• Local News
    ဂျပန်၊ တောင်ကိုရီးယားနဲ့ တရုတ်တွေ ပြည်ဝင်ရင် Show Money ဒေါ်လာတစ်ထောင် ပြဖို့ သတ်မှတ်ချက် ခေတ္တဆိုင်းငံ့
Hmue Eain Zaw
[Unicode Version]

ဂျပန်၊ တောင်ကိုရီးယားနဲ့ တရုတ်နိုင်ငံသား ကမ္ဘာလှည့် ခရီးသည်တွေကို Show Money ဒေါ်လာတစ်ထောင်ပြသဖို့ သတ်မှတ်ထားတာကို ခေတ္တ ဆိုင်းငံ့လိုက်တယ်လို့ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနက သြဂုတ်လ ၁ ရက်နေ့က ကြေညာလိုက်ပါတယ်။

38006923_2020329568024330_8410551838318788608_n.jpg

Photo - Myanmar Tourism

 

၂၀၁၈ အောက်တိုဘာ ၁ ရက်ကနေစတင်ပြီး တရုတ်နိုင်ငံကူးလက်မှတ် ကိုင်ဆောင်တဲ့ တရုတ်နိုင်ငံသားတွေကို ရန်ကုန်၊ မန္တလေး၊ နေပြည်တော် လေဆိပ်ကနေ လေကြောင်းခရီးစဉ်နဲ့ လာရောက်ရာမှာ ဆိုက်ရောက်ဗီဇာကို ဒေါ်လာ ၅၀နဲ့ Show money ဒေါ်လာ ၁၀၀၀ လေဆိပ်မှာပြသရမယ်လို့ ဇူလိုင် ၂၅ ရက်က ဟိုတယ်နဲ့ ခရီးသွားလာရေးဝန်ကြီးဌာနကနေ ထုတ်ပြန်ခဲ့တာပါ။

ဒါပေမယ့် အဆိုပါ ကိစ္စကို ခေတ္တဆိုင်းငံ့ ပြီး လိုအပ်တဲ့အချက်တွေကို ထပ်မံပြင်ဆင် ဖြည့်စွက်ဖို့ ရှိကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက ထပ်မံအသိပေးညှိနှိုင်းလာတာဖြစ်ပါတယ်။

 

“လဝက ပြောတာကို လုပ်ငန်းရှင်တွေကို ထပ်ပြီးတော့ အကြောင်းကြားထားပါတယ်။” လို့ ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ဓူဝံမီဒီယာကို ပြောပါတယ်။

ဒါကြောင့် ခေတ္တဆိုင်းငံခြင်းကိစ္စကို ခရီးသွားကုမ္ပဏီတွေသိရှိဖို့ ဆက်လက်ဆောင်ရွက်နိုင်ရန် အကြောင်းကြားကြောင်း ဟိုတယ်ခရီးဝန်ကြီးဌာနရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

[Zawgyi Version]


Photo - Myanmar Tourism

 



 




ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs