• Local News
    ကမ္ဘာလှည့်ခရီးသွားတွေအတွက် လုံခြုံရေးကို အလေးထားဖို့ ဒုသမ္မတ တိုက်တွန်း
Mi Thawdar Aung
[Unicode Version]

နိုင်ငံတွင်းကို လာရောက်ကြတဲ့ ကမ္ဘာလှည့်ခရီးသွားတွေအတွက် လုံခြုံရေးနဲ့ ဝန်ဆောင်မှုတွေကို ဦးစားပေးလုပ်ဆောင်သင့်တယ်လို့ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက ပြောကြားလိုက်ပါတယ်။ နေပြည်တော်မှာပြုလုပ်တဲ့ အမျိုးသား ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီအစည်းအဝေးမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။

tourism 1.jpg

မြန်မာနိုင်ငံကို လာရောက်လည်ပတ်ကြတဲ့ ခရီးသွားတွေ ဘေးအန္တရာယ်ကင်းကင်းနဲ့ သွားလာနိုင်အောင် ဆောင်ရွက်ပေးဖို့လိုအပ်နေပြီး ဝန်ဆောင်မှုတွေပေးရာမှာ ခေတ်နဲ့ ညီတဲ့ စနစ်သစ်တွေကို အသုံးချဖို့ လိုအပ်နေတယ်လို့ ဒုသမ္မတက ပြောပါတယ်။

ဟိုတယ်အခန်းခတွေ သင့်တင့်မျှဖို့၊ ပေးရတဲ့ငွေကြေးနဲ့ ဝန်ဆောင်မှု ထိုက်တန်ဖို့၊ ခရီးသွားဒေသတွေမှာ သန့်ရှင်းတဲ့ အများသုံးသန့်စင်ခန်းတွေ လုံလုံလောက်လောက်ထားဖို့၊ စားသောက်ဆိုင်တွေ ကျန်းမာရေးနဲ့ ညီညွှတ်တဲ့အစားအစာတွေ ရောင်းချဖို့၊ဒေသအလိုက် ရိုးရာအစားအစာတွေ ဖော်ထုတ်ဖို့ ၊ ခရီးသွားတွေ အန္တရာယ်ကင်းကင်း သွားလာဖို့ ပြည်နယ်နဲ့ တိုင်းအစိုးရအဖွဲ့တွေက စနစ်တကျ အကောင်အထည်ဖော်ဖို့ လိုအပ်တယ်လို့လည်း  ဆိုပါတယ်။

myanmar tourism.jpg

 

ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့စာရင်းတွေအရ ၂၀၁၈ ခုနှစ် နှစ်ဝက်ကာလအထိ နိုင်ငံတကာခရီးသွားဧည့်သည် ၁ ဒသမ ၇၂ သန်းဝင်ရောက်ခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ဂျပန်၊ ကိုရီးယား၊ တရုတ်နိုင်ငံက ခရီးသွားတွေအတွက်လည်း ဗီဇာဖြေလျော့ပေးတော့မှာ ဖြစ်တာကြောင့်   နိုင်ငံတွင်း ခရီးသွားဝင်ရောက်မှုက ပိုများလာနိုင်ပြီး၂၀၂၀ ခုနှစ်မှာ ကမ္ဘာလှည့်ခရီးသွား ၇ သန်းကျော် အထိ ဝင်ရောက်ဖို့ ခန့်မှန်းထားတယ်လို့ သိရပါတယ်။

၂၀၁၇ ခုနှစ်မှာ ခရီးသွားဧည့်သည် ၃ ဒသမ ၄၄ သန်း လာရောက်ခဲ့ပြီး ၂၀၁၆ ခုနှစ်နှင့် နှိုင်းယှဉ်ရင် ၁၈ ရာခိုင်နှုန်းခန့် တိုးတက်လာတယ်လို့သိရပါတယ်။

[Zawgyi Version]

ႏုိင္ငံတြင္းကုိ လာေရာက္ၾကတဲ့ ကမာၻလွည့္ခရီးသြားေတြအတြက္ လံုျခံဳေရးနဲ႔ ၀န္ေဆာင္မႈေတြကုိ ဦးစားေပးလုပ္ေဆာင္သင့္တယ္လုိ႔ ဒုတိယသမၼတ ဦးဟင္နရီဗန္ထီးယူက ေျပာၾကားလိုက္ပါတယ္။ ေနျပည္ေတာ္မွာျပဳလုပ္တဲ့ အမ်ိဳးသား ခရီးသြားလုပ္ငန္း ဖြံ႕ၿဖိဳးတိုးတက္ေရး ဗဟိုေကာ္မတီအစည္းအေ၀းမွာ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

ျမန္မာႏုိင္ငံကုိ လာေရာက္လည္ပတ္ၾကတဲ့ ခရီးသြားေတြ ေဘးအႏၱရာယ္ကင္းကင္းနဲ႔ သြားလာႏိုင္ေအာင္ ေဆာင္ရြက္ေပးဖုိ႔လုိအပ္ေနၿပီး ၀န္ေဆာင္မႈေတြေပးရာမွာ ေခတ္နဲ႔ ညီတဲ့ စနစ္သစ္ေတြကုိ အသံုးခ်ဖုိ႔ လိုအပ္ေနတယ္လုိ႔ ဒုသမၼတက ေျပာပါတယ္။

ဟုိတယ္အခန္းခေတြ သင့္တင့္မွ်ဖို႔၊ ေပးရတဲ့ေငြေၾကးနဲ႔ ၀န္ေဆာင္မႈ ထုိက္တန္ဖုိ႔၊ ခရီးသြားေဒသေတြမွာ သန္႔ရွင္းတဲ့ အမ်ားသံုးသန္႔စင္ခန္းေတြ လံုလံုေလာက္ေလာက္ထားဖုိ႔၊ စားေသာက္ဆုိင္ေတြ က်န္းမာေရးနဲ႔ ညီညႊတ္တဲ့အစားအစာေတြ ေရာင္းခ်ဖုိ႔၊ေဒသအလုိက္ ရုိးရာအစားအစာေတြ ေဖာ္ထုတ္ဖုိ႔ ၊ ခရီးသြားေတြ အႏၲရာယ္ကင္းကင္း သြားလာဖုိ႔ ျပည္နယ္နဲ႔ တုိင္းအစုိးရအဖြဲ႕ေတြက စနစ္တက် အေကာင္အထည္ေဖာ္ဖုိ႔ လိုအပ္တယ္လုိ႔လည္း  ဆုိပါတယ္။

 

ဟုိတယ္ႏွင့္ ခရီးသြားလာေရး၀န္ႀကီးဌာနက ထုတ္ျပန္တဲ့စာရင္းေတြအရ ၂၀၁၈ ခုႏွစ္ ႏွစ္၀က္ကာလအထိ ႏုိင္ငံတကာခရီးသြားဧည့္သည္ ၁ ဒသမ ၇၂ သန္း၀င္ေရာက္ခဲ့တယ္လုိ႔ သိရပါတယ္။

ဒါ့အျပင္ ဂ်ပန္၊ ကိုရီးယား၊ တ႐ုတ္ႏိုင္ငံက ခရီးသြားေတြအတြက္လည္း ဗီဇာေျဖေလ်ာ့ေပးေတာ့မွာ ျဖစ္တာေၾကာင့္   ႏုိ္င္ငံတြင္း ခရီးသြား၀င္ေရာက္မႈက ပုိမ်ားလာႏုိင္ၿပီး၂၀၂၀ ခုႏွစ္မွာ ကမာၻလွည့္ခရီးသြား ၇ သန္းေက်ာ္ အထိ ၀င္ေရာက္ဖုိ႔ ခန္႔မွန္းထားတယ္လို႔ သိရပါတယ္။

၂၀၁၇ ခုႏွစ္မွာ ခရီးသြားဧည့္သည္ ၃ ဒသမ ၄၄ သန္း လာေရာက္ခဲ့ၿပီး ၂၀၁၆ ခုႏွစ္ႏွင့္ ႏႈိင္းယွဥ္ရင္ ၁၈ ရာခိုင္ႏႈန္းခန္႔ တိုးတက္လာတယ္လုိ႔သိရပါတယ္။


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs