• Local News
    အဆိုတော် အစ္စဏီရဲ့ကျန်းမာရေးအတော်ဆိုးနေတယ်လို့ ရှေ့နေပြော
Hmue Eain Zaw
[Unicode Version]

အဆိုတော်အစ္စဏီရဲ့အမှုကို ရုံးပြောင်းစစ်ဆေးသင့်မသင့်အား သြဂုတ်လ ၃ ရက်နေ့က

ရန်ကုန်အရှေ့ပိုင်းခရိုင် တရားရုံးမှာ ကြားနာစစ်ဆေးခဲ့ပါတယ်။ အဓမ္မကျင့်နှိပ်စက်မှုနဲ့ အဆိုတော်အစ္စဏီကို တရားစွဲဆိုထားခဲ့တဲ့ မော်ဒယ် စူးရှထက်ကအမှုကို ရုံးပြောင်းစစ်ဆေးဖို့ လျှောက်ထားခဲ့တာ ဖြစ်ပါတယ်။



Capture3.PNG

ဒီနေ့ ရုံးချိန်းကို အစ္စဏီဘက်က ရှေ့နေလာရောက်ခဲ့ပါတယ်။ တရားလိုဘက်မှ စူးရှထက်ရော ရှေ့နေရော ရောက်လာခြင်း မရှိခဲ့ပါဘူး။



အစ္စဏီရဲ့ရှေ့နေကတော့" ကျွန်တော်တို့တော့ ရုံးကိုလေးစားတဲ့ အတွက်လာပါတယ်။ ကျွန်တော့် အမှုသည်က အထဲမှာ နေနေရတာဆိုတော့ အရင်က ရောဂါဟောင်းတွေဖြစ်တဲ့ အဆုတ်တို့ နှလုံးအဆို့ရှင် တို့ ပြန်ဖြစ်နေပါတယ်။ ကျန်းမာရေးဆိုးဆိုးရွားရွားခံစားနေရတာ ၃ ပတ်ကျော် ၄ ပတ်လောက်ရှိပါပြီ။"လို့ Duwun ကိုပြောပါတယ်။



အမှုကို ရုံးပြောင်းစစ်ဆေးသင့်မသင့်ကို ရန်ကုန်အရှေ့ပိုင်းခရိုင် တရားရုံးမှာ သြဂုတ်လ ၉ ရက်နေ့တွင်

အမိန့်ချမှတ်သွားမှာ ဖြစ်ပါတယ်။

ဧပြီလ ၁၂ ရက်နေ့က  အဆိုတော်အစ္စဏီက ရည်းစားဟောင်း မော်ဒယ်အမျိုးသမီးကို အလိုမတူဘဲ အဓမ္မပြုကျင့်ခဲ့တဲ့အပြင် ကိုယ်လက်အဂါၤတွေကိုလည်း နာကျင်အောင် ရိုက်နှက်ခဲ့တာတွေ ပြုလုပ်ခဲ့လို့ မော်ဒယ်စူးရှထက်က အမှုဖွင့်တိုင်ကြားခဲ့တာဖြစ်ပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး အဆိုတော်အစ္စဏီကို တာမွေမြို့မရဲစခန်းကနေ  မုဒိမ်းမှုအပါအဝင် ပုဒ်မ ၃ ခုနဲ့ တရားစွဲဆိုထားတာဖြစ်ပါတယ်။

[Zawgyi Version]

အဆုိေတာ္အစၥဏီရဲ႕အမႈကို ႐ံုးေျပာင္းစစ္ေဆးသင့္မသင့္အား ၾသဂုတ္လ ၃ ရက္ေန႔က

ရန္ကုန္အေရွ႕ပိုင္းခ႐ိုင္ တရား႐ံုးမွာ ၾကားနာစစ္ေဆးခဲ့ပါတယ္။ အဓမၼက်င့္ႏွိပ္စက္မႈနဲ႔ အဆုိေတာ္အစၥဏီကို တရားစြဲဆုိထားခဲ့တဲ့ ေမာ္ဒယ္ စူးရွထက္ကအမႈကို ႐ံုးေျပာင္းစစ္ေဆးဖို႔ ေလွ်ာက္ထားခဲ့တာ ျဖစ္ပါတယ္။



Capture3.PNG

ဒီေန႔ ႐ံုးခ်ိန္းကို အစၥဏီဘက္က ေရွ႕ေနလာေရာက္ခဲ့ပါတယ္။ တရားလိုဘက္မွ စူးရွထက္ေရာ ေရွ႕ေနေရာ ေရာက္လာျခင္း မရွိခဲ့ပါဘူး။



အစၥဏီရဲ႕ေရွ႕ေနကေတာ့" ကြ်န္ေတာ္တုိ႕ေတာ့ ရုံးကုိေလးစားတဲ့ အတြက္လာပါတယ္။ ကြ်န္ေတာ့္ အမႈသည္က အထဲမွာ ေနေနရတာဆုိေတာ့ အရင္က ေရာဂါေဟာင္းေတြျဖစ္တဲ့ အဆုတ္တုိ႔ ႏွလုံးအဆုိ႔ရွင္ တုိ႔ ျပန္ျဖစ္ေနပါတယ္။ က်န္းမာေရးဆုိးဆုိးရြားရြားခံစားေနရတာ ၃ ပတ္ေက်ာ္ ၄ ပတ္ေလာက္ရွိပါျပီ။"လုိ႔ Duwun ကုိေျပာပါတယ္။



အမႈကို ႐ံုးေျပာင္းစစ္ေဆးသင့္မသင့္ကို ရန္ကုန္အေရွ႕ပိုင္းခ႐ိုင္ တရားရံုးမွာ ၾသဂုတ္လ ၉ ရက္ေန႔တြင္

အမိန္႔ခ်မွတ္သြားမွာ ျဖစ္ပါတယ္။

ဧၿပီလ ၁၂ ရက္ေန႔က  အဆို္ေတာ္အစၥဏီက ရည္းစားေဟာင္း ေမာ္ဒယ္အမ်ိဳးသမီးကုိ အလုိမတူဘဲ အဓမၼျပဳက်င့္ခဲ့တဲ့အျပင္ ကုိယ္လက္အဂါၤေတြကိုလည္း နာက်င္ေအာင္ ရိုက္ႏွက္ခဲ့တာေတြ ျပဳလုပ္ခဲ့လို႔ ေမာ္ဒယ္စူးရွထက္က အမႈဖြင့္တုိင္ၾကားခဲ့တာျဖစ္ပါတယ္။

ဒီျဖစ္စဥ္နဲ႔ပတ္သက္ၿပီး အဆိုေတာ္အစၥဏီကုိ တာေမြၿမိဳ႕မရဲစခန္းကေန  မုဒိမ္းမႈအပါအ၀င္ ပုဒ္မ ၃ ခုနဲ႔ တရားစြဲဆုိထားတာျဖစ္ပါတယ္။


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs