• Local News
    ရေဘေးသင့် ၁၈ မြို့နယ်မှာ MPT ဖုန်းအခမဲ့ပြောနိုင်မယ်
Hmue Eain Zaw
[Unicode Version]

ရေဘေးသင့် မြို့နယ်ပေါင်း ၁၈ ခုက ပြည်သူတွေအနေနဲ့ ရက်ပေါင်း ၃၀ အထိအသုံးပြုနိုင်မယ့် MPT ဖုန်းအချင်းချင်း မိနစ် ၃၀ စာ အခမဲ့ခေါ်ဆိုခွင့်ကို ရက်ပေါင်း ၃၀ အထိပေးသွားမယ်လို့ MPT ဆက်သွယ်ရေးအော်ပရေတာက ထုတ်ပြန်ကြေငြာပါတယ်။



MPT.PNG

ဖုန်းအခမဲ့ပြောဆိုနိုင်မည့် မြို့နယ်များ (Source - MPT)



MPT အနေနဲ့ ရေဘေးသင့်ပြည်သူတွေ သူတို့ရဲ မိသားစုဝင်တွေနဲ့ အဆက်အသွယ်မပြတ်စေဖို့နဲ့ အရေးပေါ် ကယ်ဆယ်ရေးလှုပ်ရှားမှုအဖွဲ့တွေဆီကို ဆက်သွယ်နိုင်ဖို့အတွက် ကူညီပေးတာလို့ဆိုပါတယ်။



ရေဘေးသင့်ခဲ့သည့် မြို့နယ် ၁၈ ခုက MPT သုံးစွဲသူတွေအနေနဲ့ ဒီနေ့ သြဂုတ်လ ၃ ရက်နေ့က စတင်ပြီး မိနစ်(၃၀) အခမဲ့ဖုန်းခေါ်ဆိုခွင့်ကို ရရှိမှာဖြစ်ပြီး မည်သည့်MPTဖုန်းကိုမဆိုခေါ်ဆိုနိုင်မယ်လို့ MPT ရဲ့Website မှာ တရားဝင်ကြေငြာထားပါတယ်။

 

37858590_2207436952729699_8968029449354215424_o.jpg

Photo - Myanmar Fire Service Department



အဲ့ဒီဒေသများက MPT သုံးစွဲသူတွေဟာ အခမဲ့ ဖုန်းခေါ်ဆိုခွင့်ကို လျှောက်ထားရယူဖို့မလိုဘဲ အလိုအလျောက်ရရှိအသုံးပြုနိုင်မှာဖြစ်ပြီး အသုံးပြုနိုင်ပြီဖြစ်ကြောင်းကိုလည်း MPT ကနေ စာတို(SMS) ပေးပို့ အသိပေးသွားမယ်လို့ဆိုပါတယ်။



MPT-KSGM Joint Operations လုပ်ငန်းလည်ပတ်မှုဌာနရဲ့ ဒုတိယအရာရှိချုပ်ဖြစ်သူ ဦးနိုင်ကိုကို က “ရေဘေးသင့်ဒေသတွေဖြစ်ခဲ့ရတဲ့ မွန်၊ ကရင် နဲ့ ပဲခူးတိုင်း(အရှေ့)က ပြည်သူတွေအတွက် MPT က အားလုံးနဲ့ထပ်တူ စိတ်မကောင်းဖြစ်မိပါတယ်။ MPT ဟာ ပြည်သူတွေရဲ့ လိုအပ်ချက်တွေကို တတ်နိုင်သမျှ ဖြည့်ဆည်းပေးဖို့ အမြဲအသင့်ရှိနေတာပါ။ အခုလိုမျိုး သဘာဝဘေးအန္တရာယ်တွေ ကျရောက်နေတဲ့ အချိန်မှာ ဆက်သွယ်ရေးဟာ အင်မတန်အရေးကြီးမယ်ဆိုတာကို ကျွန်တော်တို့ MPT အနေနဲ့ ယုံကြည်ထားပါတယ်။"လို့ ပြောပါတယ်။

[Zawgyi Version]

ေရေဘးသင့္ ၿမိဳ႕နယ္ေပါင္း ၁၈ ခုက ျပည္သူေတြအေနနဲ႔ ရက္ေပါင္း ၃၀ အထိအသုံးျပဳႏိုင္မယ့္ MPT ဖုန္းအခ်င္းခ်င္း မိနစ္ ၃၀ စာ အခမဲ့ေခၚဆိုခြင့္ကို ရက္ေပါင္း ၃၀ အထိေပးသြားမယ္လုိ႔ MPT ဆက္သြယ္ေရးေအာ္ပေရတာက ထုတ္ျပန္ေၾကျငာပါတယ္။



MPT.PNG

ဖုန္းအခမဲ့ေျပာဆုိႏုိင္မည့္ ျမိဳ႕နယ္မ်ား (Source - MPT)



MPT အေနနဲ႔ ေရေဘးသင့္ျပည္သူေတြ သူတုိ႔ရဲ မိသားစုဝင္ေတြနဲ႔ အဆက္အသြယ္မျပတ္ေစဖုိ႔နဲ႔ အေရးေပၚ ကယ္ဆယ္ေရးလႈပ္ရွားမႈအဖြဲ႕ေတြဆီကုိ ဆက္သြယ္ႏိုင္ဖုိ႔အတြက္ ကူညီေပးတာလုိ႔ဆုိပါတယ္။



ေရေဘးသင့္ခဲ့သည့္ ၿမိဳ႕နယ္ ၁၈ ခုက MPT သုံးစြဲသူေတြအေနနဲ႔ ဒီေန႔ ၾသဂုတ္လ ၃ ရက္ေန႔က စတင္ျပီး မိနစ္(၃၀) အခမဲ့ဖုန္းေခၚဆိုခြင့္ကို ရရွိမွာျဖစ္ျပီး မည္သည့္MPTဖုန္းကိုမဆိုေခၚဆုိႏုိင္မယ္လုိ႔ MPT ရဲ႕Website မွာ တရား၀င္ေၾကျငာထားပါတယ္။

 

Photo - Myanmar Fire Service Department



အဲ့ဒီေဒသမ်ားက MPT သုံးစြဲသူေတြဟာ အခမဲ့ ဖုန္းေခၚဆိုခြင့္ကို ေလွ်ာက္ထားရယူဖုိ႕မလုိဘဲ အလိုအေလ်ာက္ရရွိအသုံးျပဳႏိုင္မွာျဖစ္ျပီး အသုံးျပဳႏိုင္ၿပီျဖစ္ေၾကာင္းကိုလည္း MPT ကေန စာတို(SMS) ေပးပို႔ အသိေပးသြားမယ္လုိ႔ဆုိပါတယ္။



MPT-KSGM Joint Operations လုပ္ငန္းလည္ပတ္မႈဌာနရဲ႕ ဒုတိယအရာရွိခ်ဳပ္ျဖစ္သူ ဦးႏိုင္ကိုကို က “ေရေဘးသင့္ေဒသေတြျဖစ္ခဲ့ရတဲ့ မြန္၊ ကရင္ နဲ႔ ပဲခူးတိုင္း(အေရွ႕)က ျပည္သူေတြအတြက္ MPT က အားလုံးနဲ႔ထပ္တူ စိတ္မေကာင္းျဖစ္မိပါတယ္။ MPT ဟာ ျပည္သူေတြရဲ႕ လိုအပ္ခ်က္ေတြကို တတ္ႏိုင္သမွ် ျဖည့္ဆည္းေပးဖို႔ အၿမဲအသင့္ရွိေနတာပါ။ အခုလိုမ်ိဳး သဘာဝေဘးအႏၲရာယ္ေတြ က်ေရာက္ေနတဲ့ အခ်ိန္မွာ ဆက္သြယ္ေရးဟာ အင္မတန္အေရးႀကီးမယ္ဆိုတာကို ကြၽန္ေတာ္တို႔ MPT အေနနဲ႔ ယုံၾကည္ထားပါတယ္။"လုိ႔ ေျပာပါတယ္။


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs