• Local News
    တန်ဖိုးနည်းအိမ်ရာ ဝယ်ယူခွင့်ရသူတွေ အချိန်မီ မဆက်သွယ်ရင် စာရင်းပယ်ဖျက်မယ်
Mi Thawdar Aung
[Unicode Version]

ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့က ရောင်းချတဲ့ တန်ဖိုးနည်း တန်ဖိုးသင့်အိမ်ရာဝယ်ယူခွင့်ရရှိသူတွေအနေနဲ့ သတ်မှတ်ရက်အတွင်း လာရောက်မဆက်သွယ်ရင် ဝယ်ယူခွင့်စာရင်းပယ်ဖျက်ပြီး ကျန်တဲ့သူတွေကို ဦးစားပေးမယ်လို့ ပြည်သူ့အိမ်ရာ ရောင်းချရေးကော်မတီဝင် ဦးညီညီက ပြောပါတယ်။

house 1.jpg

ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ ယုဇနအိမ်ရာအပိုင်း (၁) ကို တွေ့ရစဉ်။

သတ်မှတ်ရက်အတွင်း လာရောက်ဆက်သွယ်ခြင်းမရှိတဲ့သူတွေကို ပြည်သူ့အရောင်းအိမ်ရာဝယ်ယူဖို့ စိတ်ဝင်စားမှုမရှိဘူးလို့ ယူဆပြီး ဝယ်ယူခွင့်စာရင်းကနေ ပယ်ဖျက်သွားမယ်လို့ အိမ်ရာစီမံကိန်းများရောင်းချရေးကြီးကြပ်ရေးကော်မတီကနေလည်း ထုတ်ပြန်ထားပါတယ်။

ဝယ်ယူခွင့်ရသူတွေအနေနဲ့ တိုက်ခန်းတန်ဖိုးငွေပေးသွင်းနိုင်ရေးနဲ့ အချက်အလက်တွေ စိစစ်ဖို့ သြဂုတ်လ ၆ ရက်ကနေ ၂၁ ရက်အတွင်း၊  ဘဏ်ချေးငွေနဲ့ ဝယ်မယ့်သူတွေက သြဂုတ်လ ၆ ရက်ကနေ ၁၅ ရက်အတွင်းမှာ အထောက်အထားစာရွက်စာတမ်းမူရင်းတွေနဲ့ အတူလူကိုယ်တိုင် မြို့ပြနှင့်အိမ်ရာဖွံဖြိုးရေးဦးစီးဌာနရုံးကို လာရောက်ဆက်သွယ်ရမှာဖြစ်ပါတယ်။

 “ အကယ်လို့ မဲပေါက်တဲ့သူတွေကို ကာလတစ်ခုသတ်မှတ်ပေးပြီးတော့ မဆက်သွယ်တော့ဘူးဆိုရင် နောက်ထပ် တန်းစီထားတဲ့သူတွေကို ပေးသွားမယ်။ ငွေအပြီးချေမယ့်သူတွေကို တိုက်ခန်းတန်ဖိုးရဲ့ ၃ ရာခိုင်နှုန်း လျှော့ပေးမှာပါ။မဲပေါက်တဲ့သူတွေကနေ ဆောင်ရွက်ရမယ့်ကိစ္စတွေ ပြီးရင် အိမ်ရာတွေ မှာနေထိုင်လို့ရပါပြီ” လို့ ဦးညီညီက ဓူဝံမီဒီယာကို ပြောပါတယ်။

house.jpg

ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ ယုဇနအိမ်ရာအပိုင်း (၁) ကို တွေ့ရစဉ်။

ပထမအသုတ်အိမ်ရာဝယ်ယူခွင့်ရသူမှာ ၇၂၂ ရဲ့ အမည်စာရင်းတွေကိုတော့ ရန်ကုန်တိုင်း၊ခရိုင်အထွေထွေအုပ်ချုပ်ရေးရုံးတွေနဲ့ မြို့ပြနှင့်အိမ်ရာဖွံဖြိုးရေးဦးစီးဌာနရုံးမှာ အသိပေးကြေညာထားပြီးလည်း ဖြစ်ပါတယ်။

ဝယ်ယူမယ့်သူတွေမှာ ကနဦးအနေနဲ့ တိုက်ခန်းတန်ဖိုးရဲ့ ၂၀ ရာခိုင်နှုန်းကို အရင်ဆုံး ပေးသွင်းရမှာဖြစ်ပြီး တစ်ကြိမ်တည်း အကျေပေးသွင်း မှု၊ မြို့ပြနှင့် အိုးအိမ် ဖွံဖြိုးရေးဘဏ်မှာ အတိုးနှုန်း ၈ ဒသမ ၅ ရာခိုင်နှုန်း နဲ့  ၁၅ နှစ်အထိ ပေးချေတဲ့ စနစ်နဲ့ ဝယ်ယူနိုင်တယ်လို့ ပြည် သူ့အိမ်ရာရောင်းချရေးကော်မတီ ကနေ သိရပါတယ်။

တိုက်ခန်းဈေးနှုန်းတွေကတော့ တန်ဖိုးနည်းတိုက်ခန်းဆိုရင် သိန်း ၉၀ ကျော်ကနေ သိန်း ၁၃၀ နီးပါး၊ တန်ဖိုးသင့်တိုက်ခန်းဆိုရင် သိန်း ၂၀၀ ကနေ သိန်း ၆၀၀ အထိ ရှိကြောင်းသိရပါတယ်။

 

[Zawgyi Version]

ရန္ကုန္တုိင္း ေဒသႀကီးအစုိးရအဖြဲ႕က ေရာင္းခ်တဲ့ တန္ဖုိးနည္း တန္ဖုိးသင့္အိမ္ရာ၀ယ္ယူခြင့္ရရွိသူေတြအေနနဲ႔ သတ္မွတ္ရက္အတြင္း လာေရာက္မဆက္သြယ္ရင္ ၀ယ္ယူခြင့္စာရင္းပယ္ဖ်က္ၿပီး က်န္တဲ့သူေတြကုိ ဦးစားေပးမယ္လုိ႔ ျပည္သူ႔အိမ္ရာ ေရာင္းခ်ေရးေကာ္မတီ၀င္ ဦးညီညီက ေျပာပါတယ္။

ဒဂံုဆိပ္ကမ္းၿမိဳ႕နယ္ရွိ ယုဇနအိမ္ရာအပိုင္း (၁) ကုိ ေတြ႕ရစဥ္။

သတ္မွတ္ရက္အတြင္း လာေရာက္ဆက္သြယ္ျခင္းမရွိတဲ့သူေတြကုိ ျပည္သူ႔အေရာင္းအိမ္ရာ၀ယ္ယူဖုိ႔ စိတ္၀င္စားမႈမရွိဘူးလုိ႔ ယူဆၿပီး ၀ယ္ယူခြင့္စာရင္းကေန ပယ္ဖ်က္သြားမယ္လုိ႔ အိမ္ရာစီမံကိန္းမ်ားေရာင္းခ်ေရးႀကီးၾကပ္ေရးေကာ္မတီကေနလည္း ထုတ္ျပန္ထားပါတယ္။

၀ယ္ယူခြင့္ရသူေတြအေနနဲ႔ တိုက္ခန္းတန္ဖုိးေငြေပးသြင္းႏုိင္ေရးနဲ႔ အခ်က္အလက္ေတြ စိစစ္ဖုိ႔ ၾသဂုတ္လ ၆ ရက္ကေန ၂၁ ရက္အတြင္း၊  ဘဏ္ေခ်းေငြနဲ႔ ၀ယ္မယ့္သူေတြက ၾသဂုတ္လ ၆ ရက္ကေန ၁၅ ရက္အတြင္းမွာ အေထာက္အထားစာရြက္စာတမ္းမူရင္းေတြနဲ႔ အတူလူကုိယ္တုိင္ ၿမိဳ႕ျပႏွင့္အိမ္ရာဖြံၿဖိဳးေရးဦးစီးဌာနရုံးကို လာေရာက္ဆက္သြယ္ရမွာျဖစ္ပါတယ္။

 “ အကယ္လုိ႔ မဲေပါက္တဲ့သူေတြကုိ ကာလတစ္ခုသတ္မွတ္ေပးၿပီးေတာ့ မဆက္သြယ္ေတာ့ဘူးဆုိရင္ ေနာက္ထပ္ တန္းစီထားတဲ့သူေတြကုိ ေပးသြားမယ္။ ေငြအၿပီးေခ်မယ့္သူေတြကုိ တုိက္ခန္းတန္ဖုိးရဲ႕ ၃ ရာခုိင္ႏႈန္း ေလွ်ာ့ေပးမွာပါ။မဲေပါက္တဲ့သူေတြကေန ေဆာင္ရြက္ရမယ့္ကိစၥေတြ ၿပီးရင္ အိမ္ရာေတြ မွာေနထုိင္လုိ႔ရပါၿပီ” လုိ႔ ဦးညီညီက ဓူ၀ံမီဒီယာကုိ ေျပာပါတယ္။

ဒဂံုဆိပ္ကမ္းၿမိဳ႕နယ္ရွိ ယုဇနအိမ္ရာအပိုင္း (၁) ကုိ ေတြ႕ရစဥ္။

ပထမအသုတ္အိမ္ရာ၀ယ္ယူခြင့္ရသူမွာ ၇၂၂ ရဲ႕ အမည္စာရင္းေတြကုိေတာ့ ရန္ကုန္တုိင္း၊ခရုိင္အေထြေထြအုပ္ခ်ဳပ္ေရးရုံးေတြနဲ႔ ၿမိဳ႕ျပႏွင့္အိမ္ရာဖြံၿဖိဳးေရးဦးစီးဌာနရုံးမွာ အသိေပးေၾကညာထားၿပီးလည္း ျဖစ္ပါတယ္။

၀ယ္ယူမယ့္သူေတြမွာ ကနဦးအေနနဲ႔ တုိက္ခန္းတန္ဖုိးရဲ႕ ၂၀ ရာခိုင္ႏႈန္းကုိ အရင္ဆံုး ေပးသြင္းရမွာျဖစ္ၿပီး တစ္ႀကိမ္တည္း အေက်ေပးသြင္း မႈ၊ ၿမိဳ႕ျပႏွင့္ အိုးအိမ္ ဖြံၿဖိဳးေရးဘဏ္မွာ အတုိးႏႈန္း ၈ ဒသမ ၅ ရာခိုင္ႏႈန္း နဲ႔  ၁၅ ႏွစ္အထိ ေပးေခ်တဲ့ စနစ္နဲ႔ ဝယ္ယူႏုိင္တယ္လုိ႔ ျပည္ သူ႔အိမ္ရာေရာင္းခ်ေရးေကာ္မတီ ကေန သိရပါတယ္။

တိုက္ခန္းေစ်းႏႈန္းေတြကေတာ့ တန္ဖုိးနည္းတုိက္ခန္းဆုိရင္ သိန္း ၉၀ ေက်ာ္ကေန သိန္း ၁၃၀ နီးပါး၊ တန္ဖုိးသင့္တိုက္ခန္းဆုိရင္ သိန္း ၂၀၀ ကေန သိန္း ၆၀၀ အထိ ရွိေၾကာင္းသိရပါတယ္။

 


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs