အျခားဆက္နြယ္ပတ္သတ္မႈေတြနဲ႔ စပ္လ်ဥ္းၿပီးေတာ့ တိတိက်က်စိစစ္ၿပီးေတာ့ ဥပေဒနဲ႔ အညီ မွန္မွန္ကန္ကန္ ေဆာင္ရြက္ဖို႔ လမ္းညႊန္ခဲ့တယ္လုိ႔ ႏုိင္ငံေတာ္သမၼတရုံးရဲ႕ ေျပာခြင့္ရပုဂၢိဳလ္ဦးေဇာ္ေဌးက  ေရးသားခဲ့ပါတယ္။

ကာယကံရွင္မိသားစု၀င္ေတြက ရုပ္သိမ္းလႊာတင္ျပထားတဲံအေပၚမွာသက္ေသေတြကုိ စစ္ေဆးေမးျမန္းတဲ့အခါ ၁၄ ဦးရဲ႕ထြက္ဆုိခ်က္ေတြက ခုိင္လုံမႈမရွိတဲ့အျပင္ ရုိုက္နွက္မႈျဖစ္ေနခ်ိန္မွာ သက္ေသေတြက ဘယ္သူဆုိတာကုိ အတည္ျပဳျခင္းလည္းမရွိတာေၾကာင့္ တုိင္းေဒသႀကီးဥပေဒခ်ဳပ္က အမႈကို ရုပ္သိမ္းဖုိ႔ ရုပ္သိမ္းလႊာတင္ခဲ့တာျဖစ္ပါတယ္။

အ့ဲဒီလုိ တင္သြင္းၿပီးေနာက္မွာ က်ဴးလြန္သူ ၃ ဦးကို လႊတ္ေပးလုိက္တဲ့ေနာက္မွာေတာ့ အမ်ားျပည္သူအၾကားမွာ ဥပေဒစိုးမုိးမႈအေပၚေ၀ဖန္မႈေတြ ထြက္ေပၚလာၿပီးေနာက္မွာ သမၼတကုိယ္တုိင္က ဒီအမႈကုိ ေသခ်ာျပန္လည္စိစစ္ၿပီး တရားမွ်တမႈရွိေစဖုိ႔ ညႊန္ၾကားတာေတြထြက္ေပၚခဲ့ပါတယ္။

‘ နိုင္ငံေတာ္က ျပန္လုပ္ေပးတယ္ဆုိရင္ ၀မ္းသာတာေပါ့။ သူတုိ႔ကုိ ျပစ္ဒဏ္အျပည့္အ၀ခ်ခ်င္တာ။ ဘာသာလည္းတူ၊ေနာက္ၿပီး ေထာင္က်လည္း နွစ္နည္းနည္းပါးပါးေလ်ာ့မယ္၊ေက်ေအးစာတင္ေပးဆုိလို႔ လက္မွတ္ထုိးတယ္။လက္မွတ္ထုိးေတာ့လည္း ငါလည္း လက္မွတ္မယူထားဘူး။ငါတုိ႔က တရားရုံးကုိ မလာရရင္ ေတာ္ၿပီ။ တရားရုံးမွာငါတုိ႔ အနွိမ္ခံရတယ္။တရားရုံးမွာ ဟုိလူနွိမ္၊ဒီလူႏွိမ္နဲ႔ ငါတုိ႔ကသူတုိ႔ကုိယွဥ္ၿပီးမလုပ္ႏုိင္ဘူး။ငါတုိ႔ကရႈံးမွာ။အင္အားမရွိဘူး။ဒါေၾကာင့္ ငါတုိ႔က အဲ့လုိလုပ္ေပးလုိက္တာ။ ပို္က္ဆံေပးတယ္ဆုိတာမဟုတ္ဘူး။ေပးလည္းမယူဘူး။ငါတုိ႔မွာ သားေတြရွာေပးထားတာရွိၿပီးသား’ ဆုိၿပီးေတာ့ အသတ္ခံရသူ ရဲေထြးေအာင္ရဲ႕ ဖခင္ကို ဓူ၀ံက ေန ဖုန္းေခၚဆုိရာမွာ ျပန္လည္ေျဖၾကားခဲ့ပါတယ္။

38020851_2175987979312515_6660226053857869824_n.jpg

အမႈေက်ေအးၿပီးေနာက္ က်ဴးလြန္သူအသုံးျပဳခဲ့သည့္ လူမႈကြန္ယက္

ရန္ကုန္အေရွ႕ပိုင္းခရုိင္တရားရုံးကေန ၂၀၁၈ ခုနွစ္ ရာဇ၀တ္မႈႀကီးအမွတ္ ၃၄ တရားလုိ ကုိသန္႔ဇင္ဦးနဲ႔ တရားခံ

သန္းထြဋ္ေအာင္၊ ပါ ရာဇသတ္ႀကီးပုဒ္မ ၃၀၂ အရ စြဲဆုိမႈရုပ္သိမ္းလႊာတင္ျပသူေတြက အစ္ကုိျဖစ္သူ သန္႔ဇင္ဦး၊ ဖခင္ျဖစ္သူ ဦးျမင့္ဦး ၊ မိခင္ျဖစ္သူ ေဒၚသန္းသန္းေထြးနဲ႔ အစ္ကုိျဖစ္သူ ေနဇင္လတ္တုိ႔က ရုပ္သိမ္းလႊာကုိ တင္သြင္းခဲ့တာျဖစ္ၿပီး တရားခံသုံးဦးကုိ ျပန္လႊတ္ေပးခ့ဲတာလည္းျဖစ္ပါတယ္။

က်ဴးလြန္သူေတြက ျပည္ပကုိ ထြက္ခြာရင္ေတာင္ ႏုိင္ငံတကာရဲတပ္ဖြဲ႕ နဲ႔ ႏုိင္ငံခ်င္းပူူးေပါင္းေဆင္ရြက္ၿပီး ခ်ိတ္ဆက္လုပ္ေဆာင္မယ္လုိ႔ သမၼတရုံးေျပာေရးဆုိခြင့္ရွိသူက ေျပာၾကားခဲ့တာပါ။

သရုပ္ေဆာင္ေအာင္ရဲေထြးကုိ the one entertainment မွာလူတစ္စုက ၀ိုင္း၀န္းကန္ေက်ာက္ျခင္းခံရတာျဖစ္ၿပီးေတာ့ ၂၀၁၈ ဇန္န၀ါရီ ၂ ရက္ေန႔မွာ ဦးေခါင္းက ဒဏ္ရာေတြေၾကာင့္ ေသဆုံးၿပီးတဲ့ေနာက္မွာ အဆုိပါ က်ဴးလြန္သူ ၃ ဦးကုိ တရားစြဲဆုိ စစ္ေဆးၿပီး ရွစ္လအၾကာမွာ လႊတ္ေပးခဲ့တာျဖစ္ပါတယ္။

 

 

 


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs