• Local News
    ကလေး၀ ကျောက်မီးသွေးတွင် ပြိုကျမှုမှာ ပိတ်မိသူ အားလုံးသေဆုံး
Hmue Eain Zaw
[Unicode Version]

ကလေးဝ မြို့နယ်က ကျောက်မီးသွေးဥမင်လှိုင်ခေါင်းအတွင်း ပိတ်မိနေတဲ့ မြန်မာ ၄ ယောက်နဲ့ တရုတ်လူမျိူး ၁ ယောက်ဟာ အောက်ဆီဂျင်ပြတ်လပ်မှုကြောင့် သေဆုံးသွားခဲ့ပြီဖြစ်တယ်လို့ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရ အဖွဲ့ကသိရပါတယ်။

38294552_1079581868870575_7229734804592263168_n.jpg

Photo - Sagaing Regional lnformation Page

 

သြဂုတ်လ ၂ ရက်နေ့ည လယ်လောက်က ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့တာကြောင့် ကျောက်မီးသွေးတွင်းပြိုကျပြီး အထဲမှာ လူ ၅ ယောက် ပိတ်မိနေခဲ့တာဖြစ်ပါတယ်။

ကျောက်မီးသွေးတွင်းပြိုကျမှုဟာ သြဂုတ်လ ၂ ရက်နေ့ညကဖြစ်ပွားခဲ့ပေမယ့် သက်ဆိုင်ရာဒေသအုပ်ချုပ်ရေးထံကို သြဂုတ်လ ၃ရက်နေ့ မနက်(၉)နာရီကမှ ကုမ္ပဏီကနေ အကြောင်းကြားသတင်းပို့ခဲ့တယ်လို့ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့က လူမှုကွန်ရက်ဖေ့ဘုတ်စာမျက်နှာကနေ ထုတ်ပြန်ပါတယ်။

38274559_2105306103065725_550111295446188032_n.jpg

Photo - Sagaing Regional lnformation Page

 

ဒါကြောင့် သတင်းရလျှင်ရခြင်း စစ်ကိုင်းတိုင်းဒေသကြီးအစိုးရ၊ ကလေးခရိုင်ထွေအုပ်ရုံးနှင့် ကလေးဝမြို့နယ်မှကယ်ဆယ်ရေးများ၊ လူနာတင်ကားများဖြင့်ေ ကျာက်မီးသွေးတွင်းကို သွားရောက်ကယ်တင်ခဲ့ပေမယ့်ဂူပေါက်ပိတ်ပြီး အောက်ဆီဂျင်ပိုက်ပြတ်တောက်တာကြောင့် အထဲမှာ ပိတ်မိနေသည့် လူ(၅)ဦးအား သေဆုံးလျက်သာတွေ့ရတယ်လို့ဆိုပါတယ်။

ကနဦးထွက်ပေါ်ခဲ့တဲ့ သတင်းတွေမှာတော မြန်မာ ၈ ယောက်နဲ့ တရုတ် ၂ ယောက်လို့ပြောပေမယ့် တကယ်တမ်းမှာ မြန်မာ ၄ ယောက်နဲ့ တရုတ်လူမျိုး ၁ ယောက်ပဲဖြစ်တယ်လို့ ဒေသခံတွေက အတည်ပြုပါတယ်။

 

[Zawgyi Version]

ကလေးဝ မြို့နယ်က ကျောက်​မီး​သွေးဥမင်​လှိုင်​​ခေါင်းအတွင်း ပိတ်မိနေတဲ့ မြန်မာ ၄ ယောက်နဲ့ တရုတ်လူမျိုး ၁ ယောက်ဟာ အောက်ဆီဂျင်ပြတ်လပ်မှုကြောင့် သေဆုံးသွားခဲ့ပြီဖြစ်တယ်လို့ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရ အဖွဲ့ကသိရပါတယ်။


 




 



 


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs