• Local News
    ကုလသမဂ္ဂ ဝန်ထမ်းတွေကို ရခိုင်ပြည်နယ်ကို ဝင်ပြီး စစ်တမ်းကောက်ခွင့်ပေးပြီ
Hmue Eain Zaw
[Unicode Version]

ကုလသမဂ္ဂရဲ့ ဌာနတွေဖြစ်တဲ့ UNDP နဲ့ UNHCR တို့ ကို ရခိုင်ပြည်နယ်က ရွာတွေကို ကွင်းဆင်းစစ်တမ်းတွေကောက်ယူဖို့အတွက် ခွင့်ပြုလိုက်ပြီဖြစ်တယ်လို့ မြန်မာနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာနက သူတို့ရဲ့ Website ကနေ သတင်းထုတ်ပြန်ပါတယ်။

595d04ef3.jpg

Photo - UNHCR





မြန်မာအစိုးရနဲ့ ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ် (UNDP) နှင့် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR) တို့အကြား ဇွန်လ ၆ ရက်နေ့က လက်မှတ်ရေးထိုးခဲ့တဲ့ နားလည်မှုစာချွန်လွှာ အရ အခုလ သြဂုတ်လ ၉ ရက်နေ့မှာ ခွင့်ပြုပေးလိုက်တာလည်းဖြစ်ပါတယ်။



နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ထုတ်ပြန်ချက်ထဲမှာတော့ ခွင့်ပြုပေးတဲ့ ကုလသမဂ္ဂဌာနက ဝန်ထမ်းတွေဟာ ဘူးသီတောင်မြို့နယ်က ကျေးရွာ ၁၂ ရွာနဲ့ မောင်တောမြို့နယ်ထဲက ကျေးရွာ၊ အားလုံးပေါင်း ကျေးရွာ ၂၃ ရွာကို သွားခွင့်ရမှာဖြစ်ပါတယ်။



ခုအခြေအနေကို နိုင်ငံခြားရေးဝန်ကြီးဌာနကနေ အလုပ်သမား၊ လူဝင်မှုနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနကို အကြောင်းကြားထားပြီဖြစ်ပြီး သွားလာဝင်ခွင့်နဲ့ပတ်သက်တာတွေ စီစဉ်ပေးဖို့ ပြောထားတယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။

[Zawgyi Version]


Photo - UNHCR













ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs