• Local News
    မှတ်ပုံတင်လုပ်ပေးဖို့ ငွေကြေးနဲ့အရက်တစ်ပုလင်းလက်ခံခဲ့တဲ့ လဝက ဦးစီးမှူးကို အရေးယူပြီ
Hmue Eain Zaw
[Unicode Version]

ပဲခူးတိုင်းဒေသကြီး၊ မိုးညိုမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ ဦစီးအရာရှိ ဦးဇော်မိုးကို နိုင်ငံသားစိစစ်ရေးကတ်ပြားနဲ့ အိမ်ထောင်စုစာရင်း ပြုလုပ်သူတွေဆီက ငွေကြေးနဲ့ လက်ဆောင် ပစ္စည်းတွေ တောင်းခံတာတွေ၊ ဦးစီးအရာရှိရုံးခန်းထဲမှာ အလှုခံပုံးထားတာတွေကြောင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေနဲ့ အရေးယူလိုက်တယ်လို့သိရပါတယ်။

25659336_897516857071702_5700026859825308413_n.jpg

Photo - အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဖေ့ဘုတ်

 

ဦးဇော်မိုးသည် မိုးညိုမြို့နယ်လဝက ဦးစီးမှူးအဖြစ် တာဝန်ထမ်းဆောင်စဉ်က နိုင်ငံသားစိစစ်ရေး ကတ်ပြား ပြုလုပ်ပေးတဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီး ငွေကျပ် ၆၀၀၀၀၊ နိုင်ငံသား စိစစ်ရေးကတ်ပြားနဲ့ အိမ်ထောင်စုဇယားပြုလုပ်သူတွေဆီက ငွေကျပ် ၆၀၀၀၀ နဲ့ ၁၉၀၀ဝိ ကျပ်တန် အရက် (၁)ပုလင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြားမိတ္တူလျှောက်ထားတဲ့သူဆီက ငွေကျပ် ၂၀၀၀၀ ၊ စုစုပေါင်း ငွေကျပ် ၁၄၀၀၀၀ နှင့် ၁၉၀၀၀ တန် အရက်(၁)ပုလင်းကို တောင်းခံရယူခြင်းဖြင့် အဂတိလိုက်စားမှုကို ကျူးလွန်ခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့တယ်လို့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့က ဖေ့ဘုတ်လူမှုကွန်ရက်မှာ ဖော်ပြထားပါတယ်။

ဒါအပြင် ကျေးရွာနယ်မြေခံသတင်းတွေအရ ငွေကြေးမရရင် အကြောင်းအမျိုးမျိုးပြကာ အချိန်ဆွဲပြီး လုပ်ငန်းဆောင်ရွက်မပေးဘဲ ငွေ ကြေးပေးမှသာ ဆောင်ရွက်ပေးလေ့ရှိတယ်လို့လည်း စစ်ဆေးပေါ်ပေါက်ခဲ့ပါတယ်။

ဒါကြောင့် ၂၀၁၃ ခုနှစ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၆ အရ အရေးယူဆောင်ရွက်ဖို့ ပဲခူးတိုင်းဒေသကြီး၊ မိုးညိုမြို့၊ မြို့မရဲစခန်းတွင် သြဂုတ်လ ၁ ရက်နေ့ မှာ ပထမသတင်းပေးတိုင်ချက်ဖွင့်လှစ်ပြီး တရားစွဲဆိုအရေး ယူနိုင်ဖို့ ဆောင်ရွက်နေတယ်လို့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က သိရပါတယ်။

[Zawgyi Version]

ပဲခူးတုိင္းေဒသႀကီး၊ မိုးညိဳၿမိဳ႕နယ္ လူ၀င္မႈႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အားဦးစီးဌာနမွ ဦစီးအရာရွိ ဦးေဇာ္မိုးကုိ ႏိုင္ငံသားစိစစ္ေရးကတ္ျပားနဲ႔ အိမ္ေထာင္စုစာရင္း ျပဳလုပ္သူေတြဆီက ေငြေၾကးနဲ႔ လက္ေဆာင္ ပစၥည္းေတြ ေတာင္းခံတာေတြ၊ ဦးစီးအရာရွိရံုးခန္းထဲမွာ အလႈခံပံုးထားတာေတြေၾကာင့္ အဂတိလိုက္စားမႈတိုက္ဖ်က္ေရး ဥပေဒနဲ႔ အေရးယူလုိက္တယ္လုိ႔သိရပါတယ္။

25659336_897516857071702_5700026859825308413_n.jpg

Photo - အဂတိလုိက္စားမႈတုိက္ဖ်က္ေရးေကာ္မရွင္ေဖ့ဘုတ္

 

ဦးေဇာ္မိုးသည္ မိုးညိဳၿမိဳ႕နယ္လ၀က ဦးစီးမွဴးအျဖစ္ တာ၀န္ထမ္းေဆာင္စဥ္က နုိင္ငံသားစိစစ္ေရး ကတ္ျပား ျပဳလုပ္ေပးတဲ့ ကိစၥေတြနဲ႔ ပတ္သက္ျပီး ေငြက်ပ္ ၆၀၀၀၀၊ နုိင္ငံသား စိစစ္ေရးကတ္ျပားနဲ႔ အိမ္ေထာင္စုဇယားျပဳလုပ္သူေတြဆီက ေငြက်ပ္ ၆၀၀၀၀ နဲ႔ ၁၉၀၀၀ိ က်ပ္တန္ အရက္ (၁)ပုလင္း၊ ႏိုင္ငံသားစိစစ္ေရးကတ္ျပားမိတၱဴေလွ်ာက္ထားတဲ့သူဆီက ေငြက်ပ္ ၂၀၀၀၀ ၊ စုစုေပါင္း ေငြက်ပ္ ၁၄၀၀၀၀ ႏွင့္ ၁၉၀၀၀ တန္ အရက္(၁)ပုလင္းကို ေတာင္းခံရယူျခင္းျဖင့္ အဂတိလုိက္စားမႈကို က်ဴးလြန္ခဲ့ေၾကာင္း စစ္ေဆးေပၚေပါက္ခဲ့တယ္လုိ႔ အဂတိလိုက္စားမႈတုိ္က္ဖ်က္ေရးေကာ္မရွင္က စံုစမ္းစစ္ေဆးေရးအဖြဲ႔က ေဖ့ဘုတ္လူမႈကြန္ရက္မွာ ေဖာ္ျပထားပါတယ္။

ဒါအျပင္ ေက်းရြာနယ္ေျမခံသတင္းေတြအရ ေငြေၾကးမရရင္ အေၾကာင္းအမ်ဳိးမ်ဳိးျပကာ အခ်ိန္ဆြဲျပီး လုပ္ငန္းေဆာင္ရြက္မေပးဘဲ ေငြ ေၾကးေပးမွသာ ေဆာင္ရြက္ေပးေလ့ရွိတယ္လုိ႔လည္း စစ္ေဆးေပၚေပါက္ခဲ့ပါတယ္။

ဒါေၾကာင့္ ၂၀၁၃ ခုႏွစ္ အဂတိလိုက္စားမႈတုိက္ဖ်က္ေရးဥပေဒပုဒ္မ ၅၆ အရ အေရးယူေဆာင္ရြက္ဖုိ႔ ပဲခူးတုိင္းေဒသႀကီး၊ မိုးညိဳၿမိဳ႕၊ ၿမိဳ႕မရဲစခန္းတြင္ ၾသဂုတ္လ ၁ ရက္ေန႔ မွာ ပထမသတင္းေပးတုိင္ခ်က္ဖြင့္လွစ္ျပီး တရားစြဲဆိုအေရး ယူနိုင္ဖုိ႔ ေဆာင္ရြက္ေနတယ္လုိ႔ အဂတိလိုက္စားမႈတုိ္က္ဖ်က္ေရးေကာ္မရွင္က သိရပါတယ္။


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs