• Local News
    ရေချိုခရုကနေ ကူးစက်တဲ့ ရောဂါအတွက် WHO ဆေးနဲ့ ဓါတ်ခွဲပစ္စည်းတွေထောက်ပံ့
Hmue Eain Zaw
[Unicode Version]

ရေချိုခရုကနေ လူသို့ကူးစက်တဲ့ Schistosomiasis ရောဂါကုသသည့်ဆေးဝါးနှင့်ရောဂါစစ်ဆေးတဲ့ဓာတ်ခွဲပစ္စည်းတွေကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)က နေ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနကို လွှဲပြောင်းပေးလိုက်ပြီဖြစ်ပါတယ်။



4-8-18_Schi (3).JPG

Schistosomiasis ရောဂါဆိုတာကတော့ ရေချိုနဲ့ တိုက်ရိုက်ထိတွေ့တဲ့ လူတွေရဲ့အရေပြားကို ထိုးဖောက်ဝင်ရောက်နိုင်တဲ့ ကပ်ပါးကောင်တစ်မျိုးက စတင်တဲ့ ရောဂါဖြစ်တယ်လို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ဆိုပါတယ်။



အထူးသဖြင့် လယ်ယာစိုက်ပျိုးရေး နဲ့ ရေလုပ်ငန်းလုပ်ကိုင်နေသူများ၊ ချောင်း၊ မြောင်းတွေမှာ ရေချိုးလေ့ရှိတဲ့ သူတွေကို ကူးဆက်နိုင်သလို ရောဂါပိုးရှိတဲ့သူရဲ့ဆီး၊ မစင်ကနေပြီးတော့လည်း ရေချိုခရုတွေရဲ့ ကိုယ်အတွင်းကို ထိုးဖောက်ဝင်ရောက်နိုင်ပါတယ်။ အဲ့ဒီခရုတွေက ပြန်ထုတ်တဲ့ ကပ်ပါးကနေလည်း လူတွေကို ပြန်ပြီး ကူးစေတယ်လို့ဆိုပါတယ်။



ရောဂါကူးစက်ခံရရင် တစ်ပတ် ကနေ ၁၂ ပတ်အတွင်း အရေ ပြားယားယံ အဖုအပိမ့်ထွက် ခြင်း၊ ဖျားခြင်း၊ ခေါင်းကိုက်ခြင်း၊ ဝမ်းပျက်ဝမ်းလျှောခြင်း၊ ချောင်း ဆိုးခြင်း၊ ကိုယ်လက်နာကျင်ကိုက် ခဲခြင်းကို ခံစားရပါတယ်။ ကူးစက်မှုပမာဏ များပြားရင်တော့ အစာအိမ် အူလမ်းကြောင်းနဲ့ အသည်းရောဂါတွေ ဆီးလမ်း ကြောင်းရောဂါတွေနဲ့ နှလုံး၊ အဆုတ်ရောဂါတွေ၊ ဦးနှောက်အာရုံကြောရောဂါတွေ ခံစားရမယ်လို့ ကျန်းမာရေးဦးစီးဌာနတာဝန်ရှိသူက ဆိုပါတယ်။



လောလောဆယ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ကနေ Praziquantel (၁၅၀၀၀)လုံး၊ ရောဂါစစ်ဆေးတဲ့ ဓာတ်ခွဲပစ္စည်းတွေဖြစ်တဲ့ Kato Kazt Kits (၃၂၀၀)ခု နဲ့ Urine Filtration Tests (၃၀၀)ခုကို ထောက်ပံ့ပေးထားပြီး လိုအပ်ရင် ဆက်လက်ထောက်ပံ့မှုတွေပြုလုပ်သွားမယ်လို့ WHO ကသိရပါတယ်။

[Zawgyi Version]

ေရခ်ိဳခ႐ုကေန လူသို႔ကူးစက္တဲ့ Schistosomiasis ေရာဂါကုသသည့္ေဆးဝါးႏွင့္ေရာဂါစစ္ေဆးတဲ့ဓာတ္ခြဲပစၥည္းေတြကို ကမာၻ႔က်န္းမာေရးအဖြဲ႕ (WHO)က ေန က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာနကုိ လႊဲေျပာင္းေပးလုိက္ျပီျဖစ္ပါတယ္။



4-8-18_Schi (3).JPG

Schistosomiasis ေရာဂါဆုိတာကေတာ့ ေရခ်ိဳနဲ႔ တိုက္႐ိုက္ထိေတြ႔တဲ့ လူေတြရဲ႕အေရျပားကို ထိုးေဖာက္ဝင္ေရာက္ႏုိင္တဲ့ ကပ္ပါးေကာင္တစ္မ်ိဳးက စတင္တဲ့ ေရာဂါျဖစ္တယ္လုိ႔ ျပည္သူ႔က်န္းမာေရးဦးစီးဌာနက ဆုိပါတယ္။



အထူးသျဖင့္ လယ္ယာစုိက္ပ်ိဳးေရး နဲ႔ ေရလုပ္ငန္းလုပ္ကိုင္ေနသူမ်ား၊ ေခ်ာင္း၊ ေျမာင္းေတြမွာ ေရခ်ိဳးေလ့ရွိတဲ့ သူေတြကုိ ကူးဆက္ႏုိင္သလုိ ေရာဂါပိုးရွိတဲ့သူရဲ႕ဆီး၊ မစင္ကေနျပီးေတာ့လည္း ေရခ်ိဳခ႐ုေတြရဲ႕ ကိုယ္အတြင္းကုိ ထိုးေဖာက္ဝင္ေရာက္ႏုိင္ပါတယ္။ အဲ့ဒီခ႐ုေတြက ျပန္ထုတ္တဲ့ ကပ္ပါးကေနလည္း လူေတြကုိ ျပန္ျပီး ကူးေစတယ္လုိ႔ဆုိပါတယ္။



ေရာဂါကူးစက္ခံရရင္ တစ္ပတ္ ကေန ၁၂ ပတ္အတြင္း အေရ ျပားယားယံ အဖုအပိမ့္ထြက္ ျခင္း၊ ဖ်ားျခင္း၊ ေခါင္းကိုက္ျခင္း၊ ဝမ္းပ်က္ဝမ္းေလွ်ာျခင္း၊ ေခ်ာင္း ဆိုးျခင္း၊ ကိုယ္လက္နာက်င္ကိုက္ ခဲျခင္းကုိ ခံစားရပါတယ္။ ကူးစက္မႈပမာဏ မ်ားျပားရင္ေတာ့ အစာအိမ္ အူလမ္းေၾကာင္းနဲ႔ အသည္းေရာဂါေတြ ဆီးလမ္း ေၾကာင္းေရာဂါေတြနဲ႔ ႏွလံုး၊ အဆုတ္ေရာဂါေတြ၊ ဦးေႏွာက္အာ႐ံုေၾကာေရာဂါေတြ ခံစားရမယ္လုိ႔ က်န္းမာေရးဦးစီးဌာနတာ၀န္ရွိသူက ဆုိပါတယ္။



ေလာေလာဆယ္ ကမာၻ႔က်န္းမာေရးအဖြဲ႔ (WHO) ကေန Praziquantel (၁၅၀၀၀)လုံး၊ ေရာဂါစစ္ေဆးတဲ့ ဓာတ္ခြဲပစၥည္းေတြျဖစ္တဲ့ Kato Kazt Kits (၃၂၀၀)ခု နဲ႔ Urine Filtration Tests (၃၀၀)ခုကုိ ေထာက္ပံ့ေပးထားျပီး လုိအပ္ရင္ ဆက္လက္ေထာက္ပံ့မႈေတြျပဳလုပ္သြားမယ္လုိ႔ WHO ကသိရပါတယ္။


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs