• Local News
    အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ ငြိမ်းချမ်းရေးစကားဝိုင်းမှာ ပါဝင်ဖို့ ရုပ်ချောရမယ်ဆိုတဲ့အချက်ကို ကျောင်းသားသမဂ္ဂကန့်ကွက်ထုတ်ပြန်
Aye Myat Mon
[Unicode Version]

ပခုက္ကူမှာကျင်းပမယ့် အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ ငြိမ်းချမ်းရေးစကားဝိုင်းမှာ ပါဝင်ဆွေးနွေးဖို့အတွက် လူရွေးရာမှာ ရုပ်ချောဖို့ လိုတယ်ဆိုတဲ့ အချက်ကို ထည့်သွင်းတာက စိတ်ပျက်ဖို့ကောင်းတယ်လို့ ပခုက္ကူကွန်ပျူတာတက္ကသိုလ် ကျောင်းသားသဂ္ဂက သြဂုတ်လ ၃ ရက်နေ့စွဲနဲ့ ထုတ်ပြန်ပါတယ်။

 

38457973_313134619428884_7768649236261896192_n.jpg 

ငြိမ်းချမ်းရေးစကားဝိုင်းမှာ ကွန်ပျူတာတက္ကသိုလ်(ပခုက္ကူ)က ပါဝင်ဆွေးနွေးမယ့်ကျောင်းသား၊သူ ၊ဆရာ၊ဆရာမ လေးဦးကို ရွေးချယ်ရာမှာကျောင်းသားသမဂ္ဂကို အသိပေးတာမရှိသလိုပူးပေါင်းဆောင်ရွက်တာမရှိဘုူးလို့ ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် လူရွေးချယ်တဲ့အခါမှာလည်း ရုပ်ရည်ချောမောရမယ်ဆိုတဲ့ အချက်ကို အခြေခံထားတာက အံ့အားသင့်ဖို့ ကောင်းတယ်ဆိုပီး ထုတ်ပြန်တာပါ။

“ အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ ငြိမ်းချမ်းရေးစကားဝိုင်းမှာဆွေးနွေးဖို့ တက္ကသိုလ်တစ်ခုစီက ကိုယ်စားလှယ်တွေ ရွေးတဲ့အခါ ကျွန်တော်တို့ဘာမှ မသိရဘဲနဲ့ ကျောင်းအုပ်က ရွေးပြီးပြီလို့ ပြောတယ်။ အင်တာဗျူးခေါ်တာတွေလုပ်ပြီးမှ ရွေးချယ်သင့်တာ၊ ကျွန်တော်တို့ကို စာထွက်ပြီးပြောတာမဟုတ်ဘူး ။ နှုတ်နဲ့ပဲ ဒါကို ပြောတာ။ ပွင့်လင်းမြင်သာမှုမရှိတဲ့ စနစ်ကို အပြင်းအထန်ကန့်ကွက်တာပါ။ပခုက္ကူက သမဂ္ဂတွေ ထုတ်ပြန်ထားတာလည်းရှိပါတယ်။” လို့ ပခုက္ကူကွန်ပျူတာတက္ကသိုလ်ကျောင်းသားသမဂ္ဂဥက္ကဌ ကိုအောင်အောင်က ဓူဝံကို ပြောပါတယ်။

အဲ့ဒီလိုဆောင်ရွက်တာတွေကို ကွန်ပျူတာတက္ကသိုလ်(ပခုက္ကူ) ကျောင်းသားသမဂ္ဂအနေနဲ့ မိတ်ဖက်သမဂ္ဂတွေနဲ့ ချိတ်ဆက်ပြီးတော့ လုပ်ဆောင်မယ်လို့လည်း သဘောထားထုတ်ပြန်ထားပါတယ်။

[Zawgyi Version]

ပခုကၠဴမွာက်င္းပမယ့္ အတုိင္ပင္ခံပုဂၢိဳလ္ရဲ႕ ၿငိမ္းခ်မ္းေရးစကား၀ုိင္းမွာ ပါ၀င္ေဆြးေႏြးဖုိ႕အတြက္ လူေရြးရာမွာ ရုပ္ေခ်ာဖုိ႔ လုိတယ္ဆုိတဲ့ အခ်က္ကုိ ထည့္သြင္းတာက စိတ္ပ်က္ဖုိ႔ေကာင္းတယ္လို႔ ပခုကၠဴကြန္ပ်ဴတာတကၠသိုလ္ ေက်ာင္းသားသဂၢက ၾသဂုတ္လ ၃ ရက္ေန႔စြဲနဲ႔ ထုတ္ျပန္ပါတယ္။

 

38457973_313134619428884_7768649236261896192_n.jpg 

ၿငိမ္းခ်မ္းေရးစကား၀ိုင္းမွာ ကြန္ပ်ဴတာတကၠသိုလ္(ပခုကၠဴ)က ပါ၀င္ေဆြးေႏြးမယ့္ေက်ာင္းသား၊သူ ၊ဆရာ၊ဆရာမ ေလးဦးကုိ ေရြးခ်ယ္ရာမွာေက်ာင္းသားသမဂၢကုိ အသိေပးတာမရွိသလုိပူးေပါင္းေဆာင္ရြက္တာမရွိဘုူးလုိ႔ ထုတ္ျပန္ထားပါတယ္။

ဒါ့အျပင္ လူေရြးခ်ယ္တဲ့အခါမွာလည္း ရုပ္ရည္ေခ်ာေမာရမယ္ဆုိတဲ့ အခ်က္ကုိ အေျခခံထားတာက အံ့အားသင့္ဖုိ႔ ေကာင္းတယ္ဆုိပီး ထုတ္ျပန္တာပါ။

“ အတိုင္ပင္ခံပုဂၢိဳလ္ရဲ႕ ၿငိမ္းခ်မ္းေရးစကား၀ုိင္းမွာေဆြးေႏြးဖုိ႔ တကၠသိုလ္တစ္ခုစီက ကိုယ္စားလွယ္ေတြ ေရြးတ့ဲအခါ ကၽြန္ေတာ္တုိ႔ဘာမွ မသိရဘဲနဲ႔ ေက်ာင္းအုပ္က ေရြးၿပီးၿပီလုိ႔ ေျပာတယ္။ အင္တာဗ်ဴးေခၚတာေတြလုပ္ၿပီးမွ ေရြးခ်ယ္သင့္တာ၊ ကၽြန္ေတာ္တုိ႔ကုိ စာထြက္ၿပီးေျပာတာမဟုတ္ဘူး ။ ႏႈတ္္နဲ႔ပဲ ဒါကုိ ေျပာတာ။ ပြင့္လင္းျမင္သာမႈမရွိတဲ့ စနစ္ကုိ အျပင္းအထန္ကန္႔ကြက္တာပါ။ပခုကၠဴက သမဂၢေတြ ထုတ္ျပန္ထားတာလည္းရွိပါတယ္။” လုိ႔ ပခုကၠဴကြန္ပ်ဴတာတကၠသိုလ္ေက်ာင္းသားသမဂၢဥကၠဌ ကုိေအာင္ေအာင္က ဓူ၀ံကုိ ေျပာပါတယ္။

အဲ့ဒီလိုေဆာင္ရြက္တာေတြကုိ ကြန္ပ်ဴတာတကၠသိုလ္(ပခုကၠဴ) ေက်ာင္းသားသမဂၢအေနနဲ႔ မိတ္ဖက္သမဂၢေတြနဲ႔ ခ်ိတ္ဆက္ၿပီးေတာ့ လုပ္ေဆာင္မယ္လုိ႔လည္း သေဘာထားထုတ္ျပန္ထားပါတယ္။


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs